Mahasi Meditation Centre was opened in 1950, with the Most Venerable Mahasi Sayadaw as its Principle Preceptor. The most Venerable Mahasi Sayadaw started the teaching of the Mahasi method of insight in 1947 and taught for 33 years until his death in August, 1982.

The Venerable Mahæsø Sayædaw was one of the very rare personalities in whom there was a balanced and high development of both profound erudition linked with a keen intellect, and deep and advanced meditative experience.

(၂၂-၁၂-၂၀၁၅) မဟစည်ဓမ္မဗိမာန်တောကြီတွင်ကျင်းပပြုလုပ်သော ဓမ္မကထိကအစည်းအဝေး

(၆၆) နှစ်မြောက် မဟာစည်သြ၀ါဒခံယူပူဇော်ပွဲကြီးသို့ကြွရောက်တော်မူလာကြသောဆရာတော်ကြီးများ

1
2
3
4

မဟာစည်သာသနာ့ရိပ်သာကြီး၌ သံဃာတော်များဝါကပ်ပွဲ

မဟာစည်သြ၀ါဒါစရိယ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဇဋိလ

(သာသနဓဇ သိရီပ၀ရ ဓမ္မစရိယ၊ ၀ိနယပါဠိပါရဂူ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) (Phd.)
နေပြည်တော်-ပျဉ်မနား ဆရာတော်ကြီးမှဝါဆို-၀ါကပ် တရားစခန်းဝင်ကြသော သံဃာတော်နှင့်ယောဂီများအားသြ၀ါဒပေးနေစဉ်။

မဟာစည်ရိပ်သာကြီးအတွင်းရှိ ဆရာတော်၊ သံဃာတော်များ ၀ါကပ်ပွဲကို ဖလ်ယဉ်ဓမ္မာရုံတွင် ၁၃၇၇-ခုနှစ်၊ သြဂုတ်လ(၁)ရက် စနေနေ့တွင် ကျင်းပပြုလုပ်ပါသည်။ ၀ါကပ်ပွဲသို့သြ၀ါဒါစရိယဆရာတော်ကြီးနှင့် နာယကဆရာတော်များ၊ ယောဂီများ၊ နိုင်ငံခြားသား ယောဂီများ တက်ရောက်ကြပါသည်။

ထို့နောက် ဆရာတော်သံဃာတော်များက မေတ္တာသုတ်ရွတ်ဆိုပူဇော်ပါသည်။ ထို့နောက် ၀ါဆိုဝါကပ်တော် မူကြပြီး ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဇဋိလ (သာသနဓဇ သိရီပ၀ရ ဓမ္မာစရိယ၊ ၀ိနယပါဠိပါရဂူ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ) (Ph.D)က ၀ါဆို-၀ါကပ် တရားစခန်းဝင် သံဃာတော်များနှင့် အမျိုးသား၊ အမျိုးသမီးများအား သြ၀ါဒစကား ချီးမြှင့်ပါသည်။

 

ရဟန်းသံဃာတော်များ မေတ္တာသုတ်ရွတ်ဖတ်ပူဇော်နေစဉ်။

မဟာစည်သာသနာ့ရိပ်သာကြီးသို့ တရားစခန်းဝင်လာကြသော သံဃာတော်များနှင့် အမျိုးသား၊ အမျိုးသမီး ယောဂီများ စိတ်အေးချမ်းသာစွာ တရားအားထုတ်နိုင်ရန် ဆောင်ရွက်ထားကြောင်း၊ စားရေး၊ နေရေးအတွက် အဖွဲ့ကြီး (၃)ဖွဲ့မှ တာဝန်ယူထားကြောင်း၊ ၀ါဝင်-၀ါထွက်တွင် သင်္ကန်းတစ်စုံစီ လှူဒါန်းပါသည်။

ရိပ်သာပြင်ပသို့ကြွရာတွင် သင်္ကန်းရုံပီးကြွရန်နှင့် သက်ဆိုင်ရာ အဆောင်မှူးများသို့ အကြောင်းကြားရမည် ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး သင့်တင့်စွာနေထိုင်၍  တရားအားထုတ်ကြရန် မိန့်ကြားပါသည်။

ထို့နောက် ကြွရောက်လာကြသော ဆရာတော် သံဃာတော်များ၊ ယောဂီများနှင့် ဥပုသ်သည်များအား (ဦးမြမောင်) + သီဟသုဓမ္မသိင်္ဂီ(လူမှုထူးချွန်-ပထမဆင့်) ဒေါ်ကြင်ဥ (နာယကကြီး-အမျိုးသမီး ယောဂီစောင့်ရှောက် ရေးအဖွဲ့) ဦးခင်မောင်ကြည်+သုဓမ္မသိင်္ဂီ သီဟသုဓမ္မသိင်္ဂီ ဒေါ်ကြင်မြင့်၊ သားကြီးကိုပြည့်ဖြိုးမောင်+ မသိမ့်သိမ့်အောင်၊ သားလတ်ကိုအောင်ဖြိုးမောင်၊ သားငယ်-ကိုကောင်းဖြိုးမောင်၊ မြေးဦးလေး-မောင်ရှိုင်းခန့်ထည် ရက်(၁၀၀)ပြည့် မွေးနေ့နှင့် အမည်ပေးကင်ပွန်းတပ်အလှူမင်္ဂလာ အထိမ်းအမှတ်အဖြစ်  SH3A/3B မြကန်သာအိမ်ယာ ယုဇနလမ်း၊ လှိုင်မြို့နယ်က လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းဆက်ကပ်ပါသည်။

 

အလှူရှင်မိသားစုတို့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းနေစဉ်။