ချီးမြှောက်သင့်သော ပညာရှိပုဂ္ဂိုလ်များကို ချီးမြှောက်တော်မူခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

“အမေရိကန်နိုင်ငံ ဟားဗဒ်တက္ကသိုလ်မှ ပုံနှိပ်ထုတ်ဝေသော ဝိသုဒ္ဓိမဂ်စာအုပ်ကြီးတွင် ဓမ္မာနန္ဒကောသမ္ဗီ၏နိဒါန်း၌ အဋ္ဌကထာကျမ်းပြု အရှင်မဟာဗုဒ္ဓဃောသ မထေရ်ကို မတရားစွပ်စွဲပုတ်ခတ်၍ ရေးသားထားသည်။ ထို့အတွက် ၁၃၁၉-ခုနှစ်တွင် ကမ္ဘာအေး၌ ဝန်ဆောင်သံဃာအဖွဲ့ အစည်းအဝေးတစ်ခု ကျင်းပ၍ ဓမ္မာနန္ဒကောသမ္ဗီ၏ စွပ်စွဲချက်များကိုချေပလျက် အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်၏ စစ်မှန်သော ဂုဏ်သတ္တိတို့ကို ပေါ်လွင်စေသော ဝိသုဒ္ဓိမဂ်နိဒါန်းရေးသားရန်ဆုံးဖြတ်၍ ထိုသို့ရေးသားသည့်တာဝန်ကို အနီးစခန်းဆရာတော်၊ မဟာစည်ဆရာတော်၊ အရှင်ဝိစိတ္တသာရာ ဘိဝံသဆရာတော်နှင့် အရှင်သီလာနန္ဒဘိဝံသတို့အား တာဝန်လွှဲအပ်ရန် တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။ ထို့နောက် နိဒါန်းရေးအဖွဲ့ဝင်ဆရာတော် ၃-ပါးတို့လည်း မဟာစည်ဆရာတော်အား နိဒါန်းမူကြမ်းရေးသားရန် တာဝန်လွှဲအပ်ကြသည်။

မဟာစည်ဆရာတော်သည် သက်ဆိုင်ရာ ပါဠိ, အဋ္ဌကထာ, ဋီကာတို့ကို လည်းကောင်း၊ သာသနာ့သမိုင်းဆိုင်ရာ ဒီပဝင်, မဟာဝင်, စူဠဝင်, နိကာယ, သင်္ဂဟ စသောကျမ်းတို့ကိုလည်းကောင်း၊ ဤနိဒါန်းနှင့်သက်ဆိုင်မည့် ရှေးဟောင်းသုတေသနဆိုင်ရာ ရေးသားချက်တို့ကိုလည်းကောင်း၊ များစွာသော အင်္ဂလိပ်ဘာသာရေးကျမ်း တို့ကိုလည်းကောင်း၊ အထပ်ထပ်ကြည့်ရှုစိစစ်လေ့လာ၍ အချိန်ယူကာ ရေးသားတော်မူလေသည်။ ထို့နောက် နိဒါန်းပြုစုရေးအဖွဲ့သို့ တင်ပြတော်မူသည်။ နိဒါန်းမူကြမ်းမှာ အလွန်ပြည့်စုံနေပြီဖြစ်ရာ ပြင်ဆင်နုတ်ပယ် ဖြည့်စွက်ဖွယ်မရှိဖြစ်၍ ဆရာတော် ရေးသားတော်မူသည့်အတိုင်းပင် အတည်ပြုလိုက်ကြလေသည်။

ဆရာတော်သည် ဤမျှဖြင့်ကျေနပ်တော်မမူသေးဘဲ ပါဠိအရေးအသားတွင် နာမည်ကြီးလှသည့် သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသထံသို့ပို့၍ လိုအပ်သည်များကိုပြင်ဆင်၍ အနုဂီတိဂါထာများပါ ရေးသားပေးပါရန် တိုက်တွန်းခဲ့လေသည်။ သပြေကန်ဆရာတော်သည် နိဒါန်းမူကြမ်းကိုဖတ်ရသောအခါ ပြင်စရာဟူ၍လည်း မတွေ့ရ၊ ဝမ်းမြောက်ဝမ်းသာလှသဖြင့် အထူးရွှင်ပြသွက်လက်သောဉာဏ်ဖြင့် အနုဂီတိဂါထာပေါင်း ၇၄-ဂါထာမျှ ရေးသားတော်မူခဲ့လေသည်။”

ဤသို့ ဆရာတော်ဘုရားကြီးသည် မိမိထက်သက်တော် ၆-နှစ်မျှငယ်သော်လည်း သပြေကန် ဆရာတော်ကြီးအား အထူးချီးမြှောက်တော်မူခဲ့လေသည်။ ဤ ဝိသုဒ္ဓိမဂ္ဂနိဒါနကထာဖြင့် မျက်မှောက်ခေတ် မြန်မာနိုင်ငံတွင် အရှင်မဟာဗုဒ္ဓဃောသဆရာတော်တို့ ရေးမူရေးဟန်ကိုမီအောင် ရေးစွမ်းနိုင်သော ပုဂ္ဂိုလ်များ ထင်ရှားရှိကြောင်း ကြေညာပြီးဖြစ်လေသည်။ ပိဋကတ်ကျမ်းသက်သက်မျှသာမက သမိုင်းဆိုင်ရာ, အယူဝါဒဆိုင်ရာ ကျမ်းတို့၌လည်း ကျွမ်းကျင်ခြင်း၊ မည်သည့်အယူအဆမဆို သမာသမတ်စိတ်ထားဖြင့် ဝေဖန်စိစစ်နိုင်ခြင်း စသည်တို့ကြောင့်ပင် ဝိသုဒ္ဓိမဂ္ဂနိဒါနကထာကို အိန္ဒိယနိုင်ငံရှိ ပါဠိပညာရှင်တို့ကပင် ချီးကျူးစကား ပြောကြားကြလေသည်။

ဝေဘူဆရာတော်ဘုရားကြီး၊ မဟာစည်ဆရာတော်ဘုရားကြီးနှင့် ဆားတောင်ဆရာတော်ဘုရားကြီးတို့၏ တွေ့ဆုံမှု

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

၁။ ဝေဘူဆရာတော်ဘုရားကြီးက မိန့်ဖူးခြင်း

ဝေဘူဆရာတော်ဘုရားကြီး(၁၂၅၇-၁၃၃၉) သက်တော်ထင်ရှားရှိတော်မူစဉ်က ဆားတောင်ဆရာတော်ကြီး (၁၂၈၇-၁၃၆၉)၏သာဝကတစ်စုသည် ဝေဘူဆရာတော်ကြီး ကျောက်ဆည် ဝေဘူတောင်မှာ သီတင်းသုံးတော်မူစဉ် သွားရောက်ဖူးမြော်ကြပါသည်။ ထိုအချိန်မှာ ဆရာတော်ကြီး အနားယူချိန်ဖြစ်သဖြင့် ဆရာတော်ကြီးသီတင်းသုံးရာ ကျောင်းတိုက်၏ အပြင်ဖက်တံခါးအနီးကနေ ဖူးမြော်ကန်တော့နေကြရပါသည်။

ထိုအခိုက် တံခါးဖွင့်သံကြားရပြီး ဝေဘူဆရာတော်ဘုရားကြီးအား ဖူးတွေ့ကြရ ပါသည်။ ဝေဘူဆရာတော်ဘုရားကြီးက “ဒါယကာကြီးတို့က ဘယ်ကတုန်းဗျ”ဟု မိန့်ရာ “တပည့်တော်တို့က ဆားတောင်ဆရာတော်ဘုရားကြီးရဲ့ တပည့်တွေပါဘုရား” ဟုလျှောက်ကြရာ ဝေဘူဆရာတော်ဘုရားကြီးက “သြော်- ဒါယကာကြီးတို့က ဝီရိယ အရှင်သခင်ရဲ့ တပည့်တွေကိုးဗျ”ဟု မိန့်တော်မူပါသည်။ ထို့နောက် “တပည့်တော်တို့ ဆရာတော်ဘုရားကြီး ရဟန်းကိစ္စပြီးပါပြီလား” ဟုလျှောက်ကြရာ “ဒါယကာကြီးတို့ရဲ့ ဆရာတော် ရဟန်းကိစ္စပြီးပါပြီဗျာ၊ ဒါယကာကြီးတို့ အရတော်ပါပေ့ဗျာ၊ ကံထူးကြ ပါပေ့ဗျာ”ဟု ဝေဘူဆရာတော်ဘုရားကြီးက မိန့်တော်မူပါသည်။ “အရှင်ဘုရားရော ရဟန်းကိစ္စပြီးပါပြီလား” ဟုလျှောက်ကြရာ “ကျုပ်ကတော့ လျှောက်ဆဲပါဗျာ” ဟု မိန့်တော်မူပါသည်။

ဤအကြောင်းအရာတွေကို ဆားတောင်ဆရာတော်ဘုရားကြီးအား ပြန်လည် လျှောက်ထားကြပြီး “ဝေဘူဆရာတော်ဘုရားကြီး ရဟန်းကိစ္စပြီးပါပြီလား”ဟု လျှောက် ကြရာ ဆားတောင်ဆရာတော်ဘုရားကြီးက “ဆရာတော်ကြီး ရဟန်းကိစ္စ ပြီးပါပြီ” ဟု မိန့်တော်မူပါသည်။ “အရှင်ဘုရားရော ရဟန်းကိစ္စပြီးပါပြီလား”ဟု လျှောက်ထား မေးမြန်းကြရာ ဆားတောင်းဆရာကြီးက “ကျုပ်ကတော့ လျှောက်ဆဲပါ”ဟု မိန့်ကြား တော်မူပါသည်။ သြော်- မြတ်စွာဘုရား၏ ဝိနည်းတော်ကို လေးစားကြည်ညိုကြသည် အရှင်မြတ်ကြီးတို့၏ ပြောဆိုမိန့်ကြားပုံမှာ အတုယူဖွယ်ရာ ဖြစ်ပါသည်။

၂။ မဟာစည်ဆရာတော်ဘုရားကြီး ပရိနိဗ္ဗာန်ပြုသွားသည်ဟု မိန့်မြွက်ခြင်း

ဒကာကြီးတစ်ယောက်သည် ဆားတောင်ဆရာတော်ဘုရားကြီး သီတင်းသုံးရာ (အဲဒီအချိန်အခါက) စဉ့်ကိုင်မြို့နယ် သဲကုန်းကျေးရွာ၊ မင်းရွာကုန်းကျောင်းရိပ်သာသို့ သွား၍လှူဒါန်းဖူးမြော်ပြီး “မနေ့က မဟာစည်ဆရာတော်ဘုရားကြီး(၁၂၆၆-၁၃၄၄) ပျံလွန်တော်မူသွားပြီဘုရား”လို့ လျှောက်ရာ ဆားတောင်ဆရာတော်ဘုရားကြီးက “ပျံလွန်တာမဟုတ်ပါဘူး၊ ပရိနိဗ္ဗာန်ပြုသွားတာပါ”ဟု မိန့်ကြားတော်မူပါသည်။ (ရဟန္တာ အရှင်မြတ်ချင်းမို့ သိခြင်းဖြစ်တန်ရာပါသည်။) မဟာစည်ဆရာတော် ဘုရားကြီးအား ကျမ်းတတ်ဆရာတော်ကြီးတစ်ပါးအဖြစ်သာ ရဟန်းရှင်လူအသိများကြပါသည်။ ရဟန္တာ ဖြစ်ကြောင်း ရဟန်းရှင်လူ အသိနည်းကြပါသည်။

၃။ ဝေဘူဆရာတော်ဘုရားကြီးနှင့် မဟာစည်ဆရာတော်ဘုရားကြီးတို့ စစ်ကိုင်း တိုင်း၊ စစ်ကိုင်းမြို့နယ် ဆားတောင်မငါးရွာမှ သင်းတွဲရွာဦးကျောင်း ဆားတောင် ပဋိပတ္တိရိပ်သာသို့ တနေ့တည်း ကြွရောက်တော်မူလာကြခြင်း။

အဲဒီအချိန်တုန်းက ဝေဘူဆရာတော်ဘုရားကြီး၏ အဖွဲ့ထံက ဝေဘူဆရာတော် ဘုရားကြီး ကြွလာမည်အကြောင်း စာဖြင့်အကြောင်းကြားရာ ယင်းစာကို ဆားတောင် ဆရာတော်ဘုရားကြီး၏အဖွဲ့က ဆားတောင်းဆရာတော်ဘုရားကြီးအား ပြသကြပါသည်။ ယင်းစာကိုဖတ်ပြီး ဆားတောင်းဆရာတော်ဘုရားကြီးက ဝေဘူဆရာတော် ဘုရားသာမက မဟာစည်ဆရာတော်ဘုရားလည်း ကြွလာလိမ့်မယ် ဒကာတို့ပြင်ဆင် ထားကြ”လို့ မိန်ကြားတော်မူပါသည်။ ‘နှစ်ပါးအတူတကွကြွလာတော်မူ ကြမှာလားဘုရား” ဟု အဖွဲ့ကပြန်လျှောက်ကြရာ ဆရာတော်ဘုရားကြီးက “မဟုတ်ဘူး၊ တစ်ပါးစီ ကြွလာ လိမ့်မယ်”ဟု မိန့်တော်မူပါသည်။

စာက ဝေဘူဆရာတော်ကြီး၏ အဖွဲ့ထံမှသာရပြီး မဟာစည်ဆရာတော်အဖွဲ့ ထံမှ စာမရပါ။ သို့သော် ဆရာတော်ကြီးမိန့်သဖြင့် ပြင်ဆင်ထားကြပါသည်။ ဝေဘူဆရာတော်ဘုရားကြီးနှင့် မဟာစည်ဆရာတော် ဘုရားကြီးတို့ ဆားတောင်ဆရာတော် ဘုရားကြီးထံ ကြွလာကြရာ တစ်ချိန်တည်းမဟုတ်ပေမဲ့ တစ်နေ့တည်း တစ်ပါးနှင့် တစ်ပါး အဝင်အထွက် လွဲရုံလောက်သာ ကြွလာခြင်းဖြစ်ပါသည်။ ဒီနေရာမှာ စာရေးဆရာ မောင်ချမ်းမြေ့၏ ဆားတောင်ဆရာတော်ဘုရားကြီး၏ အကြောင်း ရေးသားသည့် စာအုပ်အမှတ်(၂) “လောကကို လွန်မြောက်ခြင်း”စာအုပ်မှ စာမျက်နှာ (၂၂)မှ (၂၇)ထိ ကူးယူဖော်ပြလိုက်ပါသည်။

ဤကိစ္စမျိုးသည် လူမသိသူမသိဖုံးဖိ၍ရကောင်းသော အရာလည်းမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် လူမသိ နတ်သိ၊ နတ်မသိ ရဟန္တာသိ ဆိုသည့်အတိုင်း ထိုခေတ်ထိုအခါက သက်တော်ထင်ရှား ရဟန္တာကြီးများဖြစ်ကြသော ဝေဘူဆရာတော် ကြီးနှင့် မဟာစည်ဆရာတော်ကြီးတို့ ဆားတောင်ဆရာတော် ဦးပညာဏိကထံ တစ်နေ့တည်း ကြွရောက်မေးမြန်းသွားကြသည်မှာ သာသနာ့တစ်ခေတ်တွင် အံ့ချီး ဖွယ်ရာများ ဖြစ်ပေသည်။ ဆားတောင်ဆရာတော်သည် သက်တော်ငယ်ငယ် အသက်(၃၀)အရွယ်တွင် ပွင့်ပေါ်ခဲ့ပြီးဖြစ်၍ အဝေးမှ လာရောက်ဖူးမြော်ကန်တော့ သူများ များပြားလွန်းသဖြင့် မဏ္ဍပ်ကြီးများထိုးကာ အဖူးမြော်ခံနေရလေသည်။ ဖူးမြော် သူများကလည်း တစ်နေ့တစ်ခြား များပြားလှပေသည်။

၁၃၁၈-ခုနှစ်၊ ဝါဆိုလဆန်း(၁၃)ရက် နံနက် ၈-နာရီအချိန်တွင် မဟာစည် ဆရာတော်ဘုရားကြီးသည် ဆိပ်ခွန်ကျေးရွာမှ ရန်ကုန်မဟာစည်ရိပ်သာသို့ ဝါဆိုရန် အကြွတွင် ဆားတောင်ဆရာတော်ဦးပညာဏိကထံ တပည့်နောက်ပါ သံဃာတော်များ နှင့် ကြွရောက်ပြီး ဆားတောင်ဆရာတော်ဘုရားကြီး၏ အဖူးအမြော်ခံရင်း အောက်ပါ စကားရပ်များကို မေးမြန်းပါသည်။ မဟာစည်ဆရာတော်။ ။ ဘယ်နည်းနှင့် တရားအားထုတ်ပါသလဲ။ ဆားတောင်ဆရာတော်။ ။ တပည့်တော် စွန်းလွန်းဆရာတော်ဘုရား၏ ထေရုပ္ပတ္တိ နှင့် ကျင့်စဉ်စာအုပ်ကို ဖတ်ရှုလေ့လာပြီး သမ္မပ္ပဓာန်ကျင့်စဉ်အတိုင်း အားထုတ်ပါတယ် ဘုရား။ မဟာစည်ဆရာတော် ။ ။ စွန်းလွန်းဦးကဝိ၏နည်းကလည်း အလွန်ကောင်းတဲ့ နည်းပါပဲ၊ ဦးကဝိလိုကော ပြင်းပြင်းထန်ထန်အားထုတ်နိုင်ပါရဲ့လား။

ဆားတော်ဆရာတော် ။ ။ မှန်လှပါ တည့်တော် စွန်းလွန်းဆရာတော်ဘုရားကြီး လိုပဲ အားုထတ်နိုင်ပါတယ်ဘုရား။ အမှန်က စွန်းလွန်းဆရာတော်နည်းအတိုင်းပဲ တပည့်တော်က လောဘ၊ ဒေါသ၊ မောဟ စွန့်လွှတ်နိုင်တာဆိုတော့ စွန့်လွှတ်နည်းဆိုဆို စွန်းလွန်းနည်းဆိုဆို အားထုတ်ရတာကတော့ စွန့်လွှတ်နည်းပါပဲဘုရား။

မဟာစည်ဆရာတော် ။ ။ တရားအားထုတ်ရတာ အားရပါးရရှိပါရဲ့လား။

ဆားတောင်ဆရာတော်။ ။ အားထုတ်ရတာ အားရပါးရရှိပါတယ်ဘုရား။

မဟာစည်ဆရာတော်။ ။ တရားအရသာ အားရပါးရခံစားရပါသလား။

ဆားတောင်ဆရာတော် ။ ။ မှန်လှပါ အားရပါးရခံစားရပါတယ်ဘုရား။

မဟာစည်ဆရာတော် ။ ။ ဒီအတိုင်းဆို မလွဲပါဘူး အသက်ကလဲ ငယ်ပါသေး တယ် ရှေ့ဆက်ပြီး ကိုယ်ခံစားရသလို ဝေနေယျတွေကိုလည်း တရားစခန်းဖွင့်ပြီး တရားပြပေးဦးဟုဆိုကာ ဘုရားကိုကန်တော့ပြီး မဟာစည်ဆရာတော်ဘုရားကြီးနှင့် တကွ နောက်ပါသံဃာတော်များသည် မိမိတို့စီးလာသောကားများဖြင့် ရန်ကုန်သို့ ကြွတော်မူပါသည်။

ထိုအချိန်တွင် ရွာသူရွာသားများနှင့်တကွ ဧည့်သည်အများအပြားတို့သည် ကြက်ပျံမကျ တိုးဝှေ့၍ တအုန်းအုန်းနှင့် စုရုံးသွားလာနေကြသည်။ ဖူးမြော်ခဲရလှသော ရဟန်းတော်အကျော် မဟာစည်ဆရာတော်ဘုရားကြီးကို ဖူးတွေ့ရ၍ ကံထူးကြရသည်က တစ်ကြောင်း၊ မိမိတို့ လက်ရှိဖူးတွေ့နေရသော ပွင့်ပေါ်စ ဆားတောင်ဆရာတော်ကို အားရကျေနပ် ကြည်ညိုသဒ္ဓါပွား မိနေကြသောအချိန် ဖူးမဝ တမကုန် ဂုဏ်ယူလို့ မဆုံးနိုင်ချိန်တွင်-

နောက်ထပ်အံ့သြဖွယ်ရာများက ပရိတ်သတ်အများထဲတွင် ဝေဘူဆရာတော် ဘုရားကြီး ကြွလာပြီတဲ့။ ဒီတစ်ခါတော့ ပရိတ်သတ်တို့သည် သူ့ထက်ငါ ရှေ့ကရောက် အောင် အတင်းတိုးဝှေ့ဖူးမြော်ကြရင်းဖြင့် မဏ္ဍပ်ထဲတွင် ဝေဘူဆရာတော်ကြီး သီတင်း သုံးရန်အတွက် ကြွချီလာရာ နောက်မှ ကပ်လိုက်လာကြသည်။ ပါးစပ်ကလည်း တတွတ်တွတ်နှင့် ဆုတောင်း၍ ပီတိအဟုန်သဒ္ဓါစုံဖြင့် လက်စုံမိုး၍ ရှိခိုးကန်တော့ နေကြသည်။ ဆားတောင်ဆရာတော်ဘုရားကြီးက ဝေဘူဆရာတော်ဘုရားကြီးအား တရားပလ္လင်ရှေ့မှောက်တည့်တည့်တွင် အရိုအသေပြုလျက် ဖူးမြော်ပြီး သီတင်းသုံးနေ သည်။

ထူးခြားသော အကြောင်းအရာတစ်ခုမှာ ဝေဘူဆရာတော်ဘုရားကြီးမှာ တရား ပလ္လင်ပေါ်တွင် စက္ခုန္ဒြေချ၍ သီတင်းသုံးနေစဉ် (သမာပတ်ဝင်စားနေစဉ်)မှာပင် ဆားတောင်ဆရာတော်ဘုရားကြီးမှာလည်း တရားပလ္လင်ရှေ့တည်တည်အောက်မှနေ၍ ဝေဘူဆရာတော်ဘုရားကြီးအတိုင်း သီတင်းသုံးနေသည်။ (ထိုအချိန်တွင် အလွန် များပြားလှသော ပရိတ်သတ်အားလုံးသည် အပ်ကျသံမကြား ငြိမ်သက်နေကြသည်။) နာရီဝက်ခန့်အကြာတွင် ဆရာတော်နှစ်ပါးသည် တစ်ပြိုင်နက် မျက်လုံးများပွင့်တော် မူကြသည်။

ဝေဘူဆရာတော် ။ ။ အရသာမရှိဘူးလားဗျာ၊ မချမ်းသာဘူးလားဗျာ၊ ကျွန်ုပ်တို့ တသံသရာလုံးရှာခဲ့ကြတာ ခုမှပဲ အားရပါးရကြီး ခံစားကြရတာမဟုတ်လားဗျာ၊ ဆရာတော်လေးက တယ်ပါရမီထူးတာကိုးဗျ၊ အသက်ငယ်ငယ်နှင့် ကိစ္စပြီးတာဆိုတော့ တယ်ပါရမီထူးတာကိုး၊ ဆရာတော်လေး အသက်ငယ်ပါသေးတယ်၊ သာသနာအတွက် ကျွန်ုပ်တို့တော့ အားထားပါတယ်။ ဝေနေယျတွေကို ကယ်ပါ၊ ချွတ်ပါ၊ တရားပြပါ၊ ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိပါသေးတယ်၊ ဆရာတော်ကလေးက အမှိုက်ရှင်း ရမှာဆိုတော့ သာသနာခရီးမှာ သာသနာ့အကျိုးစီးပွားအတွက် သာသနာပြုပေးပါဦး။

ဆားတောင်ဆရာတော် ။ ။ မှန်လှပါဘုရား။

ဝေဘူဆရာတော် ။ ။ ကြွလာတဲ့ပရိတ်သတ်တွေကလည်း တယ်များသကိုးဗျ။ ပါရမီ ထူးပါပေ့ဗျာ၊ ကံထူးပါပေ့ဗျာ၊ အသေမဦးမှီ တရားဦးအောင်လုပ်ကြဗျ။

ကျေးဇူးရှင် ဆားတောင်ဆရာတော်ဘုရားကြီး၏ အကြောင်း
(သိသူဖော်စား မသိသူကျော်သွား) စာအုပ်မှ ကောက်နုတ်ပါသည်။

ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ကြီးကို ထင်ရှားသော ဆရာတော်ကြီးများ နှင့်အတူ သာသနာပြုတော်မူစဉ် ဖူးမြင်ကြရစဉ်။ (ပြည်တွင်း)

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဖြည့်စွက်ရန်

PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီးကို ထင်ရှားသော ဆရာတော်ကြီးများ နှင့်အတူ သာသနာပြုတော်မူစဉ် ဖူးမြင်ကြရစဉ်။ (ပြည်ပ)

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဖြည့်စွက်ရန်

PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...