ကျေးဇူးတော်ရှင် မင်းကွန်းအလယ်တောရဆရာတော်ဘုရားကြီး

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

စင်စစ် သီးလုံးဆရာတော်ကြီး၏ အားထုတ်ပုံတို့သည် ကျမ်းဂန်စာပေအနေအားဖြင့် ထင်ရှားမကျန်ရစ် ခဲ့သော်လည်း လက်တွေ့ကျင့်သုံးအပ်သော အပ္ပမာဒပဋိပတ် သတိပဋ္ဌာန်နည်းတို့သည်ကား တပည့်အနွယ် အစဉ်အဆက်တို့ လက်ဆင့်ကမ်းအားထုတ် တော်မူခဲ့ကြခြင်းဖြင့် ယနေ့တိုင် ထင်ရှားလျက်ရှိလေသည်။

မင်းကွန်းအလယ်တောရဆရာတော်ကြီး ဦးမဉ္ဇူသာသည် ကျောင်းသားဘဝ ငယ်စဉ်မှစ၍ သီးလုံးဆရာတော် ဘုရားကြီး၏ နောက်ပါ ထံနီးမကွာနေလာခဲ့ရသော တပည့်ရင်းချာဖြစ်သည့်အတိုင်း ဆရာဖြစ်သူ၏ နည်းနာနယသို့လိုက်ကာ အပ္ပမာဒ တရားဖြင့်သာ နေ့ညမကွာ နေထိုင်တော်မူခဲ့လေသည်။