Mahasi Meditation Centre was opened in 1950, with the Most Venerable Mahasi Sayadaw as its Principle Preceptor. The most Venerable Mahasi Sayadaw started the teaching of the Mahasi method of insight in 1947 and taught for 33 years until his death in August, 1982.

The Venerable Mahæsø Sayædaw was one of the very rare personalities in whom there was a balanced and high development of both profound erudition linked with a keen intellect, and deep and advanced meditative experience.

(၂၂-၁၂-၂၀၁၅) မဟစည်ဓမ္မဗိမာန်တောကြီတွင်ကျင်းပပြုလုပ်သော ဓမ္မကထိကအစည်းအဝေး

(၆၆) နှစ်မြောက် မဟာစည်သြ၀ါဒခံယူပူဇော်ပွဲကြီးသို့ကြွရောက်တော်မူလာကြသောဆရာတော်ကြီးများ

1
2
3
4

မဟာစည်သြ၀ါဒါစရိယ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဇဋိလ (သာသနဓဇ သိရီပ၀ရ ဓမ္မစရိယ၊ ၀ိနယပါဠိပါရဂူ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) (Phd.) ၏ အမေရိကန်နိုင်ငံသို့ သာသနာပြုခရီး။ ...(၆)

Orlardo မြို့ရှိ ဦးမျိုးညွှန့်+ဒေါ်ရွှေတိုးတို့၏ နေအိမ်၌ ဒါယိကာ၊ ဒါယိကမများနှင့်အတူ

Florida မှ ဆရာတော်၏ တပည့်များဖြစ်ကြသော ဦးမျိုးညွန့်+ဒေါ်ရွှေတိုးတို့ ဦးဆောင်သော အဖွဲ့မှ ပင့်ဖိတ်ချက်အရ ဇွန်လ (၁၃)ရက်နေ့တွင် Washington, Dulles လေဆိပ်မှ Florida Orlando မြို့သို့ Frontier Airline လေယာဉ်ဖြင့် ကြွချီတော်မူခဲ့ရာ ည(၈း၀၀)နာရီတွင် Orlando လေဆိပ်သို့ ရောက်ရှိ ကြပါသည်။ Orlando လေဆိပ်တွင် ဦးရွှေတိုး၊ ဦးစိန်ကျော်၊ ဒေါက်တာစုစုဟန်ခင်နှင့် အခြားတပည့် ဒါယကာ ဒါယိကာမ များက လာရောက်ကြိုဆိုပင့်ဆောင်ကြပြီး၊ မြိ့တွင်းရှိ Embassy Suite Hotel တွင် ဆရာတော်နှင့်ဖွဲ့အား Suite Room တွင် တည်းခိုစေပါသည်။ (၁၄-၆-၂၀၁၅) နေ့၏ အာရုဏ်ဆွမ်းနှင့် နေ့ဆွမ်းတို့ကို ဒေါ်ရွှေတိုး၏ နေအိမ်တွင် ကပ်လှူကြပြီး၊ ညနေ (၃း၀၀)နာရီတွင် Florida Lakeland မြို့ 1445 Duff Road ရှိ ဗောဓိမဏ္ဍိုင် ဓမ္မရိပ်သာသို့ ဒေါက်တာနီနီခင်က ဆရာတော်အား ပင့်ဆောင်ခဲ့ပါ သည်။ ထိုကျောင်းမှ ဆရာတော် ဦးတိက္ခနှင့် အနုဂ္ဂဟအဖွဲ့ဒေါက်တာနီနီခင်နှင့် အဖွဲ့ဝင်များက ဆရာတော်အား ကြိုဆိုနေကြပါသည်။ ညနေ (၅း၀၀)နာရီတွင် ကြွရောက်လာကြသော ယောဂီအပေါင်းတို့က       ဆရာတော်အား တရားဓမ္မနှင့်ပတ်သက်၍ ၎င်းတို့သိလိုသည်များကို မေးမြန်းကြရာ ဆရာတော်က အသေးစိပ်ဖြေကြား ပေးခြင်းများ ပြုလုပ်ပေးပြီး  ခေတ္တနားကာ ည(၇)နာရီတွင် ဆရာတော်က တရားဓမ္မ         ဟောကြားတော်မူပြီး ည(၉)နာရီတွင် ၎င်းကျောင်းမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။ ဒေါက်တာ ဒေါ်လေးလေးခင်နှင့် ဒေါက်တာ ဦးမောင်မောင်ခင်၊ မောင်နှမ၏ ပင့်ဖိတ်မှုကြောင့် ထိုနေ့ညတွင် ၎င်းတို့၏ နေအိမ်သို့ ခေတ္တကြွပြီး Hotel သို့ ည(၁၂)နာရီခန့် တွင် ပြန်ရောက်ရှိကြပါသည်။

(၁၅-၆-၂၀၁၅)နေ့ နံနက်(၆)နာရီတွင် ဦးမျိုးညွန့်၊ ဒေါ်ရွှေတိုးတို့က Hotel အခန်းတွင် အရုဏ်ဆွမ်း ကပ်လှူ ကြပြီး နေ့ဆွမ်းကိုလည်း ဒေါ်ရွှေတိုးအိမ်တွင် ကပ်လှူပါသည်။ ညနေ (၃း၂၀) အချိန် တွင် United Airline ဖြင့် Washington သို့ပြန်လည်ကြွရောက်ပြီး Dulles လေဆိပ်သို့ ညနေ (၅း၄၀) နာရီတွင် ပြန်လည် ရောက်ရှိကြပါသည်။ လေဆိပ်တွင် Ashin Pasado တို့အဖွဲ့က လာရောက်ကြိုဆိုကြပြီး Virginia, Bealeton ရှိ ၎င်းတို့ကျောင်းသို့ ပြန်လည်ပင့်ဆောင်သွားကြပါသည်။

(၁၆-၆-၂၀၁၅) နေ့တွင် Ashin Pasado က ဆရာတော်အား မော်တော်ယာဉ်ဖြင့် North Carolina  ပြည်နယ်၊ Charlotte မြို့ရှိ Phuoc Hai Pagoda ကျောင်းသို့ ပင့်ဆောင်သွားကြပြီး နေ့လည်တွင် Virgina သို့  ပြန်လာကြရာ ညနေ (၇း၃၀) နာရီတွင် ပြန်ရောက်ကြပါသည်။