မဟာစည်ဆရာတော်ကြီးနှင့် ဆဋ္ဌသင်္ဂါယနာ၊ အနုဆဋ္ဌသင်္ဂါယနာ

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီးကို ပါဠိတော်သင်္ဂါယနာ, အဋ္ဌကထာ သင်္ဂါယနာ, ဋီကာသင်္ဂါယနာဟူ၍ ကျင်းပတော်မူခဲ့ရာ ပါဠိတော်သင်္ဂါယနာကို ၁၃၁၆-ခုနှစ် ကဆုန်လပြည့်နေ့တွင် စတင်ဖွင့်လှစ် သင်္ဂါယနာ တင်တော်မူရာ ၁၃၁၈-ခုနှစ်၊ ကဆုန်လဆန်း ၁၀-ရက်နေ့တွင် ပြီးဆုံးခဲ့လေသည်။ သင်္ဂါယနာတင်အောင်ပွဲ အထိမ်းအမှတ် သာသနာ ၂၅၀ဝ-ပြည့်အောင်ပွဲကို ၁၃၁၈-ခုနှစ် ကဆုန်လဆန်း ၁၂-ရက်မှ ကဆုန်လပြည့်ကျော် ၃-ရက်နေ့အထိ ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌ကျင်းပခဲ့ကြသည်။

သံဃမဟာနာယကဥက္ကဋ္ဌအဖြစ် အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်းဆရာတော် ဘုရားကြီး အရှင်ရေဝတထေရ်(၁၂၃၅-၁၃၁၆) ဆောင်ရွက်တော်မူသည်။ ၁၃၁၆-၌ ညောင်ရမ်းဆရာတော်ကြီး လွန်တော်မူသောအခါ အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ဘုရားကြီး အရှင်သူရိယထေရ်(၁၂၄၁-၁၃၃၇)က သံဃမဟာနာယက ဥက္ကဋ္ဌအဖြစ် ဆက်လက်ဆောင်ရွက်တော်မူသည်။

အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် အရှင်သောဘနက ပုစ္ဆကအဖြစ် လည်းကောင်း၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင်ဝိစိတ္တသာရာဘိဝံသဆရာတော် (၁၂၇၃-၁၃၅၄)က ဝိဿဇ္ဇကအဖြစ်လည်းကောင်း ဆောင်ရွက်တော်မူခဲ့ကြသည်။ အတိုင်အဖောက်ညီသော ဆရာတော်များဖြစ်ကြ၍ လွန်စွာအဆင်ပြေလှ သည်။

သင်္ဂါယနာဂုဏ်နှင့် လိုက်လျောအောင်ပင် ပါဠိတော်သင်္ဂါယနာ ပြီးဆုံးသည့်တိုင်အောင် ၂-နှစ်ပတ်လုံး ဤဆရာတော် ၂-ပါးသာ ပုစ္ဆက၊ ဝိသဇ္ဇကအဖြစ်ဖြင့် သင်္ဂါယနာတင် မဟာဓမ္မသဘင်ကြီးကို ခမ်းခမ်းနားနားဖြစ်အောင် ဆောင်ရွက်တော်မူခဲ့ကြလေသည်။

သာသနာ ၂၅၀၀-ပြည့်အထိမ်းအမှတ်အဖြစ် ၁၃၁၈-ခု နယုန်လဆုတ် ၅-ရက် နေ့တွင် အနုဆဋ္ဌသင်္ဂါယနာ တင်ပွဲသဘင်ကို ညောင်ရွှေမြို့ ဂန္ဓကုဋီအုဌ်ကျောင်းတော် ကြီး၌ကျင်းပပြုလုပ်ခဲ့ရာ ပခုက္ကူမြို့ မဟာဝိသုတာရာမဆရာတော်ကြီးက သံဃနာယက အဖြစ်လည်းကောင်း၊ ရန်ကုန်မြို့ ဗားကရာတောရ အဂ္ဂမဟာပဏ္ဍိတ အရှင်နာဂဝံသထေရ်က ပုစ္ဆကအဖြစ်လည်းကောင်း၊ အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်က ဝိဿဇ္ဇကအဖြစ်လည်းကောင်း၊ ဆောင်ရွက်တော်မူခဲ့ကြပြီး သံဃာတော် ၁၅၀၀ ကျော် တရားအမွေခံ ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီးတို့သည် သုံးဖြာသော ပိဋကတ်တော် များကို အကျဉ်းအားဖြင့် ညီညာပေါင်းစု ရွတ်ဆို၍ သင်္ဂါယနာတင်တော်မူခဲ့ကြလေသည်။