ဗြဟ္မဝိဟာရတရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

test

ဗြဟ္မဝိဟာရတရားတော်

Published Date - 1977

Author By - မဟာစည်ဆရာတော်ဘုရားကြီး

459 စာမျက်နှာ

ဤတရားတော်ကျမ်းစာ ဖြစ်ပေါ်လာပုံ

 

ဤဗြဟ္မဝိဟာရတရားတော်ကို ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီး၌ ၁၃၂၇-ခုနှစ်ဝါဆိုလပြည့်နေ့မှစ၍သီတင်းနေ့များတွင် ၁၆-ကြိမ်တိုင်တိုင် ဟောကြားတော်မူခဲ့ပေသည်၊ တန်ဆောင်မုန်းလကွယ်နေ့မှာ နိဂုံးအရောက် ပြီးမြောက်စေခဲ့ပေသည်။

ထိုသို့ဟောစဉ်မှာ တစ်ချိန်က ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်ကြီး၏ အတွင်းရေးမှုးဖြစ်ခဲ့၍ ယခုအခါအလုပ် အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သော ဦးသိန်းအောင်က တိပ်ရကော်ဒါဖြင့် အသံဖမ်းယူထားခဲ့သည်။ ယင်းတရားသံကို တိပ်ခွေမှထုတ်၍ လက်ရေးဖြင့် လည်းကောင်း၊ လက်နှိပ်စက်ဖြင့် လည်းကောင်း၊ ရေးကူးရိုက်နှိပ်၍ ကျမ်းစာ မူကြမ်းအဖြစ် ပြုစုခဲ့ပြီးနောက် ယင်းစာမူကြမ်းကို အခွင့်သာသောအခါ စီစစ်၍ မူချောအဖြစ် ပြုပြင်ပေးရန် ကျေးဇူးရှင် ဆရာတော်ဘုရား ကြီးထံ၌အပ်နှံ့ထားခဲ့၏။

သို့သော်လည်း ထိုအချိန်ကာလများက ဓမ္မစကြာတရားတော်ကြီး စသည်တို့ကို စိစစ်ပြုပြင်နေရဆဲ ဖြစ်၍ အခွင့်မသာသောကြောင့် ယင်းစာမူကြမ်းကို စိစစ် မြုပပြင်နိုင်ဘဲ ရှိနေခဲ့ပါသည်။ ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် ၁၃၃၈-ခုနှစ်၊ တော်သလင်းလပြည့်ကျော် -ရက်နေ့ကစ၍ အခွင့်သာသောအခါတိုင်း ယင်းစာမူကြမ်းကို စိစစ်ပြုပြင်တော် မူခဲ့ပါသည်၊ တပို့တွဲလဆန်း -ရက်နေ့မှာ စိစစ်ပြုပြင်၍ ပြီးကြောင်း သိရပါသည်။

၁၃၃၈-ခုနှစ် ပြာသိုလပြည့်ကျော် -ရက်နေ့၌ ဤစာရေးသူအား လက်ဦးရှုဖွယ် နိဒါန်းရေးရန် မိန့်ကြား တော် မူပြီးလျှင် စိစစ်ပြီးသမျှ စာမူချောကို အပ်နှင်းတော် မူလိုက်ပါသည်။

လက်နှိပ်စက်ဖြင့်၇-မျက်နှာသာ ရိုက်ရန်လိုတော့သည်ဟူ၍လည်း မိန့်ကြားတော်မူလိုက်ပါသေးသည်၊ ယင်းမိန့်ကြားတော်မူချက်အရ လက်ဦးရှုဖွယ်ခေါ် ဤနိဒါန်းကို ရေးသား၍ ဆရာတော်ဘုရားကြီးထံ ဆက်ကပ် လိုက်ရပါသည်။ ဤဗြဟ္မဝိဟာရ တရားတော်ကို ဖတ်ရှုကြပြီးလျှင် သူတော်စင်အများ ဝမ်းမြောက်ကြမည့် အရေးကို မျှော်တွေးကာ ကြည်နူးလျက်လက်ဦးရှုဖွယ် နိဒါန်းကို နိဂုံးချုပ်လိုက်ပါသည်။ ကျန်းမာချမ်းသာကြပါစေ။

 

 

ဦးကုဏ္ဍလ

အဘိဓမ္မ ပါဠိပါရဂူ

နာယက, ကမ္မဋ္ဌာနာစရိယ

မဟာစည် သာသနာ့ရိပ်သာ

တာငါးဆယ်ရပ်၊ ဟင်္သာတမြို့။

၁၃၃၈-ခုနှစ်၊

တပေါင်းလဆန်း -ရက်။

၁၈--၁၉၇၇