တရားအမွေခံယူတော်မူခဲ့ခြင်းကို ထင်ရှားပေါ်လွင်စေသည့် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးတော်အပေါင်းအား ကြည်ညိုပူဇော်ခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

အံ့ဖွယ်ရှစ်ဖြာ ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး အရှည်တည်တံ့၍ စည်ပင်ပြန့်ပွားစေရန် ကြိုးပမ်း ရွက်ဆောင်တော်မူခဲ့သည့် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးများကို ထင်ရှားပေါ်လွင်စေသည်သာမက ဆရာတော် ဘုရားကြီး၏ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿန ဂုဏ်များကို ထင်ဟပ်ပေါ်လွင်စေသော ...

သုပ္ပဋိပန္နတာအစရှိသော သံဃာ့ဂုဏ်, လဇ္ဇီ ပေသလ သိက္ခာကာမ သီလဝန္တ ဂုဏ်, ခန္တီဂုဏ်, နိဝါတ-နိမာနဂုဏ်, ဥဇုက-သုဟုဇုကဂုဏ်, အပ္ပိစ္ဆတဂုဏ်, သန္တုဋ္ဌိတ ဂုဏ်, သတိမန္တဂုဏ်, ဓိတိမန္တဂုဏ်, ဥဋ္ဌာနဝန္တဂုဏ်, သုစိကမ္မဿဂုဏ်, နိသမ္မကာရီဂုဏ်, တဿဂုဏ်, အပ္ပမာဒဂုဏ်, ပဋိဘာနဂုဏ်, ပါသာဒိကဂုဏ်, ပုညဝန္တဂုဏ်, မဟာပရိဝါရ ဂုဏ်, မဟာဂန္ထဝါစကပဏ္ဍိတဂုဏ်, မဟာဓမ္မကထိကဂုဏ်, မဟာကမ္မဋ္ဌာနာစရိယဂုဏ်, မဟာပဏ္ဍိတဂုဏ်, ပညဝန္တဂုဏ်, နာယကဂုဏ်, သြဝါဒါစရိယဂုဏ်, ဆဋ္ဌသင်္ဂီတိ သြသာနသောဓကဂုဏ်, ဆဋ္ဌသင်္ဂီတိပုစ္ဆကဂုဏ်, အဋ္ဌကထာသင်္ဂီတိဝိစာရဏဂုဏ်, ဋီကာသင်္ဂီတိဝိဿဇ္ဇကဂုဏ်, ဘာသန္တရကောဝိဒ, ပရိယတ္တိဓုရန္တရ, ပဋိပတ္တိဓုရန္တရ, သာသနမာမက, ပရိယတ္တိဆေက, ပဋိပတ္တိဒေသက, ပဋိဝေဓသိဒ္ဓိကရ, သတိပဋ္ဌာန ပါမောက္ခ, စသောဂုဏ်တော်မြတ်အပေါင်းတို့ကို ...

မဟာစည်ဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိကျမ်းများမှလည်းကောင်း၊ ထင်ရှား လှသော ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိကျမ်းများ, သာသနာ့သမိုင်းမှတ်တမ်းများ, ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင်ပြုစုသော ကျမ်းများ, စသည်တို့မှလည်းကောင်း၊ လက်လှမ်းမှီသမျှ ပြည့်စုံအောင်ဖော်ပြ၍ ရိုသေလေးမြတ်စွာ ကြည်ညိုပူဇော်ပါမည်။

အကြောင်းမှာ ရဟန်း, ရှင်, လူအပေါင်းတို့သည် ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးတို့ကိုသိရှိကြခြင်းဖြင့် သာသနာတော်၏အနွယ်အစဉ်အဆက်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြသော မြတ်စွာဘုရားရှင်၏ အလိုတော်ကျ တရားအမွေခံပုဂ္ဂိုလ်များ ပေါ်ထွန်းလာရန် ရည်သန်တောင့်တခြင်းပင် ဖြစ်ပါသည်။