ဋီကာသံဂါယနာ

Author By - ဖြည့်စွက်ရန်

test

ဋီကာသံဂါယနာ

Author By - ဖြည့်စွက်ရန်

20 စာမျက်နှာ

၁၃၂၂ - ခု တန်ဆောင်မုန်းလပြည့်ကျော် ()ရက် (-၁၁-၆၀) စနေနေ့ ()နာရီခွဲအချိန်တွင် ကမ္ဘာအေး၊ ဆဋ္ဌသံဂီတိမဟာပါသာဏဂုဟာ လိုဏ်ဂူကြီး၌ ဋီကာသံဂါယနာ ပဌမသန္နိပါတဖွင့်ပွဲ အခမ်းအနားကို ကျင်းပလေသည်။

မွန်းလွဲ - နာရီခွဲအချိန်တွင် အခမ်းအနား စတင်ဖွင့်လှစ်ကြောင်းကို ထိုးစည်နှင့် စည်တော် ၁၀ ချက်ဖြင့် အချက်ပေးလေသည်။

ထို့နောက် ဝန်ဆောင်သံဃအဖွဲ့ အကျိုးဆောင် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနာဂဝံသ (ဗားကရာတောရဆရာတော်)က ဋီကာသံဂါယနာ ပဌမသန္နိပါတအခါကြား ကြေညာစာတမ်းကို (ပါဠိ - မြန်မာနှစ်ဘာသာဖြင့်)လျှောက်ထားကြေညာတော်မူလေသည်။

ထိုအချိန်တွင် မြန်မာနိုင်ငံတော် သမ္မတကြီးက သံဂါယနာသဘင်ကို ဖယောင်းတိုင် အမွှေးတိုင်များ ထွန်းညှိ၍ပူဇော်လေသည်)

ထို့နောက် သံဃမဟာထေရ်ဖြစ်တော်မူသော ရေစကြိုမြို့ အဂ္ဂမဟာပဏ္ဍိတ အောင်မြေသာယာ သူဌေးတိုက်ဆရာတော်ဘုရားကြီးက ဝန်ဆောင် သံဃအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသူရိယာဘိဝံသ (မစိုးရိမ်ဆရာတော်ဘုရားကြီး)အား ဋီကာသံဂီတိသံဃနာယက မဟာထေရ် အဖြစ်ဖြင့် ဆောင်ရွက်ရန်အလို့ငှာ (ပါဠိဘာသာဖြင့်) သမ္မုတိ ပေးတော်မူလေသည်။ (ထိုအခါ သံဃာတော်များက သဘောတူညီကြကြောင်း သာဓုသုံးကြိမ်မြွက်ဆိုကြပြီးလျှင် ကြေးစည်နှင့် ခရုသင်းများကိုလည်း တီးမှုတ်ကြလေသည်။)

ထို့နောက် ကြွရောက်လာကြသော ပရိသတ်များက သံဃနာယက မဟာထေရ်ထံမှ ငါးပါးသီလ ခံယူကြပြီးလျှင် သံဃနာယက မဟာထေရ်က မိန့်ခွန်းစကားမြွတ်ကြားတော်မူလေသည်။

ထို့နောက် နိုင်ငံတော် သမ္မတကြီး အဂ္ဂမဟာသီရိသုဓမ္မဦးဝင်းမောင်၊ နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု၊ သာသနာရေးဝန်ကြီး ဦးဘစောတို့က သံဂီတိကာရက ဆရာတော်များအား အသီးသီးလျှောက်ထားကြလေသည်။