Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

မဟာစည်အပြည်ပြည်ဆိုင်ရာဗုဒ္ဓသာသနာပြုသင်တန်းဌာန၊မဟာဂန္ဓာရုံကျောင်းတိုက်၏၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

 

မဟာစည်အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုသင်တန်းဌာန

မဟာဂန္ဓာရုံကျောင်းတိုက်

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ညှိနှိုင်းအစည်းအဝေး

 

 

ရန်ကုန်မြို့၊ မဟာစည်အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုသင်တန်းဌာန (မဟာဂန္ဓာရုံ ကျောင်းတိုက်) ၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ ပညာသင်နှစ်အတွက် ညှိနှိုင်းအစည်းအဝေးကို ၁၃၈ဝ ပြည့်နှစ်၊ ပထမဝါဆိုလဆန်း (၄)ရက် (၁၆-၆-၂ဝ၁၈) ညနေ(၄)နာရီတွင် မဟာစည်သာသနာ့ရိပ်သာ၊ ပိဋကတိုက်အစည်းအဝေး ခန်းမတွင် ကျင်းပပါသည်။

အစည်းအဝေးသို့ မဟာစည်သာသနာ့ရိပ်သာ၊ နာယကအဖွဲ့ (အကျိုးတော်ဆောင်) ဘဒ္ဒန္တဓမ္မရက္ခိတ (ရှိမ်းမကားဆရာတော်)၊ ဘဒ္ဒန္တတေဇိန္ဒ (ဓမ္မဂုဏ်ရောင်ဆရာတော်) (ကျောင်းအုပ်- အပြည်ပြည်ဆိုင်ရာဗုဒ္ဓသာသနာပြုသင်တန်းဌာန) မဟာဂန္ဓာရုံကျောင်းတိုက်နှင့် မဟာစည်သာသနာ့ ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာတင့်စိုးလင်း၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အမှုဆောင်များနှင့် သင်တန်းကျောင်းမှ ဆရာ/ ဆရာမများ တက်ရောက်ကြပါသည်။

မဟာစည် နာယကအဖွဲ့ (အကျိုးတော်ဆောင်) ဘဒ္ဒန္တဓမ္မရက္ခိတ (ရှိမ်းမကားဆရာတော်)မှ သြဝါဒမိန့်ကြားပါသည်။ ထို့နောက် မဟာစည်အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုသင်တန်းဌာန၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ ကျောင်းအုပ် ဘဒ္ဒန္တတေဇိန္ဒ (ဓမ္မဂုဏ်ရောင်ဆရာတော်)မှ သြဝါဒပေးတော်မူ ပါသည်။

ထို့နောက် မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာတင့်စိုးလင်း က အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုသင်တန်းဌာနနှင့်ပတ်သက်သော အချက်များကို ဆွေးနွေး လျှောက်ထားပြီး သင်တန်းဌာနမှ ဆရာ/ဆရာမများက သိလိုသော အချက်အလက်များကို ဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းပါသည်။