ဩဝါဒတော်များ

Author By - မဟာစည်ဆရာတော်ဘုရားကြီး

(၁၉၇၆/၇၇-ခုနှစ်မှ/၁၉၈၁/၈၂-ခုနှစ်ထိ) ဩဝါဒတော်များ

ဩဝါဒတော်များ

Published Date - 1982

Author By - မဟာစည်ဆရာတော်ဘုရားကြီး

50 စာမျက်နှာ


နိဒါန်း 


ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ဘုရားကြီး ဖြစ်တော်မူသဖြင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် နှစ်ပတ်လည် သင်းလုံးကျွတ်စည်းဝေးတိုင်းပင် ဆရာတော်ဘုရားကြီး၏ ဩဝါဒတော်ကို ခံယူတော်မူလေ့ရှိပါသည်။

ဆရာတော်ဘုရားကြီးသည်လည်း ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီး၏ နှစ်ပတ်လည်အစည်းအဝေးများ ကျင်းပတိုင်းပင် လွန်စွာ အရေးထားတော်မူ၍ ဩဝါဒတော်များကို ပေးလေ့ရှိပါသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကလည်း နှစ်စဉ် ပေးသနားတော်မူသော ဩဝါဒတော်များကို တိပ်ဖြင့် အသံဖမ်းယူ၍ အမြတ်တနိုး သိမ်းယူထားရှိကာ လိုက်နာကျင့်သုံးသကဲ့သို့ပင် ဆရာတော်ဘုရားကြီး၏ ဩဝါဒခံများဖြစ်ကြသော အများပြည်သူ ရဟန်း ရှင် လူ ယောဂီ အပေါင်းတို့လည်း လိုက်နာကျင့်သုံးနိုင်ရန် အလို့ငှါ စာအုပ်အဖြစ် ပုံနှိပ်ဝေငှခဲ့သည်လည်းရှိခဲ့ပါသည်။

ယခုတဖန် ၁၉၇၆/၇၇ ခုနှစ်မှ ၁၉၈၁/၈၂ ခုနှစ်အတွင်း မိန့်ကြားတော်မူခဲ့သော ဩဝါဒတော်များကို ပြန်လည်စုစည်း၍ ဆရာတော်ဘုရား ကျင့်သုံးနိုင်ရန်အလို့ငှါ စာတစ်အုပ်တည်းဖြင့် ပုံနှိပ်ဖြန့်ချီအပ်ပါသည်။

ဤသို့ ပုံနှိပ်ဖြန့်ချီသောအားဖြင့် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ မွန်မြတ်သော ဆန္ဒတော်နှင့်အညီ ဩဝါဒခံ တပည့်ရဟန်းရှင်လူ အပေါင်းတို့သည် အမှတ်တရ လမ်းညွှန် ဩဝါဒပေးချက်များကို မမေ့မလျော့ လိုက်နာကျင့်သုံးလိမ့်အံ့ဟု အလေးအနက် ယုံကြည်ကိုးစားတာ အဖွဲ့ချုပ်အနေဖြင့် သာသနာ၏အကျိုးငှါ မျှော်လင့်အပ်ပါသတည်း။

 

မင်းဆွေ

အတွင်း​ရေးမှူး

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်

မဟာစည်သာသနာ့ရိပ်သာ၊ ရန်ကုန်မြို့။