Mahasi Meditation Centre was opened in 1950, with the Most Venerable Mahasi Sayadaw as its Principle Preceptor. The most Venerable Mahasi Sayadaw started the teaching of the Mahasi method of insight in 1947 and taught for 33 years until his death in August, 1982.
Women Association
အမျိုးသမီးယောဂီစောင့်ရှောက်ရေးအဖွဲ့ကို ဆရာတော်ကြီး၏ လမ်းညွှန်သြ၀ါဒတော်ဖြင့် ၁၉၇၈ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်၏ လမ်းညွှန်ဦးဆောင်မှုအောက်တွင် သံဃာတော်များ၊ အမျိုးသားများ၊ အမျိုးသမီးယောဂီအပေါင်း၊ ဆွမ်းကွမ်းဝေယျာဝစ္စ၊ ကျောင်း၊ ဆေး၊ သင်္ကန်း စသည့် ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့နိုင်ရေးတွင် ဆောင်ရွက်လျက်ရှိပါသည်။
အမျိုးသမီးယောဂီစောင့်ရှောက်ရေးအဖွဲ့၏ အဓိကလုပ်ငန်းတာဝန်များမှာ-
၁။ ဘဏ္ဍာငွေရှာဖွေရေး
၂။ ဧည့်ခံကျွေးမွေးရေး၊
၃။ ဆွမ်းကျောင်းဝေယျာဝစ္စဆောင်ရွက်ရေး၊
၎။ ပွဲတော်ရက်များတွင် နုဂ္ဂဟအဖွဲ့၏ လမ်းညွှန်မှုဖြင့်ဆောင်ရွက်ရေး
၅။ ဆရာတော်ဘုရားကြီး ရေးသားပြုစုသော ကျမ်းစာအုပ်များ ရောင်းချဖြန့်ဖြူးရေးတို့ဖြစ်ပါသည်။
အဖွဲ့တွင် အသင်းဝင်ပေါင်း (၃၄၄၆) ဦးရှိ၍ စည်းမျဉ်းစည်းကမ်း ဥပဒေအရ ဖွဲ့စည်းဆောင်ရွက်ရာတွင် နာယကအဖွဲ့ဝင် (၁၂) ဦး၊ ဂုဏ်ထူးဆောင် (၂) ဦး၊ အမှုဆောင် (၂၇)ဦး၊ အရန်အမှုဆောင် (၃၉) ဦး တို့ဖြင့် ဖွဲ့စည်း၍ လုပ်ငန်းများကို-
၁။ အမျိုးသမီးယောဂီများ စီစစ်လက်ခံ၍နေရာချထားရေးနှင့် ပြန်ကြားရေးအဖွဲ့ငယ်
၂။ ယောဂီများအား လမ်းညွှန်ကူညီရေးအဖွဲ့ငယ်
၃။ ကျန်းမာသန့်ရှင်းရေး အဖွဲ့ငယ်
၎။ ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ငယ်
၅။ ဆွမ်းကွမ်းဝေယျာဝစ္စအဖွဲ့ငယ်
အမျိုးသမီးယောဂီစောင့်ရှောက်ရေးအဖွဲ့၏ ရုံးခန်းသည် မဟာစည်သာသနာ့ရိပ်သာတွင်တည်ရှိပြီး ဖုန်း ၀၁- ၅၄၅၄၆၉ ဖြင့် ဆက်သွယ်နိုင်ပါသည်။