ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး (၁၂၆၆-၁၃၄၄)

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

၁၂၉၃-ခုနှစ်တွင် မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးထံ အပ္ပမာဒ ပဋိပတ်နည်းနိသျကို ဆက်လက် အမွေခံယူတော်မူကာ ၁၃၀ဝ-ပြည့်နှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ရွှေဘိုမြို့ဆိပ်ခွန်ရွာ အင်ကြင်းတောတိုက် မဟာစည်ကျောင်းတော်တွင် ဟောပြောပြသသော ပွဲဦးထွက်ကမ္မဋ္ဌာန်းမှစတင်၍ လွန်တော်မူသည်အထိ ၄၄-နှစ် တိုင်တိုင် သတိပဋ္ဌာန်ဝိပဿနာတရားတော်များကို ကမ္ဘာနှံ့အောင် ကြိုးပမ်းအားသစ် တော်မူခဲ့သောအရှင်မြတ်မှာ ကျေးဇူးတော်ရှင် ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ကြီး ဖြစ်တော်မူပါသည်။

မဟာစည်ဆရာတော်လောင်းလျာ အရှင်သောဘနသည် ဂိုဏ်းအုပ် သုမေဓာ ဆရာတော် ဦးနိမ္မလကိုဥပဇ္ဈာယ် ပြု၍ အင်ကြင်းတောတိုက်အတွင်းရှိ ဗဒ္ဓသိမ်တွင် ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့သည်။ သုမေဓာဆရာတော် ဦးနိမ္မလသည် သီးလုံးဆရာတော်ကြီးနှင့် မန်ကျည်းကန်ဆရာတော်ကြီးတို့၏တပည့်ရင်း မဟာဗိုလ်ဆရာတော် ၏ အနွယ်အဆက်ဖြစ်ပြန်လေသည်။

သို့ကြောင့် မဟာစည်ဆရာတော်သည် ရဟန်းအဖြစ်သို့ ရောက်တော်မူရာ အနွယ်အဆက် အနေအားဖြင့်လည်းကောင်း၊ အပ္ပမာဒပဋိပတ်နည်းနိသျ အမွေခံအနေအားဖြင့်လည်းကောင်း၊ သီးလုံးဆရာတော်ဘုရားကြီး၏အနွယ်ဝင် နှစ်ထပ်ကွမ်း အမွေခံတပည့် ဖြစ်တော်မူလေသည်။