ဖောင်းမှု ပိန်မှုကို ရှုမှတ်ခြင်းသည် ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် ညီညွတ်ကြောင်း ပိဋကတ္တယပါရဂူ ဓမ္မာစရိယ အရှင်ဉာဏဗလ၏ ပဒဋ္ဌာန်ဖြတ်ထုံးကျမ်း၌ ပြဆိုခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ပဲခူးမြို့ “ဝိနယာဓိက သီရိပဝရနှင့် အစိုးရ ဓမ္မာစရိယ သာသနဓဇ သီရိပဝရ္ထ၁၃၁၁” ဘွဲ့ထူးအပြင် သထုံတွင်ကျင်းပသော သုဝဏ္ဏဘူမိပရိယတ္တိစာမေးပွဲ ၇-တန်း လုံး၌ နှစ်ချင်း တန်းပေါက်ရုံမက အတန်းတိုင်းတွင် တစ်ဂဏန်းက အောင်မြင်ခဲ့၍ ၁၃၁၄-ခု၌ “ပိဋကတ္တယ ပါရဂူ” ဘွဲ့ထူးကို ဆွတ်ခူးတော်မူသော အရှင်ဉာဏဗလ (၁၂၈၃-၁၃၃၃) ပင်တည်း။ ထိုအရှင်ကား တွဲဖက်ရွှေကျင်သာသနာပိုင် သပြေကန် ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသထံတော်၌ စာဝါလိုက်ခဲ့၍ စာချတန်းမှာ ကျမ်းရင်း ၂-ကျမ်းနှင့် ဂုဏ်ထူး ၃-ကျမ်း အောင်မြင်ခဲ့လေသည်။

အရှင်ဉာဏဗလကား ပရိယတ္တိကိုလေ့လာ၍ ပရိယတ်ကညွှန်ပြသော ပဋိပတ် သမထ ဝိပဿနာတို့ကိုလည်း ဝါသနာပါခဲ့သည်။ အသက် ၁၇-နှစ် ကိုရင်ဘဝနှင့် ရွှေကျင်မြို့ သတိပဋ္ဌာန်ရိပ်သာဆရာတော် ဦးကိတ္တိထံတွင်လည်းကောင်း၊ ဥပဇ္ဈယ် ခေမာရုံဆရာတော်၊ ညောင်လေးပင်တောရဆရာတော်၊ မေဒိနီဆရာတော်၊ ဘောက် ထော်စွန်းလွန်းရိပ်သာဆရာတော် ဦးသုန္ဒရ စသည်တို့ထံတွင်၄င်း လေ့လာခဲ့၍၊ ၁၃၂၄-ခုနှစ်၌ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားထံတွင် သတိပဋ္ဌာန်တရားနည်းကို ၅-လတိုင်တိုင် လေ့လာဆည်းပူးခဲ့ပါသည်။

ပိဋကတ္တယပါရဂူ ဓမ္မာစရိယ အရှင်ဉာဏဗလ၏ပဒဋ္ဌာန်ဖြတ်ထုံးကျမ်း(၁၃၂၆) မှ ကောက်နုတ်၍ ဖော်ပြမှတ်တမ်းတင်အပ်ပါသည်။

မဟာသတိပဋ္ဌာနသုတ်ပါဠိတော်၌ “ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနတိ” စသည်ဖြင့် မြတ်စွာဘုရားက သွားလျှင် ‘သွားသည်’ဟု ရှုသိရန်၊ ရပ်လျှင် ‘ရပ်သည်’ဟု ရှုသိရန်၊ ထိုင်လျှင် “ထိုင်သည်”ဟု ရှုသိရန်၊ လျောင်းအိပ်လျှင် “လျောင်းအိပ်သည်”ဟု ရှုသိရန် တိုက်ရိုက်အထင်အရှား ဟောထားပေ၏။ ထို့ပြင် “အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာန ကာရီ ဟောတိ”စသည်ဖြင့် ရှေ့သို့သွားလျှင် နောက်သို့ပြန်လျှင် ထိုသွားခြင်းပြန်ခြင်းကို ရှုသိရန်၊ တည့်တည့်ကြည့်လျှင် စောင်းငဲ့ကြည့်လျှင် ထိုကြည့်ခြင်းကို ရှုသိရန်၊ လက်ခြေ တို့ကို ကွေးလျှင်ဆန့်လျှင် ထိုကွေးခြင်းတို့ကို ရှုသိရန်၊ သင်္ကန်းသပိတ်စသည်ကို ကိုင်တွယ်သုံးစွဲလျှင် ထိုကိုင်ခြင်းသုံးစွဲခြင်းကို ရှုသိရန်၊ ဤသို့စသည်ဖြင့် ကိုယ်အမူအရာ ဟူသမျှကို ရှုသိရန် တိုက်ရိုက် အထင်အရှား ဟောထားပေ၏။

ထိုပါဠိတော်ဆိုင်ရာ အောက်ပါအဖွင့်များကလည်း ဘုရားစကားတော်ကို သာလွန်၍ ထင်ရှားစေလျက်ရှိပါသည်။

တသ္မာ ဧဝံ ဟေတုပစ္စယ ဝသေနေဝ ပဝတ္တာနိ ဂမနာဒီနိ သလ္လက္ခေန္တော ဧသ ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ၊ ဌိတော ဝါ၊ နိသိန္နော ဝါ၊ သယာနော ဝါ သယာနော မှီတိ ပဇာနာတီတိ ဝေဒိတဗ္ဗော။ (ဒီ-ဋ္ဌ ၂–၃၅၈။ မ-ဋ္ဌ ၁–၂၅၇) ဆက်လက်ဖတ်ရှုရန် ...

အထက်ပါ အဋ္ဌကထာတွင် ဂမနာဒီနိ သလ္လက္ခေန္တော– သွားခြင်း စသည်တို့ကို မှတ်သော (သူ)ဟူသော စကားဖြင့် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းအိပ်ခြင်း တို့ကိုပင် မှတ်အပ်ရှုသိအပ်ကြောင်း တိုက်ရိုက်ပင် ပြထားပေ၏။

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

တတ္ထ ကော ဧကော အဘိက္ကမတိ၊ ကဿ ဝါ ဧကဿ အဘိက္ကမနံ။ ပရမတ္ထတော ဟိ ဓာတူနံယေဝ ဂမနံ၊ ဓာတူနံ ဌာနံ ဓာတူနံ နိသဇ္ဇနံ၊ ဓာတူနံ သယနံ။ (မ-ဋ္ဌ ၁-၂၆၅။ ဒီ-ဋ္ဌ ၁-၁၇၃။ သံ-ဋ္ဌ ၃-၂၂၅)

န ကောစိ သတ္တော ပုဂ္ဂလော ဝါ ဂစ္ဆတိ ဓမ္မမတ္တေဿဝ ဂမနသိဒ္ဓိတော တဗ္ဗိနိမုတ္တဿ စ ကဿစိ အဘာဝတော။ (ဒီ-ဋီ ၂-၃၀၄။ မ-ဋီ ၁-၃၅၂)

အထက်ပါ ဋီကာတို့ဖြင့် သွားခြင်းစသည်မှာ ပုဂ္ဂိုလ်၏သွားခြင်းစသည်မဟုတ်၊ ပရမတ္ထဓမ္မတို့၏သာလျှင် သွားခြင်းစသည်ကို ဆိုကြောင်း ထင်ရှားသိရပေ၏။

ထိုကြောင့်ပင် အဂ္ဂမဟာပဏ္ဍိတ လယ်တီဆရာတော်ဘုရားကြီး၏ ဥတ္တမပုရိသ ဒီပနီကျမ်း စာမျက်နှာ ၄၃-၌ “ဤကိုယ်၌ လှုပ်ရှားမှု၊ ပွရွမှု၊ ဖေါင်းကြွမှု၊ ဝှေ့တွန်းမှု၊ တောင့်တင်းသန်မာမှုသည် ပရမတ်လေ အစစ်တည်း”‘ ဟူ၍၄င်း၊

လက္ခဏာဒီပနီကျမ်း နှာ-၁၄၄၌ “တောင့်မှု၊ တင်းမှု၊ ဝှေ့မှု၊ ရွေ့ရှားမှုကို ပရမတ် နှစ် လေအစစ်တည်းဟု မြင်အောင်ကြည့်” ဟူ၍၄င်း မိန့်ဆိုထားပေသည်။ ထိုစကား သည် ဘုရားဟောပါဠိတော် ကာယာနုပဿနာ သတိပဋ္ဌာန် ဣရိယာပထပိုင်း, သမ္ပဇည ပိုင်း, ဓါတုမနသိကာရပိုင်းတို့နှင့် ညီညွတ်၍ သင့်မြတ်လှပါပေသည်။

အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားသည်လည်း သွားမှု ရပ်မှု ထိုင်မှု ကွေးမှု ဆန့်မှု လှုပ်ရှားမှု ဝမ်းဗိုက်၏ဖေါင်းပိန်မှု စသောရုပ်ကိုယ် အမူအရာဟူသမျှကို ပရမတ်ရုပ်တရားလည်းဖြစ်၊ စွဲလမ်းနိုင်သော ရုပ်ခန္ဓာလည်း ဖြစ်သောကြောင့် ဖြစ်ခိုက် ဖြစ်ခိုက်၌ ညွှန်ကြားတော်မူ၏။ ထိုညွှန်ကြားချက်သည်လည်း ကာယာနုပဿနာ, ခန္ဓ-အာယတနဓမ္မာနုပဿနာတို့၌ အတွင်းဝင်လျက် ဣရိယာပထပဗ္ဗ, သမ္ပဇညပဗ္ဗ, ဓာတု-မနသိကာရပဗ္ဗ, ခန္ဓပဗ္ဗ, အာယာတနပဗ္ဗသတိပဋ္ဌာန်ပါဠိတော်စသည်တို့နှင့် ညီညွတ်၍ သင့်မြတ်လှပါပေ၏။

အောက်ပါဘုရားဟော ပါဠိတော်တို့နှင့် နှီးနှောကြည့်ရှုပါကုန်။ ကတမာ စ ရာဟုလ အဇ္ဈတ္တိကာ ဝါယောဓာတု၊ ယံ အဇ္ဈတ္တံ ပစ္စတ္တံ ဝါယော ဝါယောဂတံ ဥပါဒိန္နံ၊ သေယျထိဒံ၊ ဥဒ္ဓင်္ဂမာ ဝါတာ, အဓောဂမာ ဝါတာ, ကုစ္ဆိသယာ ဝါတာ, ကောဋ္ဌာသယာ ဝါတာ, အင်္ဂမင်္ဂါနုသာရိနော ဝါတာ, အဿာသော ပဿာသောဣတိ၊ ယံ ဝါ ပနညမ္ပိ ကိဉ္စိ အဇ္ဈတ္တံ ပစ္စတ္တံ ဝါယော ဝါယောဂတံ ဥပါဒိန္နံ၊ အယံ ဝုစ္စတိ ရာဟုလ အဇ္ဈတ္တိကာ ဝါယောဓာတု၊ ယာ စေဝ ခေါ ပန အဇ္ဈတ္တိကာ ဝါယော- ဓာတု၊ ယာ စ ဗာဟိရာ ဝါယောဓာတု၊ ဝါယောဓာတုရေဝေသာ။တံ “နေတံ မမ၊ နေသောဟမသ္မိ န မေသော အတ္တာ” တိ ဧဝ- မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (မ ၂-၈၅)

ရာဟုလာ- အဇ္ဈတ္တသန္တာန်၌ဖြစ်သော ဝါယောဓာတ်ဟုူသည် အဘယ်နည်း။ အဇ္ဈတ္တသန္တာန်၌ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ထောက်ပံ့ခိုင်မာသော ထောက်ပံ့ ခိုင်မာခြင်းသို့ရောက်သော အကြင်ဥပါဒိန္နဓာတ်သဘောသည် ရှိ၏။ ဤဥပါဒိန္နဓာတ် သဘောသည် အဘယ်နည်းဟူမူ အထက်သို့ဆန်တက်သောလေ, အောက်သို့စုန်ဆင်း သောလေ, ဝမ်း၌တည်သောလေ, အူအတွင်း၌တည်သောလေ, အင်္ဂါကြီးငယ်သို့ အစဉ် လျှောက်တတ်သောလေ, ထွက်သက်ဝင်သက်လေ၊ ထို့အပြင် အဇ္ဈတ္တသန္တန်၌ဖြစ်သော ကိုယ်ကိုစွဲ၍ဖြစ်သော ထောက်ပံ့ခိုင်မာသော ထောက်ပံ့ခိုင်မာခြင်းသို့ရောက်သော အခြားအလုံးစုံသော ဥပါဒိန္နဓာတ်သဘောသည်ရှိ၏။ ရာဟုလာ၊ ဤအလုံးစုံသော ဓာတ်သဘောကို အဇ္ဈတ္တသန္တာန်၌ဖြစ်သော ဝါယောဓာတ်ဟူ၍ ဆိုအပ်၏။

အမှန်အားဖြင့် အကြင်အဇ္ဈတ္တသန္တာန်၌ဖြစ်သော ဝါယောဓာတ်သည်၄င်း, အကြင်ဗဟိဒ္ဓသန္တာန်၌ဖြစ်သော ဝါယောဓာတ်သည်၄င်း ရှိ၏။ ထိုအလုံးစုံသော ဝါယော ဓာတ်သည် ဝါယောဓာတ်ချင်း တူသည်သာတည်း။ “ထိုအလုံးစုံသော ဝါယောဓာတ် သည် ငါပိုင်ဥစ္စာမဟုတ်၊ ထိုဝါယောဓာတ်သည် ငါမဟုတ်၊ ထိုဝါယောဓာတ်သည် မိမိကိုယ်အတ္တမဟုတ်”ဟူ၍ ဤသို့ ထိုဝါယောဓာတ်သဘောကို မဖောက်ပြန် ဟုတ်မှန် သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုအပ်၏။ (ဆဋ္ဌသံဂါယနာမူ မြန်မာပြန် ၉၃)

အထက်ပါ ပါဠိတော်၌ ဆိုလိုရင်းအတိုချုပ်မှာ ရာဟုလာ၊ ကိုယ်တွင်းဝါယော (လေ)ဓာတ်ဟူသည်အဘယ်နည်းဟူမူ မိမိ၏ကိုယ်တွင်းသန္တာန်၌ဖြစ်သော (ငါ ငါ့ဟာ ဟု) ထင်မှတ်စွဲလမ်းနိုင်သော (၁)အထက်သို့ဆန်တက်သောလေ, (၂) အောက်သို့ စုန်ဆင်းသောလေ, (၃) အူမှအပြင်ဘက် ဝမ်းထဲ၌တည်နေသောလေ, (၄) အူထဲ၌တည် နေသောလေ, (၅) အင်္ဂါကြီးငယ်သို့လျှောက်လျက် ကွေးမှု ဆန့်မှု လှုပ်ရှားမှု စသည်ကို ပြီးစေသောလေ, (၆) ထွက်သက်ဝင်သက်လေ၊ ထိုမှတစ်ပါး ကိုယ်တွင်းသန္တာန်၌ ရှိရှိသမျှလေ၊ ဤလေအပေါင်းကို ကိုယ်တွင်းသန္တာန်၌ဖြစ်သောလေဟု ခေါ်သည်။ စင်စစ်သော်ကား ကိုယ်တွင်းလေသည်၄င်း၊ ကိုယ်ပလေသည်၄င်း၊ ဝါယောဓာတ်ချည်း သာတည်း။ ထို (ကိုယ်တွင်းကိုယ်ပ အလုံးစုံသော ဝါယောဓာတ် လေရုပ်)ကို ငါ့ဟာ မဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တမဟုတ်ဟု မှန်စွာသိသော (ဝိပဿနာ)ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ရှုအပ်၏၊ ရှုရမည်ဟု ဆိုလို၏။

ဤပါဠိတော်၌ ယံ ဝါ ပန စသည်ဖြင့် ပြသောလေသည် မူလလေ ၆-မျိုးမှ အလွတ်ဖြစ်သည်၊ ထို ယံ ဝါ ပန- အလွတ်လေနှင့်တကွ ကိုယ်တွင်းလေ ၆-ပါးကို၄င်း၊ ကိုယ်ပလေကို၄င်း ရှုရန် ကြွခင်းချက်မရှိ ညွှန်ပြတိုက်တွန်းထားသည်ကို အထူးသတိပြု အပ်၏။

အထက်ပါ ပါဠိမှ တံနေတံ မမ စသည်၏အဖွင့်ကို အဋ္ဌကထာ၌ မဟာဟတ္ထိ ပဒေါပမသုတ်သို့ ပြန်ညွှန်းထားပါသည်။ ၄င်းမှာ အောက်ပါအတိုင်းပင် ဖြစ်ပါသည်။

တံ နေတံ မမာတိ တံ ဥဘယမ္ပိ န ဧတံ မမ၊ န ဧသောဟမသ္မီ၊ န ဧသော မေ အတ္တာတိ ဧဝံ ယထာဘူတံ သမ္မပညာယ ဒဋ္ဌဗ္ဗံ။ ယထာဘူတန္တိ ယထာသဘာဝံ တဥှိ အနိစ္စာဒိသဘာဝံ၊ တသ္မာ အနိစ္စံ ဒုက္ခံ အနတ္တာတိ ဧဝံ ဒဋ္ဌဗ္ဗန္တိအတ္ထော။ (မ-ဋ္ဌ ၂-၁၂၇)

တံ နေတံ မမ ဟူရာ၌ အနက်ကား- ထို ကိုယ်တွင်းကိုယ်ပ (ဝါယော) ဓာတ် ၂-မျိုးလုံးကိုလည်း ဤအရာသည် ငါ့ဟာမဟုတ်၊ ဤအရာသည် ငါမဟုတ် ဤအရာ သည် ငါ၏အတ္တ (အသက်ကောင် အထည်ကိုယ်)မဟုတ်ဟု ဤသို့မှန်စွာသိသော (ဝိပဿနာ)ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ရှုအပ်၏။ ဟုတ်တိုင်းမှန်စွာ ဟူသည်ကား သဘောမှန်အတိုင်း (ဟုဆိုလို၏)၊ ထိုအဖွင့်မှန်ပါသည်၊ ထိုဝါယောဓာတ် လေရုပ်သည် အနိစ္စအစရှိသော သဘောရှိပါသည်။ ထို့ကြောင့် အနိစ္စ ဒုက္ခ အနတ္တဟု ဤသို့ရှုအပ်၏၊ ဤသည်ကား (ငါ့ဟာမဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တမဟုတ်ဟု ရှုအပ်၏ ဟူသော စကား၏) အနက်ပေတည်း။ (မြန်မာပြန်)

အထက်ပါ ပါဠိ အဋ္ဌကထာတို့၌ ငါမဟုတ်ဟုရှုခြင်းနှင့် အနိစ္စဟုရှုခြင်း အနက် တူ၏။ ငါ့ဟာမဟုတ်ဟုရှုခြင်းနှင့် ဒုက္ခဟုရှုခြင်း တူ၏။ ငါ၏အတ္တမဟုတ်ဟုရှုခြင်းနှင့် အနတ္တဟုရှုခြင်း တူ၏။ ဤသို့ နေတံမမစသည်ဖြင့် ရှုပုံကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုပုံဖြင့် ဖွင့်ပြထားသောကြောင့် ထိုပါဠိတော်၌ပြသော ရှုနည်းမှာ သမထမဟုတ်၊ ဝိပဿနာဖြစ်ကြောင်း အလွန်ပင်ထင်ရှား၏။

အောက်ပါမနသိကာရဝိဓိတို့ကိုလည်း နှီးနှောကြည့်ရန် ထုတ်ပြလိုက်ပါသည်။

ဣဒံ ပန မနသိကာရဝိဓာနံ-ဣဓ ဘိက္ခု ဥဒ္ဓင်္ဂမာဒိဘေဒေ ဝါတေ ဥဒ္ဓင်္ဂမာဒိဝသေန ပရိဂ္ဂဟေတွာ ဥဒ္ဓင်္ဂမာ ဝါတာ နာမ ဣမသိံ္မ ပါဋိယေက္ကော ကောဋ္ဌာသော အစေတနော အဗျာကတော သုညော နိဿတ္တော ဝိတ္ထမ္ဘနာကာရော ဝါယောဓာတူတိ မနသိကရောတိ။ သေသေသုပိ ဧသေဝနယော။ (သမ္မောဟဝိနောဒနီ ၆၇)

ဤသည်ကား နှလုံးသွင်းပုံ ရှုပုံအစီအရင်ပေတည်း။ ဤ (သာသနာ)၌ ရဟန်း သည် အထက်သို့ဆန်တက်သောလေ စသည်အပြားရှိကုန်သော လေတို့ကို အထက်သို့ ဆန်တက်သောလေ စသည်တို့၏အစွမ်းအားဖြင့် သိမ်းဆည်းပြီးလျှင် အထက်သို့ ဆန်တက်ကုန်သောလေတို့မည်သည် ဤကိုယ်ထဲ၌ သီးခြားအဖို့အစုပေတည်း၊ စေတနာ မရှိ အဗျာကတ (အာရုံမပြုတတ်သော) တရားပေတည်း။ အတ္တအဖြစ်မှ ဆိတ်၏။ သတ္တဝါကောင်မဟုတ် ထောက်ကန်သော အခြင်းအရာရှိသော ဝါယောဓါတ်ပေတည်း ဟု နှလုံးသွင်း၏(ရှု၏)။ ကြွင်းသော (စုန်သောလေ)ဝါယောတို့၌လည်း နည်းတူပင် တည်း။ (မြန်မာပြန်)

တတေါ ဥဒ္ဓင်္ဂမေဝါတေ ဥဒ္ဓင်္ဂမဝသေန ပရိဂ္ဂဟေတွါ အဓေါ ဂမေ အဓောဂမဝသေန၊ ကုစ္ဆိသယေ ကုစ္ဆိသယဝသေန ကောဋ္ဌာသယေ ကောဋ္ဌာသယ္ထဝယေန၊ အင်္ဂမင်္ဂါနုသာရိနော အင်္ဂမင်္ဂါနုသာရိဝသေန၊ အဿာသ ပဿာသေ အဿာသပဿာသဝသေန ပရိဂ္ဂဟေတွာ ဥဒ္ဓင်္ဂင်္မာ ဝါတာ နာမ ဣမသိံ္မ သရီရေ ပါဋိ-ယေက္ကော ကောဋ္ဌာသော အစေတနော အဗျာကတော သုညော နိဿတ္တော ဝိတ္ထမ္ဘ-နာကာရော ဝါယောဓါတူတိ၊ အဓေါဂမာ ဝါတာ နာမ၊ ကုစ္ဆိသယာ ဝါတာ နာမ။ ပ။ ဝိတ္ထမ္ဘနာကာရော ဝါယောဓာတူတိ ဧဝံ ဝါယောကောဋ္ဌာသေသု မနသိကာရော ပဝတ္တေတဗ္ဗော။ (ဝိသုဒ္ဓိမဂ် ၁-၃၅၉)

အထက်ပါ ဝိသုဒ္ဓိမဂ်နှင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့ဖြင့်လည်း ဝါယောဓာတ် ၆-ပါးလုံးကိုရှုရန် ကြွခင်းချက်မရှိ ပြထားပါသည်။ ဋီကာတို့၌လည်း အလားတူပင် ကြွခင်းချက်မရှိ ပြဆိုကြပါသည်။

အဘိညာဏ်ရ ရဟန္တာဟု ချီးကျူးဖော်ပြထားသော သီးလုံးဆရာတော်ဘုရားကြီး သည် ဂမ္ဘီရတ္ထဒေသနာကျမ်း၌ ကိုယ်တွင်းကိုယ်ပ ဝါယောဓာတ်ဟူသမျှကို ဝိပဿနာ ရှုရန် မဟာဟတ္ထိပဒေါပမသုတ်၏အဓိပ္ပါယ်ကို ပြသောအားဖြင့် အောက်ပါအတိုင်း ရေးသားတော်မူ၏။

“ထိုနောင် ဝါယောဓာတ်ကို ဝေဘန်တော်မူလိုသော မဟာထေရ်သည် ကတမာ စာဝုသော ဝါယောဓာတု၊ ဝါယောဓာတု သိယာ အဇ္ဈတ္တိကာ သိယာ ဗာဟိရ္ထာအစရှိသော ဒေသနာတော်မြတ်ကို ဟောတော်မူသည်။

အဓိပ္ပါယ်ကား၊ ဝါယောဓာတ်သည် အဇ္ဈတ္တိကဝါယောဓာတ် ဗာဟိရဝါယော ဓာတ်အားဖြင့် နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် အထက်သို့ဆန်သောလေ, အောက်သို့စုန်သောလေ, ဝမ်းတွင်း၌တည်သောလေ, အူတွင်း၌တည်သောလေ, အင်္ဂါ ကြီးငယ်သို့လျှောက်သောလေ, ထွက်သက်ဝင်သက်လေ, ဤခြောက်ပါးသောလေတို့ သည် ရွေ့ခြင်း လှုပ်ရှားခြင်းရှိသည်ဖြစ်၍ သတ္တဝါတို့သန္တာန်၌ ဖြစ်သောကြောင့် အဇ္ဈတ္တိကဝါယောဓာတ်မည်၏။ ရွာနိဂုံးကိုလွှင့်သောလေ။ ပ။ မြင်းမိုရ်ဟိမဝန္တာ သမုဒ္ဒရာ စကြာဝဠာတို့ကို လွှင့်စေနိုင်သောလေတို့သည်၄င်း၊ ဗာဟိရဝါယောဓာတ် မည်ကုန်၏။ ဤသို့စင်များသော ဗာဟိရဝါယောဓါတ်တို့သည်လည်း ကုန်ခြင်း ပျောက်ခြင်းသို့ ရောက်ကုန်သေး၏။ ငါ၏သန္တာန်၌ အလွန်နည်းသော ခြောက်ပါးသော အခြင်းအရာဖြင့် ရေတွက်အပ်သော ဝါယောဓာတ်မူကား အဘယ်ဆိုဘွယ်ရာရှိအံ့နည်း ကုန်ခြင်းပျောက်ခြင်းသို့ ရောက်ရအံ့သည်သာ စင်စစ်ပင်တည်းဟု ယထာဘူတဉာဏ် ဖြင့် အဘန်တလဲလဲ ဆင်ခြင်ရာ၏” (တတိယတွဲ-၁၄၃) (တတိယအကြိမ်၊ ၂၀၁၀-ခုနှစ်၊ စာ-၃၉၇)

မဟာဝိသုဒ္ဓါရာမဆရာတော်ဘုရားကြီးသည်လည်း ပရမတ္ထသရူပဘေဒနီကျမ်း စာ ၄၇၀-၌ “ဥဒ္ဓင်္ဂမာ ဝါတာနာမ– အထက်သို့ကြိုအန်တက်ဆန်သော လေတို့မည် သည်၊ အဓောဂမာ ဝါတာနာမ- ကျင်ကြီးကျင်ငယ် အောက်သို့လယ်အောင် တွန်းဖယ် နှင်ကုန် စုန်သောလေတို့မည်သည်၊ ကုစ္ဆိသယာ ဝါတာနာမ– ဝမ်းတွင်း အူပြင်ပ၌ တည်ကုန်သော လေတို့မည်သည်။ ပ။ ဝိတ္ထမ္ဘနာကာရော– တောင့်တင်းခိုင်ခံ့ထောက်ပံ့ ရွေ့တွား လှုပ်ရှားသော အခြင်းအရာသာတည်း။ ဝါယောဓာတု– လေဓါတ်သဘော တည်း”ဟု ရှုပုံကို ပြတော်မူ၏။

ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးသည်လည်း လက္ခဏာဒီပနီကျမ်း (၉၈) ၌- “ကုစ္ဆိသယော- ဝမ်း၌ကိန်းသောလေ၊ ကောဋ္ဌာသယော– အူအတွင်း၌ကိန်းသော လေ၊ ဥဒ္ဓင်္ဂမော- အထက်သို့ဆန်တက်သောလေ၊ အဓောဂမော– အောက်သို့သက်သော လေ။ ပ။ ဣမေပိ- ဤလေတို့သည်လည်း၊ နိဿတ္တာ- သူသူငါငါ သတ္တဝါမဟုတ်ကုန်” ဟူ၍၄င်း၊ ၄င်းကျမ်း နှာ(၁၄၄)၌- “တောင့်မှု တင်းမှု တွန်းမှု ရွှေ့မှု ဝှေ့တွန်းမှု ရွေ့ရှားမှု ကို ပရမတ်နှစ် လေအစစ်ဟု မြင်အောင်ကြည့်” ဟူ၍၄င်း၊ အလင်းကျမ်း နှာ(၂၆)၌- “ဝိတ္ထမ္ဘနံ– ထောက်ကန်တောင့်တင်းမှုသည်၄င်း၊ သမု ဒီရဏံ– လှုပကြွ်ကရွေ့ရှားမှုသည်၄င်း၊ ဝါယော- ပရမတ်နှစ် လေအစစ်တည်း” ဟူ၍၄င်း၊ အနတ္တဒီပနီကျမ်းသစ် နှာ(၃၈)၌– ဝါယောဓာတ်ဆိုသည်ကား ထောက်ကန်မှု၊ ဖေါင်းပွမှု၊ ကြွရွမှု၊ လှုပ်ရှားမှု၊ တွန်းဝှေ့မှု၊ လွင့်ပါးမှုကိုဆိုသည်” ဟူ၍၎င်း မိန့်ဆိုထားပါ သည်။

မဟာစည်ဆရာတော်ဘုရားသည်လည်း ထုတ်ပြခဲ့သော မဟာရာဟုလောဝါဒ သုတ်၊ ဓာတုဝိဘင်္ဂသုတ်၊ မဟာဟတ္ထိပဒေါပမသုတ်စသော ပါဠိတော် အဋ္ဌကထာ ဋီကာ တို့နှင့်၎င်း၊ သီးလုံးဆရာတော်ကြီး၊ မဟာဝိသုဒ္ဓါရာမဆရာတော်ကြီး၊ လယ်တီဆရာတော် ကြီးအစရှိသော ရှေးရှေးဆရာတော်ဘုရားကြီးတို့၏ ပြဆိုညွှန်ကြားချက်များနှင့်၎င်း အညီပင် ကိုယ်ခန္ဓာ၌ ထင်ရှားဖြစ်ပေါ်သော သွားမှု လှုပ်ရှားမှု ယိမ်းယိုင်မှု ထောင့်ကန် တောင့်တင်းမှု ကွေးမှု ဆန့်မှု ဝမ်းဗိုက်၏ ဖေါင်းမှုပိန်မှုစသော ဝါယောဓါတ်ဟူသမျှကို ဝိပဿနာရှုရန် ညွှန်ကြားပြသတော်မူပါသည်။

မဟာစည်ဆရာတော်၏ ဆဋ္ဌမအကြိမ်ရိုက် ဝိပဿနာရှုနည်းကျမ်း ဒုတိယတွဲ (နှာ ၃-၄-၅)တို့၌လည်းကောင်း၊ ပဉ္စမအကြိမ်ရိုက် ကမ္မဋ္ဌာန်းတရားအားထုတ်ရခြင်း အကြောင်း စာအုပ်ငယ် (နှာ ၄၄-၄၉)တို့၌လည်းကောင်း၊ အောက်ပါအတိုင်း ရှင်းလင်း ပြဆိုထား၏။

ဝမ်းဗိုက်၏ဖေါင်းခိုက်ပိန်ခိုက်၌ ထင်ရှားသော တောင့်တင်းမှု လှုပ်ရှားမှုများ သည် ဝါယောဓါတ် ဖေါဋ္ဌဗ္ဗရုပ် ဖြစ်သောကြောင့် “ဖေါင်းတယ်ပိန်တယ်”ဟု ရှုမှတ်လျက် ၎င်းတောင့်တမှု လှုပ်ရှားမှုတို့ကို မှန်ကန်စွာသိခြင်းသည် -

“ရူပံ ဘိက္ခဝေ ယောနိသော မနသိကရောထ၊ ရူပါနိစ္စတဉ္စ ယထာဘူတံ သမနုဿထ- ရဟန်းတို့ ရုပ်ကို သင့်လျော်မှန်ကန်စွာ နှလုံးသွင်းကြ ရှုကြကုန်လော့။ ရုပ်၏မမြဲခြင်းကိုလည်း ဟုတ်တိုင်းမှန်စွာ ရှုကြကုန်လော့”။ (သံ-၂-၄၂)

“အနိစ္စညေဝ ဘိက္ခဝေ ဘိက္ခုရူပံ အနိစ္စန္တိ ပဿတိ၊ သာဿ ဟောတိ သမ္မာဒိဋ္ဌိ- ရဟန်းတို့၊ ရဟန်းသည် မမြဲသည်သာလျှင် ဖြစ်သောရုပ်ကို မမြဲဟုရှုမြင်၏။ ထိုရဟန်း၏ ထိုရှုမြင်ခြင်းသည် သမ္မာဒိဋ္ဌိ- အမြင်မှန်ပေတည်း”။ (သံ-၂-၄၂)

ဤသို့အစရှိသော ခန္ဓသံယုတ် ဒေသနာပါဠိတော်တို့နှင့်လည်း ညီညွတ်၏။ မဟာသတိပဋ္ဌာနသုတ်လာ ခန္ဓဓမ္မာနုပဿနာ၌လည်း အတွင်းဝင်၏။ ထို့ပြင်-

“ဖေါဋ္ဌဗ္ဗေ ဘိက္ခဝေ ယောနိသော မနသိကရောထ၊ ဖေါဋ္ဌဗ္ဗာနိစ္စတဉ္စ ယထာဘူတံ သမနုပဿထ- ရဟန်းတို့၊ တွေ့ထိရသောအာရုံတို့ကို သင့်လျော်မှန်ကန် စွာ နှလုံးသွင်းကြ ရှုကြကုန်လော့။ တွေ့ထိရသော အာရုံတို့၏မမြဲခြင်းကိုလည်း ဟုတ်တိုင်းမှန်စွာ ရှုကြကုန်လော့”။ (သံ-၂-၃၅၅)

“အနိစ္စေယေဝ ဘိက္ခဝေ ဘိက္ခု ဖေါဋ္ဌဗ္ဗေ အနိစ္စာတိ ပဿတိ၊ သာဿ ဟောတိ သမ္မာဒိဋ္ဌိ- ရဟန်းတို့၊ ရဟန်းသည် မမြဲသည်သာလျှင်ဖြစ်ကုန်သော တွေ့ထိရ သော အာရုံတို့ကို မမြဲကုန်ဟု ရှုမြင်၏။ ထိုရဟန်း၏ထိုရှုမြင်ခြင်းသည် သမ္မာဒိဋ္ဌိ- အမြင်မှန်ပေတည်း”။ (သံ-၂-၃၅၅)

“ဖေါဋ္ဌဗ္ဗေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ္ထတွေ့ထိရသော အာရုံတို့ကို ရှေးရှုသိလျှင် ပိုင်းခြားသိလျှင် တပ်မက်ပြယ်စေလျှင် ပယ်စွန့်လျှင် ဆင်းရဲကုန်ခြင်းငှါ (ဆင်းရဲကုန်ရာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်းငှါ) ထိုက်ပေ၏”။ (သံ-၂-၂၅၀)

“ဖေါဋ္ဌဗ္ဗေ အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ၊ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ- တွေ့ထိရသောအာရုံတို့ကို မမြဲဟုသိမြင်သောသူအား အဝိဇ္ဇာကို ပယ်အပ်၏။ (အဝိဇ္ဇာပျောက်ကင်း၏)၊ ဝိဇ္ဇာဉာဏ်ဖြစ်ပေါ်၏”။ (သံ-၂-၂၅၉)

ဤသို့အစရှိသော သဠာယတနသံယုတ် ဒေသနာပါဠိတော်တို့နှင့်လည်း ညီညွတ်၏။ မဟာသတိပဌာနသုတ်လာ အာယတန ဓမ္မာနုပဿနာ၌လည်း အတွင်းဝင် ၏။ ထို့ပြင်-

“ယာ စေဝ ခေါ ပန အဇ္ဈတ္တိကာ ဝါယောဓာတု၊ ယာ စ ဗာဟိရာ ဝါယောဓာတု၊ ဝါယောဓာတုရေဝေသာ၊ တံ ‘နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ-အကြင် ကိုယ်တွင်း ဝါယောဓာတ်သည်၎င်း၊ အကြင် ကိုယ်ပဝါယောဓာတ်သည်၎င်း ရှိ၏။ ၎င်းသည် ဝါယောဓာတ်ချည်းသာတည်း။ ၎င်းဝါယောဓာတ်ကို ‘ဤသည်ကား ငါ့ဥစ္စာမဟုတ်၊ ဤသည်ကား ငါမဟုတ်၊ ဤသည်ကား ငါ၏အတ္တမဟုတ်’ ဟု ဤသို့အမှန်သိသော ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ရှုမြင်အပ်၏” (မ-၂-၈၅၊ မ-၃-၂၈၅)

ဤသို့အစရှိသော ဓာတုဒေသနာ ပါဠိတော်တို့နှင့်လည်း ညီညွတ်၏။ မဟာ သတိပဋ္ဌာနသုတ်လာ ဓာတုမနသိကာရ ကာယာနုပဿနာ၌လည်း အတွင်းဝင်၏။ ထို့ပြင် ဝမ်းဗိုက်၏ဖေါင်းမှုပိန်မှု ဝါယောရုပ်သည် ရုပ်ဥပါဒါနက္ခန္ဓာ ဒုက္ခသစ္စာတရား ဖြစ်သောကြောင့်-

“ကတမဉ္စ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ပဉ္စုပါဒါနက္ခန္ဓာ တိဿ ဝစနီယံ္ထရဟန်းတို့၊ ဒုက္ခအရိယသစ္စာဟူသည် အဘယ်နည်း။ ဥပါဒါနက္ခန္ဓာငါးပါး ဟူ၍ ဖြေဆို အပ်၏”။ (သံ-၃-၃၇၃)

“ဒုက္ခံ ဘိက္ခဝေ အရိယသစ္စံ ပရိညေယျံ- ရဟန်းတို့၊ ဒုက္ခအရိယသစ္စာကို ပိုင်းခြားသိအပ်၏”။ (သံ-၃-၃၈၂)

ဤသို့အစရှိသော သစ္စဒေသနာပါဠိတော်တို့နှင့်လည်း ညီညွတ်၏။ မဟာသတိ ပဋ္ဌာနသုတ်လာ အရိယသစ္စ ဓမ္မာနုပဿနာ၌လည်း အတွင်းဝင်၏။

အထက်ပါ သာဓကပါဠိတို့ဖြင့် ဝမ်းဗိုက်၏ ဖောင်းမှုပိန်မှုဟုခေါ်သော တောင့် တင်းလှုပ်ရှားမှုကို ရှုအပ်ကြောင်းလည်း ထင်းရှား၏။ ထို ဖောင်းမှုပိန်မှုကို ရှုခြင်းဖြင့် မှန်ကန်စွာသိမြင်သော သမ္မာဒိဋ္ဌိ, ဝိဇ္ဇာဉာဏ်ဖြစ်ပေါ်၍ မိစ္ဆာဒိဋ္ဌိ, အဝိဇ္ဇာတို့ကို ပယ်နိုင် ကြောင်း, မဂ်ဖိုလ်နိဗ္ဗာန်သို့လည်း ဆိုက်ရောက်နိုင်ကြောင်းလည်း ထင်ရှား၏။

ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ- ထိုရဟန်း၏ရုပ်ကိုယ်သည် အကြင်အကြင် အခြင်းအရာဖြင့် တည်နေလျှင် ထိုထို အခြင်းအရာအားဖြင့် ထိုရုပ်ကိုယ်ကို သိ၏။ (ဒီ ၂-၂၃၂၊ မ -၇၁)

အထက်ပါ မဟာသတိပဌာနသုတ်ပါဠိတော်၌ “ယထာ ယထာ- အကြင်အကြင် အခြင်းအရာ၊ တထာ တထာ- ထိုထို အခြင်းအရာ”ဟူသော စကားတို့ဖြင့် ကိုယ်အမူ အရာ အလုံးစုံကို တိုက်ရိုက်ပြလျက်ရှိ၏။ ထို ကိုယ်အမူအရာ အလုံးစုံသည်လည်း သက်ဆိုင်ရာ အခြားသုတ်, အခြားပါဠိတို့နှင့်အညီ ဝိပဿနာရှုအပ်သော ရုပ်တရား ချည်းသာလျှင်ဖြစ်၏။ ထို ကိုယ်အမူအရာရုပ်တို့တွင် ဝိပဿနာမရှုကောင်းသော ရုပ် မည်သည် မရှိချေ။ သို့ဖြစ်၍ ဤပါဠိကိုလည်း ဤအရာ၌ သာဓကတစ်ရပ်အဖြစ်ဖြင့် မှတ်အပ်ပေ၏။

ဣဓ ပနေကစ္စော ဝုတ္တပ္ပကာရံ သမထံ အနုပ္ပါဒေတွာဝ ပဉ္စပါဒါနက္ခန္ဓေ အနိစ္စာဒီဟိ ဝိပဿတိ၊ အယံ ဝိပဿနာ။ (မ-ဌ-၁-၁၁၃)

ဤ(သာသနာ)၌ အချို့ပုဂ္ဂိုလ်သည်ကား သမထ ပုဗ္ဗင်္ဂမနည်း၌ ပြဆိုခဲ့သော သမထကို မဖြစ်စေတော့ဘဲ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို မမြဲသော အခြင်းအရာ စသည်တို့ဖြင့် ရှု၏၊ ၎င်းသည် ဝိပဿနာပေတည်း။

အထက်ပါ အဋ္ဌကထာဖြင့် သမထကို အားမထုတ်ဘဲ ဝိပဿနာကပင် စ၍ အားထုတ်ကောင်းသည်ကိုလည်း ပြ၏။

သီလဝတာ ဝုတော ကောဋ္ဌိက၊ ဘိက္ခုနာ ပဉ္စုပါဒါနက္ခန္ဓာ အနိစ္စတော ဒုက္ခတော။ ပ။ အနတ္တတော ယောနိသော မနသိကာတဗ္ဗာ။ ပ။ ဌာနံခေါ ပနေတံ အာဝုသော ဝိဇ္ဇတိယံ သီလဝါ ဘိက္ခု ဣမေ ပဉ္စုပါဒါနက္ခန္ဓေ အနိစ္စတော ဒုက္ခတော။ ပ။ အနတ္တတော ယောနိသော မနသိကရောန္တော သောတာပတ္တိဖလံ သစ္ဆိကရေယျ။ (သံ ၂ -၁၃၆)

ငါ့ရှင်ကောဌိက၊ သီလနှင့်ပြည့်စုံသော ရဟန်းသည် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စ, ဒုက္ခ, အနတ္တဟု နည်းလမ်းမှန်ကန်စွာ နှလုံးသွင်းအပ် ရှုအပ်၏။ သီလနှင့် ပြည့်စုံသော ရဟန်းသည် ဤဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု နည်းလမ်းမှန်ကန်စွာ နှလုံးသွင်းလျှင် ရှုလျှင် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင် ရန် အကြောင်းရှိပေ၏။

အထက်ပါသီလဝန္တသုတ်ဖြင့် ဥပါဒါနက္ခန္ဓာငါးပါးကို မှန်စွာရှုလျှင် သောတာပန် စသည် ဖြစ်နိုင်ကြောင်း ထင်ရှားပြ၏၊ ဖောင်းမှုပိန်မှုသည် ဥပါဒါနက္ခန္ဓာ၌ပါဝင်သော ဝါယောရုပ်ပေတည်း။

သဗ္ဗံ ဘိက္ခဝေ အဘိညေယျံ၊ ကိဉ္စ ဘိက္ခဝေ သဗ္ဗံ အဘိညေယျံ၊ စက္ခုံ ဘိက္ခဝေ အဘိညေယျံ၊ ရူပါအဘိညေယျံ၊ စက္ခုဝိညာဏံ အဘိညေယျံ၊ စက္ခုသမ္ဖေဿာ အဘိညေယျော၊ ယမ္ပိဒံ စက္ခု သမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခ မသုခံ ဝါ၊ တမ္ပိ အဘိညေယျံ၊ သောတံ အဘိညေယျံ၊ သဒ္ဒါအဘိညေယျာ။ ပ။ ဃာနံ အဘိညေယျံ၊ ဂန္ဓာ အဘိညေယျာ။ ပ။ ဇိဝှာ အဘိညေယျာ၊ ရသာ အဘိညေ ယျာ။ ပ။ ကာယော အဘိညေယျော၊ ဖောဋ္ဌဗ္ဗ အဘိညေယျာ။ ပ။ မနော အဘိညေ ယျော၊ ဓမ္မာ အဘိညေယျာ။ ပ။ (သံ-၃-၂၅၈)

ရဟန်းတို့ အလုံးစုံကို ရှေးရှုပြု၍ သိအပ်၏။ အဘယ်အလုံးစုံကို ရှေးရှုပြု၍ သိအပ်သနည်းဟူမူ- ရဟန်းတို့၊ မျက်စိကို ရှေးရှုပြု၍ သိအပ်၏၊ အဆင်းတို့ကို ရှေးရှုပြု ၍ သိအပ်ကုန်၏၊ မြင်သည့်စိတ်ကို မျက်စိအတွေ့ကို ရှေးရှုပြု၍ သိအပ်၏။ မျက်စိ အတွေ့ကြောင့် ချမ်းသာသောခံစားမှု ဖြစ်စေ, ဆင်းရဲသောခံစားမှု ဖြစ်စေ, မဆင်းရဲ မချမ်းသာသော ခံစားမှုဖြစ်စေ ဖြစ်ပေါ်၏။ ထိုခံစားမှုကို ရှေးရှုပြု၍ သိအပ်၏။

နားကို ရှေးရှုသိအပ်၏၊ အသံတို့ကို ရှေးရှုသိအပ်ကုန်၏။ ပ။ နှာခေါင်းကို, အနံ့, တို့ကို ရှေးရှုသိအပ်ကုန်၏။ ပ။ လျှာကို အရသာတို့ကို ရှေးရှုသိအပ်ကုန်၏။ ပ။ နှလုံးကို, သဘောအာရုံတို့ကို, ရှေးရှုသိအပ်ကုန်၏။ ပ။ အထက်ပါ အဘိညေယျသုတ် ဖြင့် ဒွါရ ၆-ပါး၌ ထင်ရှားပေါ်လာသမျှ ရုပ်နာမ်အလုံးစုံကို ရှုမှတ်၍ သိအပ်ကြောင်း ထင်ရှားပြ၏။ ဝမ်းဗိုက်၏ဖောင်းမှုပိန်မှုသည် ကာယဒွါရ၌ထင်ရှားသော ဝါယောဖောဋ္ဌဗ္ဗ ရုပ်ဖြစ်၍ ၎င်းကိုလည်း ရှုအပ်ကြောင်းထင်ရှား၏။

သဗ္ဗံ ဘိက္ခဝေ ပရိညေယျံ၊ ကိဉ္စ ဘိက္ခဝေ သဗ္ဗံ ပရိညေယျံ၊ စက္ခုံ ဘိက္ခဝေ ပရိညေယျံ၊ ရူပါ ပရိညေယျာ၊ စက္ခုဝိညာဏံ ပရိညေယျံ။ ပ။ ကာယော ပရိညေယျော၊ ဖောဋ္ဌဗ္ဗာ ပရိညေယျာ၊ ကာယဝိညာဏံ ပရိညေယျံ။ ပ။ မနော ပရိညေယျော၊ ဓမ္မာပရိ ညေယျာ၊ မနောဝိညာဏံ ပရိညေယျံ။ ပ။ (သံ ၂-၂၅၈)

ရဟန်းတို့၊ အလုံးစုံကို ပိုင်းခြား၍ သိအပ်၏။ အဘယ် အလုံးစုံကို ပိုင်းခြား၍ သိအပ်သနည်းဟူမူ- ရဟန်းတို့၊ မျက်စိကို ပိုင်းခြား၍ သိအပ်၏။ ပ။ အဆင်းတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏၊ မြင်စိတ်ကို ပိုင်းခြား၍ သိ

အပ်၏။ ပ။ ကိုယ်ကို ပိုင်းခြား၍ သိအပ်၏၊ အတွေ့ကို ပိုင်းခြား၍သိအပ်ကုန်၏။ ထိသိစိတ်ကို ပိုင်းခြား၍ သိအပ်၏။ ပ။ နှလုံးကို, သဘောအာရုံတို့ကို, ကြံသိစိတ်ကို ပိုင်းခြား၍ သိအပ်၏။ ပ။

အထက်ပါ ပရိညေယျသုတ်ဖြင့်လည်း ဒွါရ ၆-ပါး၌ ထင်ရှားပေါ်လာသမျှ ရုပ်နာမ်အလုံးစုံကိုပင် အဖြစ်အပျက် အနိစ္စလက္ခဏာ စသည်တို့ဖြင့် ပိုင်းခြား၍ သိအပ်ကြောင်း ထင်ရှားပြ၏။ ဝမ်းဗိုက်၏ ဖောင်းမှုပိန်မှုသည် ကာယဒွါရ၌ ထင်ရှားသော ဝါယောဖောဋ္ဌဗ္ဗရုပ်ဖြစ်၍ ၎င်းကိုလည်း ရှုအပ်ကြောင်းထင်ရှား၏။