ရက်လည်ဆွမ်းအနုမောဒနာတရား

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ကွယ်လွန်သူ ဒေါ်သဲအတွက် အထိမ်းအမှတ်တရပ်အနေအားဖြင့် စက်တင်ပုံနှိပ်ခြင်း

ရက်လည်ဆွမ်းအနုမောဒနာတရား

Published Date - 1964

Author By - မဟာစည်ဆရာတော်ဘုရားကြီး

53 စာမျက်နှာ


ဤစာအုပ်ကလေး

 

ဤစာအုပ် ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းမှာ ၁၃၂၂-ခု သီတင်းကျွတ်လဆန်း ၂-ရက်နေ့က ကွယ်လွန်ရှာသော ရန်ကုန်မြို့၊ ကျောက်မြောင်း လှဝိဇ္ဇာ ဇာဘော်လီ ကုမ္ပဏီ ဦးကြည် ဒေါ်ကြွေတို့၏ မိခင်ကြီး ဒေါ်သဲကို ရည်စူး၍ ၁၃၂၂-ခု သီတင်းကျွတ်လဆန်း ၈-ရက်နေ့၌ ရက်လည်ဆွမ်းသွတ်ရာတွင် ကျေးဇူးရှင် ‘အဂ္ဂမဟာပဏ္ဍိတ’ မဟာစည် ဆရာတော်ဘုရားကြီးက ရက်လည်ဆွမ်း အနုမောဒနာတရား ချီးမြှင့်တော်မူခဲ့သည်။

၎င်းတရားတော်ကို တိတ်ရီကော်ဒါဖြင့် အသံဖမ်းယူထားခဲ့သောကြောင့် ၎င်းအသံကို စာဖြင့်ကူးယူ၍ ဒေါ်သဲ ကွယ်လွန်သည့် ၂-နှစ်မြောက် အထိမ်းအမှတ် ရည်စူးအလှူပွဲတွင် ဦးကြည် ဒေါ်ကြွေတို့က ဓမ္မဒါနအဖြစ် ဝေငှရန် စီစဉ်ခဲ့ပါသည်။

သို့ပါသောကြောင့် ဤ “ရက်လည်ဆွမ်း အနုမောဒနာတရား” စာအုပ်ကလေးမှာ ကွယ်လွန်သူ ဒေါ်သဲအတွက် အထိမ်းအမှတ်တရပ်အနေအားဖြင့် စက်တင်ပုံနှိပ်ခြင်း ဖြစ်ပါသတည်း။

 

မင်္ဂလာအောင်မြင့်

(တာဝန်ယူ ဆောင်ရွက်ပေးသူ)

၅/၆၊ စိန်မေတ္တာလမ်း၊ ဟာမစ်တိတ်၊ ရန်ကုန်မြို့

၁၃၂၆-ခု သီတင်းကျွတ်လဆန်း ၈-ရက်