ကျေးဇူးတော်ရှင် မဟာဝိသုဒ္ဓါရာမဆရာတော်ဘုရားကြီး (၁၂၀ဝ-၁၂၇၈)

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

မဟာဝိသုဒ္ဓါရာမဆရာတော်လောင်းလျာ အရှင်ဝိသုဒ္ဓါစာရသည် ရွှေကျင်ဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ၁၂၁၉-ခုနှစ်တွင် ရဟန်းဖြစ်တော်မူခဲ့လေသည်။ ၁၂၂၁-ခုနှစ်တွင် သီးလုံးဆရာတော်ဘုရားကြီး ထံ ဆည်းကပ်တော်မူခဲ့သည်။

ရွှေကျင်ဆရာတော်ဘုရားကြီး လွန်တော်မူသောအခါ တစ်ထောင်ကျော်သော သံဃာတော်တို့စည်းဝေးကြ၍ မဟာဝိသုဒ္ဓါရာမဆရာတော်ကြီးကို ရွှေကျင်သာသနာပိုင်အဖြစ် တင်မြောက်တော်မူကြသည်။ မဟာဝိသုဒ္ဓါရာမ ဆရာတော်ကြီးသည် ရွှေကျင်ဂိုဏ်းကြီးစည်းလုံးညီညွတ်ရေး, ရွှေကျင်ဂိုဏ်းမှချမှတ်ထားသော ဥပဒေသများကို လိုက်နာစေရေးအတွက် အထူးကြောင့်ကြစိုက်တော်မူပါသည်။ ဆရာတော်ဘုရားကြီး လက်ထက်တော်၌ ရွှေကျင်သာသနာသည် မြန်မာနိုင်ငံအောက်ပိုင်းအထိသာမက သီဟိုဠ်နှင့်ထိုင်းနိုင်ငံများအထိပါ ကျယ်ပြန့် တိုးတက်ခဲ့ပါသည်။

မဟာဝိသုဒ္ဓါရာမဆရာတော်ဘုရားကြီးသည် ပရမတ္ထသရူပဘေဒနီကျမ်းကြီးကို ရဟန်း ၇-ဝါမှ စတင်၍ ပြုစုတော်မူခဲ့ရာ ၁၈-နှစ်ကြာမှပြည့်စုံခဲ့လေသည်။ ပရမတ္ထအရာ၌ အပြည့်စုံဆုံးကျမ်းကြီးအဖြစ် ကျော်ကြား သည်နှင့်အမျှ သီဟိုဠ်ဘာသာသို့ပင် ပြန်ဆိုခဲ့လေသည်။