Mahasi Meditation Centre was opened in 1950, with the Most Venerable Mahasi Sayadaw as its Principle Preceptor. The most Venerable Mahasi Sayadaw started the teaching of the Mahasi method of insight in 1947 and taught for 33 years until his death in August, 1982.

The Venerable Mahæsø Sayædaw was one of the very rare personalities in whom there was a balanced and high development of both profound erudition linked with a keen intellect, and deep and advanced meditative experience.

(၂၂-၁၂-၂၀၁၅) မဟစည်ဓမ္မဗိမာန်တောကြီတွင်ကျင်းပပြုလုပ်သော ဓမ္မကထိကအစည်းအဝေး

(၆၆) နှစ်မြောက် မဟာစည်သြ၀ါဒခံယူပူဇော်ပွဲကြီးသို့ကြွရောက်တော်မူလာကြသောဆရာတော်ကြီးများ

1
2
3
4

မဟာစည်သြ၀ါဒါစရိယ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဇဋိလ (သာသနဓဇ သိရီပ၀ရ ဓမ္မစရိယ၊ ၀ိနယပါဠိပါရဂူ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) (Phd.) ၏ အမေရိကန်နိုင်ငံသို့ သာသနာပြုခရီး။ ...(၄)

နယူးဂျာစီ လောကချမ်းသာဓာတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်သို့ သံဃာတော်များနှင့်အတူ

(၂၄-၅-၂၀၁၅) ရက်နေ့တွင် New Jersery English Town မဟာသတိပဋ္ဌာန် ရိပ်သာတွင် တည်ထား တော်မူသော လောကချမ်းသာဓာတ်ပေါင်းစုဆုတောင်းပြည့်စေတီတော်၏ အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်သို့ ကြွရောက်တော်မူပြီး ဆရာတော်ကြီးနှင့်တကွ အခြားပင့်သံဃာတော်များအပါအ၀င် သံဃာတော် အပါး (၅၀)တို့က လောကချမ်းသာစေတီတော်မြတ်ကြီးအား အနေကဇာတင်ခြင်း၊ ပဋ္ဌာန်းဒေသ နာတော်နှင့် မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်း၊ ကြွရောက်လာကြသော ဧည့်ပရိတ် သတ်များမှ သံဃာတော်များအား ၀တ္တုနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူခြင်းတို့ကို ပြုလုပ်ကြပါသည်။ နံနက် (၁၁)နာရီ တွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကြပြီး ဆရာတော်ကြီးမှ အနုမောဒနာတရား ဟောကြားတော် မူပြီး နေ့လည် (၂)နာရီတွင် New Jersery မှပြန်လည်ကြွချီတော်မူရာ ညနေ (၄)နာရီတွင် New Hyde Park မြို့သို့ပြန်လည်ရောက်ရှိကြပါသည်။

ည(၇)နာရီအချိန်တွင် ဆရာတော်ကြီးက တရားဝင်ရန်ရောက်ရှိလာကြသော ယောဂီ(၉)ယောက်နှင့် ဧည့်သည်များအား သီလပေးခြင်း အလုပ်ပေးတရားဟောကြားတော်မူပြီး ယောဂီတို့အား တရားထိုင်စေခြင်း၊ စင်္ကြံလျှောက်စေခြင်းတို့ကို ပြုလုပ်စေကာ ည (၉း၃၀)နာရီတွင်နားကြပါသည်။ နောက်နေ့နံနက် (၄)နာရီမှ စတင်ကာ မဟာစည်သတိပဋ္ဌာန်တရား အားထုတ်နည်းအတိုင်း တရားထိုင်ခြင်း၊ စင်္ကြံလျှောက်ခြင်းတို့ကို တနေ့ (၈)ကြိမ်စီဖြင့် တရားမှတ်စေခြင်း၊ တရားစစ်ခြင်း၊ တရာပြခြင်းတို့ကို မနားမနေပြုလုပ်ခဲ့ပြီး ဇွန်လ (၁)ရက်နေ့ ညနေတွင်တရားဟောကြားပြီး ည(၈)နာရီအချိန်တွင် နယူးယောက်တရားစခန်းကို ပိတ်သိမ်း   ကြပါသည်။

New York မြို့သို့ရောက်ရှိသည့်နေ့မှစ၍ စခမ်းသိမ်းသည့်နေ့အထိ တပည့်ဒါယကာများဖြစ်ကြသော Dr. နိုင်သူလင်းမိသားစု၊ Dr. စံမြင့်မိသားစု၊ ဦးစိန်ဝင်းဦးမိသားစု၊ ဦးသီဟန်မိသားစု၊ Dr. အောင်ဇေယျ၊       Dr. အေးအေးမြင့်၊ Dr. မောင်မောင်စန်းမိသားစု အစရှိသည့် ပုဂ္ဂိုလ်တို့က ဆရာတော်ကြီးအား နေ့စဉ် ဆွမ်းကပ် လှူခြင်း၊ အခြားဝေယျာဝစ္စများဖြင့် ပြုစုခြင်းတို့ဖြင့် ကုသိုလ်ယူစောင့်ရှောက်ကြပါသည်။