ကျေးဇူးတော်ရှင် ပထမရွှေကျင်ဆရာတော်ဘုရားကြီး (၁၁၈၄-၁၂၅၅)

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဝိနယနိဝါသ သဒ္ဓမ္မပဇ္ဇောတ ရွှေကျင်နိကာယတည်းဟူသော သာသနာ့အဖွဲ့ အစည်းကြီးကို ဦးဆောင် တည်ထောင်တော်မူသည့် ဂဏသမုဋ္ဌာပ ရွှေကျင်ဆရာတော်ကြီး အရှင်ဇာဂရသည်လည်း ကျေးဇူးတော်ရှင် သီးလုံးဆရာတော်ဘုရားကြီး၏ ပရိယတ်ပဋိပတ်အမွေခံတပည့်ရင်း ဖြစ်တော်မူပါသည်။

သီးလုံးဆရာတော်ကြီးထံ သက်တော် ၁၈-နှစ် သာမဏေဘဝကပင် ဆည်းကပ် ခိုလှုံခွင့် ရတော်မူခဲ့သည်မျှမက သီးလုံးဆရာတော်ကြီးလွန်တော်မမူမီ ၁-နှစ်ခန့်အလို ၁၂၂၁-ခုနှစ်တွင် သီးလုံးဆရာတော်ဘုရားကြီး တောရဆောက်တည်တော်မူခဲ့ရာ ဓမ္မအောင်မြေ ခက်သင်တောရကျောင်း၌ပင် သီတင်းသုံးနေထိုင်ခွင့် ရရှိတော်မူခဲ့လေသည်။ ရွှေကျင်ဆရာတော်ဘုရားကြီးသည် ပရိယတ္တိ, ပဋိပတ္တိဆိုင်ရာ ကျမ်းဂန်ပေါင်း ၁၁၄-ကျမ်းအထိ ပြုစုတော်မူ၍ တပည့်အဆက်ဆက်တို့အတွက် တန်ဖိုးမဖြတ်နိုင်သော တရားအမွေများကို ပေးအပ်တော်မူခဲ့လေသည်။