မြတ်စွာဘုရားရှင်၏ အလိုတော်အတိုင်း တရားအမွေကို ခံယူတော်မူခဲ့ကြသော ကျေးဇူးတော်ရှင်မဟာစည် ဆရာတော်ဘုရားကြီးနှင့်တကွ ဆရာအစဉ်အဆက်နှင့် တပည့်အစဉ်အဆက် ဆရာတော်ကြီးများ၏ ကျေးဇူးဂုဏ်များကို ရိုသေလေးမြတ်စွာ ကြည်ညိုပူဇော်ခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ အနုပဒဝဂ်၊ အနုပဒသုတ်၌ အရဟံ အစရှိသော ဂုဏ်တော်ပေါင်းအနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်သည် “ရဟန်းတို့ မြတ်သောသီလ၌, မြတ်သောသမာဓိ၌, မြတ်သောပညာ၌, ကိလေသာမှ လွတ်ပြီးသော မြတ်သောအရဟတ္တဖိုလ်၌, အလေ့အလာများသည့် အဖြစ်သို့ရောက်သူ, တစ်ဖက်ကမ်းခပ် ကူးမြောက်တတ်သည့်အဖြစ်သို့ရောက်သူ, ဟူ၍ပြောဆိုလိုလျှင် သာရိပုတြာကိုသာလျှင် ကောင်းစွာပြောဆိုရာ၏”

“ရဟန်းတို့ မြတ်စွာဘုရား၏သားတော်, ရင်နှစ်တော်, ခံတွင်းတော်မှဖွားမြင်သူ, တရားကြောင့် ဖြစ်ပေါ်လာသူ, တရားဖြင့်ဖန်ဆင်းထားသူ, တရားအမွေခံယူသူ, အာမိသအမွေခံမဟုတ်သူဟူ၍ ပြောဆိုလိုလျှင် သာရိပုတြာကိုသာလျှင် ကောင်းစွာ ပြောဆိုရာ၏”

“ရဟန်းတို့ သာရိပုတြာသည် ငါဘုရား ဖြစ်စေအပ်သော, လည်စေအပ်သော အတုမဲ့မြတ်သော တရားစကြာကို ကောင်းစွာသာလျှင် အတုလိုက်၍ ဖြစ်စေနိုင်၏, လည်စေနိုင်၏” ဟူ၍ မိန့်တော်မူသည်။

ဤမိန့်ဆိုချက်၌ “တရားအမွေခံယူသူ, အာမိသအမွေခံမဟုတ်သူ” ၏ဆိုလိုရင်း အပြည့်အစုံမှာ အဘယ်သို့နည်း။