Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

ဟိတေသီအဖွဲ့

ဟိတေသီအဖွဲ့

မဟာစည်ဆရာတော်ဘုရားကြီး သာသနာ့ရိပ်သာသို့ ကြွရောက်တော်မူလာပြီး (၁၇) နှစ်ခန့်အကြာတွင် ဆွမ်းကွမ်း ထောက်ပံ့ရေးအတွက် အထူးလိုအပ်လှသဖြင့် ဆရာတော်ဘုရားကြီ၏ သြဝါဒကို ခံယူ၍ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်၏ လမ်းညွှန်မှုဖြင့် ဟိတေသီအဖွဲကို (၅-၄-၆၆) နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

အဖွဲ့၏ရည်ရွယ်ချက်မှာ

၁။       ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး အဓွန့်ရှည်စွာ တည်တန့်ခိုင်မြဲရေး။

၂။       ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သော နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာအကျင့်မှန် တရားတို့ကို ဗုဒ္ဓဘာသာဝင်များ ကာယကံမြောက် ချမ်းချမ်းသာသာ ကျင့်သုံးနိုင်ရေး။

၃။       နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာအကျင့်မှန်တရားတို့ကို ကျင့်ကြံအားထုတ်ကြသော အရိယာလောင်း သူတော်ကောင်းများ ပွားများလာရေး။

၎။       လောကုတ္တရာရေးရာ အတ္တဟိတအကျိုးစီးပွား ပရဟိတ အကျိုးစီးပွားတို့ကို အလွယ်တကူရှာမှီးနိုင်ရေး။

၅။       ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာကြီး စည်ပင်ပြန့်ပွား တိုးတတ်ရေးတို့ဖြစ်ပါသည်။

ဟိတေသီအဖွဲ့၏ လုပ်ငန်းများ

၁။       တရားအားထုတ်သော ယောဂီများအား ဆွမ်းအထောက်အပံ့ပေးခြင်း။

၂။       စနေနေ့တိုင်း ညစဉ်တရားပွဲကျင်းပခြင်း။

၃။       ယောဂီများကျန်းမာမှုအတွက် တိုင်းရင်းသမားတော်များဖြင့် အခမဲ့ဆေးကုသပေးခြင်း။

၎။       နှစ်စဉ် ထမနဲပွပြုလုပ်ခြင်း။

၅။       သက်ကြီးပူဇော်ပွဲပြုလုပ်ခြင်း။

၆။       မဟာစည်ဆရာတော်ဘုရားကြီးရေးသားပြုစုသော ကျမ်းစာအုပ်များရောင်းချဖြန့်ဖြူးခြင်း။

ဟိတေသီအဖွဲ့တွင် ရာသက်ပန်အဖွဲ့ဝင်ပေါင်း (၂၅၀၀၀) ကျော်ဖြင့် ဖွဲ့စည်းထားပြီး နာယကကြီးများ အဖွဲ့တွင် (၅) ဦး၊ ဂုဏ်ထူးဆောင်အဖွဲ့တွင် (၁၀) ဦး၊ အလုပ်အမှုဆောင် (၇)ဦး၊ အမှုဆောင် (၁၄) ဦး၊ အရန်အမှူဆောင် (၁၃) ဦးဖြင့်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

ဟိတေသီအဖွဲ့၏ရုံးသည် မဟာစည်ရိပ်သာအတွင်းတွင် တည်ရှိပြီး ဖုန်း - ၀၁- ၅၅၁၄၇၂ ဖြင့် ဆက်သွယ်နိုင်ပါသည်။