ဆဋ္ဌသံဂါယနာမော်ကွန်း

Author By - ဖြည့်စွက်ရန်

test

ဆဋ္ဌသံဂါယနာမော်ကွန်း

Author By - ဖြည့်စွက်ရန်

၂၉ စာမျက်နှာ


ဆဋ္ဌသံဂါယနာတင်ရန်ဆုံးဖြတ်ခြင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိ သံဃာတော်နှင့် ဗုဒ္ဓဘာသာဝင်တို့၏ ဆန္ဒနှင့်အညီ ဆဋ္ဌသံဂါယနာ မဟာဓမ္မသဘင် ကျင်းပရေးအတွက် ထောက်ပံ့ရန် နိုင်ငံတော်အစိုးရ၌ ဆန္ဒဖြစ်ပေါ်ခဲ့လေသည်။

၁၃၁၃ - ခု၊ သီတင်းကျွတ်လဆန်း ()ရက် (ခရစ် ၁၉၅၁ ခု၊ အောက်တိုဘာလ ရက်)နေ့တွင် ပြည်ထောင်စု ပါလီမန် အစည်းအဝေးကြီး၌ ကမ္ဘာသူ ကမ္ဘာသားများ မျက်မှောက်တွေ့ကြုံနေရသော ပြဿနာများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းရာ၌ လောကီကြီးပွားရေး အစီအစဉ်များနှင့်သာ တင်းတိမ်မနေဘဲ ထိုပြဿနာတို့၏ အကြောင်းရင်းဖြစ်သော လောဘ ဒေါသ မောဟ မီးတို့ကို ငြိမ်းစေရန် ဘာသာရေး အစီအစဉ်များကိုလည်း ပြုလုပ်ပေးကြရဦးမည်ဟူသောမူကို ပြည်ထောင်စု ပါလီမန်က အကြွင်းမဲ့ယုံကြည်ကြောင်း အညီအညွတ်ဆုံးဖြတ်ချက်ချမှတ်ကြသည်။

သံဂါယနာဆိုင်ရ စီစဉ်ရေးကိစ္စများကို နိုင်ငံတော်အစိုးရက နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့သို့ ၁၃၁၃ - ခု၊ သီတင်းကျွတ်လပြည့်ကျော် (၁၃)ရက် (ခရစ် ၁၉၅၁ ခု၊ အောက်တိုဘာလ ရက်နေ့) တွင်လွှဲအပ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရ ဆရာတော်ကြီးများ၊ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် ဝိနည်းဓိုရ် ဆရာတော်ကြီးများ ပါဝင်သော သံဃအစည်းအဝေး သုံးကြိမ်ကျင်းပ၍ အောက်ပါအတိုင်း ဆုံးဖြတ်တော်မူကြသည်။

()       ထေရဝါဒနိုင်ငံများဖြစ်သော မြန်မာ၊ သီဟိုဠ်၊ ထိုင်း၊ ကမ္ဗောဇနှင့် လော တို့ပူးပေါင်း ကြီးမှူးသည့် သံဂါယနာမဟာဓမ္မသဘင်းကို ဆင်ယင်ကျင်းပရန်။

()       ထိုသံဂါယနာတွင် ဘုရားဟော ပါဠိတော်များ၌ ပမာဒလေခပုဒ်ပါဌ်များကို သုဓ်သင်ပြင်ဆင်ရန်။

()       ထိုသုဓ်သင်ပြင်ဆင်ပြီး ပါဠိတော်များကို သံဂါယနာတင်ပြီးလျှင် ပုံနှိပ်၍ ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့စေလျက် အဓွန့်ရှည်စွာတည်စေရန်။

()       ထိုသံဂါယနာကို ဆဋ္ဌသံဂါယနာဟု ခေါ်တွင်စေရန်။

သံဂါယနာကိစ္စများအတွက် ဝန်ဆောင်သံဃအဖွဲ့ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့တို့အား အခါအားလျော်စွာ သြဝါဒပေးတော်မူရန် အဂ္ဂမဟာပဏ္ဍိတဘွဲ့ရ ဆရာတော်ကြီးများ၊ နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် ဝိနည်းဓိုရ်ဆရာတော်ကြီးများ ပါဝင်သည့် သြဝါဒါစရိယ သံဃနာယကအဖွဲ့ကို ဖွဲ့စည်းတော်မူကြသည်။

သံဃာတော်ဆိုင်ရာကိစ္စများကို ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်မှ သံဃ ကိုယ်စားလှယ်တော် နှစ်ဆယ့်ငါးပါး၊ သီဟိုဠ်  ထိုင်း ကမ္ဗောဇနှင့် လောနိုင်ငံတော်တို့မှ ကိုယ်စားလှယ်တော် တစ်ပါးစီပါဝင်သော ဘာရနိတ္ထာရက သံဃသဘာ (သံဂါယနာ ဝန်ဆောင်သံဃအဖွဲ့)ကို ဖွဲ့စည်းတော်မူကြသည်။

ဝန်ဆောင်သံဃအဖွဲ့၌ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တရေဝတာဘိဝံသ (ညောင်ရမ်းဆရာတော်ဘုရား)က ဥက္ကဋ္ဌအဖြစ်ဖြင့်လည်းကောင်း၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည (ဘုရားကြီးဆရာတော်)က ဒုတိယဥက္ကဋ္ဌအဖြစ်ဖြင့်လည်းကောင်း၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာဂဝံသ (ဗားကရာတောရဆရာတော်) နှင့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိသုဒ္ဓါဘိဝံသ (ဝိဇ္ဇာလင်္ကာရဆရာတော်)တို့က အကျိုးဆောင်များ အဖြစ်ဖြင့် လည်းကောင်း ဆောင်ရွက်တော်မူကြသည်။ ၁၃၁၆-ခု၊ တပို့တွဲလပြည့်နေ့တွင် ညောင်ရမ်း ဆရာတော်ဘုရားကြီး ဘဝနတ်ထံ စံလွန်တော်မူသဖြင့် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ သူရိယာဘိဝံသ (မစိုးရိမ်ဆရာတော်ဘုရား)က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တော်မူသည်။