ဆဋ္ဌသံဂါယနာမှတ်တမ်း

Author By - ဖြည့်စွက်ရန်

test

ဆဋ္ဌသံဂါယနာမှတ်တမ်း

Author By - ဖြည့်စွက်ရန်

240 စာမျက်နှာ


နိဒါန်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သစ္စာလေးဆူ၊ အောင်လံထူလျက်၊ ပြိုင်သူဘက်ကင်း၊ တရားမင်းဖြစ်တော်မူသော ဗုဒ္ဓရှင်တော် ဘုရားသည် ၄၅ နှစ်အတွင်း ဟောကြားတော်မူအပ်သော တရားတော်တို့ကို ကြွသွားနိဗ္ဗာန် ဝင်စံတော်မူပြီးနောက် လေးလအကြာတွင် () ရာဇဂြိုဟ်ပြည်၌ ပဌမသံဂါနာတင်ခြင်း () အနှစ်တစ်ရာ အကြာတွင် ဝေသာလီပြည်၌ ဒုတိယသံဂါယနာတင်ခြင်း () အနှစ် ၂၃၅ နှစ်အကြာတွင် ပဋလိပုတ်ပြည်၌ တတိယသံဂါယနာတင်ခြင်း () အနှစ် ၄၅၀ ကျော်တွင် သီဟိုဠ်ကျွန်း၌ စတုတ္ထသံဂါယနာတင်ခြင်း ()အနှစ် ၂၄၁၅ အကြာတွင် မြန်မာနိုင်ငံ၊ မန္တလေးရွှေမြို့တော်၌ ပဉ္စမသံဂါယနာ တင်တော်မူခြင်းတို့ကို ပြုတော်မူခဲ့ကြပေကုန်၏။

ယခုတဖန် “() မြတ်စွာဘုရားဟောကြားတော်မူအပ်သော နိကာယ်ငါးရပ်တို့ကို အထပ်ထပ် အဆင့်ဆင့် ရေးကူးရာ၌ သတိချွတ်ယွင်းရေးမှားမိခြင်းဟု ဆိုအပ်သော ပမာဒလေခ (ပါဠိပျက်)များကို အထူးသန့်ရှင်းစင်ကြယ်စေလိုသောကြောင့်လည်းကောင်း () ထိုစင်ကြယ်သော ပိဋကတော်များကို စက်တင်ပုံနှိပ်၍ ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့စေခြင်းအားဖြင့် အဓွန့်ရှည်စွာ တည်စေလိုသောကြောင့် လည်းကောင်း () လွတ်လပ်သော မြန်မာနိုင်ငံတော်နှင့်တကွ ဗုဒ္ဓဘာသာနိုင်ငံ အားလုံးတို့က သာသနာတော်ကို စုပေါင်းအားပေးချီးမြှောက်လိုသောကြောင့်လည်းကောင်း ဆဋ္ဌသံဂါယနာတင်တော်မူ ကြသည်ဟူ၍၊ မြန်မာ, ယိုးဒယား, သီဟိုဠ်, ကမ္ဗောဇ, လော ဟူသည့် ထေရဝါဒ ငါးနိုင်ငံရှိ သံဃာတော် အရှင်မြတ်တို့၏ ဆုံးဖြတ်တော်မူချက်အရ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ရန်ကုန်မြို့ ရေကူးရပ် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်အနီး ဆဋ္ဌသံဂီတိ မဟာပါသာဏဂုဟာ (ခေါ်) လိုဏ်ဂူတော်ကြီးအတွင်း၊ သာသနာတော် ၂၄၉၈၊ မြန်မာဂေါဇာ ၁၃၁၆ ခု၊ ကဆုန်လပြည့်၊ အင်္ဂလိပ် ၁၉၅၄ ခု၊ မေလ (၁၇)ရက်နေ့မှစ၍ နှစ်နှစ်တိုင်တိုင် ကျင်းပသည့် ဆဋ္ဌသံဂါယနာပွဲတော်ကြီးတွင် ပြည်တွင်းမှ သံဃာတော် ၂၄၇၃ ပါး၊ ကမ္ဘာအရပ်ရပ်မှ ၁၄၄ ပါးတို့နှင့်တကွ ပြည်တွင်းပြည်ပမှ ကိုယ်စားလှယ်တော် အမြောက်အများတို့ ()ရက်တိုင်တိုင် ကျင်းပအပ်သော ဖွင့်လှစ်ပွဲအခမ်းအနားကြီးနှင့်တကွ ပဌမ, ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမ သန္နိပါတ ငါးခုလုံး၌ မြွက်ကြားသော မိန့်ခွန်းများ၊ လျှောက်ထားသော လျှောက်ထားချက်များ၊ ဖတ်လျှောက်သော သဝဏ်လွှာများနှင့်ဆောင်ရွက်သော ကိစ္စ အရပ်ရပ်ကို ဆိုင်ရာဓါတ်ပုံများနှင့် ပူးတွဲလျက် နောင်အစဉ် သတိရကြည်ညိုနိုင်ကြစေခြင်း အကျိုးငှါ ဆဋ္ဌသံဂါယနာမှတ်တမ်းကို ရိုက်နှိပ်ဖြန့်ဝေလိုက်ရ ပေသတည်း။


နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့

ရေကူး- ရန်ကုန်မြို့

မြန်မာနိုင်ငံတော်