ဓမ္မဒါယာဒသုတ်တရားတော်ကို ၂-ကြိမ်ဆက်တိုက် ဟောကြားတော်မူခဲ့ခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၃၁-ခုနှစ် သြဝါဒခံယူ ပူဇော်ပွဲတွင် တရားအမွေခံယူခြင်းအကြောင်းဆိုင်ရာဖြစ်သော မဇ္ဈိမနိကာယ်, မူလ ပဏ္ဏာသပါဠိတော်, မူလပရိယာယဝဂ်လာ ဓမ္မဒါယာဒသုတ်တရားတော်ကို ဆောင်ပုဒ် များဖြင့် ပြည့်စုံစွာဟောကြား၍ တပည့်များအား သြဝါဒပေးတော်မူခဲ့သည်မှာ ...

  • (၁)
    ဓမ္မဒါယာ သုတ်မြတ်မှာ မြတ်စွာဟောမိန့်သည်။ ငါ့တပည့်တွေ တရားမွေ ခံစေချင်လှသည်။ အာမိသမွေ ပစ္စည်းတွေ ပယ်စေချင်လှသည်။
  • (၂)
    တရားအမွေ အစစ်ပေ ၉-ထွေ လောကုတ်ပါ။ နိဗ္ဗာန်ရည်ငြား ကုသိုလ်များ တရားမွေတုပါ။ စစ်တု ၂-ထွေ တရားမွေ ခံစေလိုလှပါ။
  • (၃)
    အာမိသမွေ အစစ်ပေ ၄-ထွေ ပစ္စည်းပါ။ လူနတ်သုခ ရည်သန်က ဒါန သီလ ဘာ(ဘာဝနာ)။ အာမိသမွေ အတုတွေ မှတ်လေမွေညံ့သာ။
  • (၄)
    ပစ္စည်းမျှတွင် ခံယူလျှင် လူရှင်ဆိုကြမှာ။ ဘုရားသားတွေ ပစ္စည်းမွေ ခံနေရုံမျှသာ။ ထပ်တလဲလဲ အိုမစဲ ဆင်းရဲနေကြမှာ။ ထပ်တလဲလဲ နာမစဲ ဆင်းရဲနေကြမှာ။ ထပ်တလဲလဲ သေမစဲ ဆင်းရဲနေကြမှာ။ ထပ်တလဲလဲ ပါယ်ငရဲ ကျမြဲကျနေမှာ။
  • (၅)
    သင်တို့နောင်ရေး ငါမျှော်တွေး ဝန်လေးသနားသည်။ ထို့ကြောင့်အများ တပည့်သား ဘုရားတောင်းပန်သည်။ ငါ့တပည့်တွေ တရားမွေ ခံစေချင်လှသည်။ အာမိသမွေ ပစ္စည်းတွေ ပယ်စေချင်လှသည်” ဟူ၍ဖြစ်ပါသည်။

နောက်တစ်နှစ် ၁၃၃၂-ခုနှစ်သြဝါဒခံယူပူဇော်ပွဲ၌လည်း ကျေးဇူးရှင် ဆရာတော် ဘုရားကြီးက “ဒီဓမ္မဒါယာဒသုတ်ကို ထပ်ပြီးဟောရခြင်းအကြောင်းကတော့ အင်မတန်လေးနက်တဲ့ မြတ်စွာဘုရား၏အဆုံးအမသြဝါဒ ဖြစ်တဲ့အတွက် ပါပဲ၊ မြတ်စွာဘုရား၏ သာသနာတော်မှာ ဒီဓမ္မဒါယာဒသုတ်နှင့်အညီသာ ကျင့်ကြမယ်ဆိုလို့ရှိရင် လူရော, ရှင်ရော, ရဟန်းရော အင်မတန်ကိုကျေးဇူးများမှာပါပဲ၊ မြတ်စွာဘုရား၏ သာသနာတော် ဟာလည်း ဆုတ်ယုတ်ခြင်းမရှိဘဲ အင်မတန်တိုးတက်မှာပါပဲ” ဟူ၍ နိဒါန်းပျိုးကာ ဤဓမ္မဒါယာဒသုတ်တရားတော်ကိုပင် ဒုတိယနှစ်အဖြစ် ထပ်မံ၍ ဟောကြားတော်မူ ခဲ့လေသည်။