တိုးချဲ့ဆောင်စင်္ကြံနှင့် သုံးထပ်တိုက်ကျောင်းများ ရေစက်ချအနုမောဒနာ

Author By - မဟာစည်ဆရာတော်ဘုရားကြီး

(၄ )ခုသော ကျောင်းဆောင်ကြီးများကို ရေစက်ချပွဲ ကျင်းပသည့် နေ့ထူးနေ့မြတ်

တိုးချဲ့ဆောင်စင်္ကြံနှင့် သုံးထပ်တိုက်ကျောင်းများ ရေစက်ချအနုမောဒနာ

Published Date - 1982

Author By - မဟာစည်ဆရာတော်ဘုရားကြီး

43 စာမျက်နှာ

၁၃၄၃ ခုနှစ်၊ တန်ခူးလဆန်း (၄)ရက်၊ တနင်္ဂနွေနေ့တွင်

ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ၌ ကျင်းပသော

ကျောင်းတော်များနှင့် စင်္ကြံ ရေစက်သွန်းချအမျှပေးဝေပွဲတွင်

ကျေးဇူးတော်ရှင်

မဟာစည်ဆရာတော်ဘုရားကြီး

ဟောကြားတော်မူသော

သြဝါဒတရားတော် နှင့် အနုမောဒနာ 

 

ဒီကနေ့ဟာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ လွန်ခဲ့သော ၂ နှစ်အတွင်းက စပြီး တည်ထောင်ခဲ့တဲ့ ၃ ထပ်ကျောင်းဆောင်ကြီး ၂ ခုရယ်၊ ဘုန်းကြီးနေရာ ကျောင်းဆောင်ကြီးနှင့် ဆက်စပ်၍ တိုးပွားဆောက်လုပ်တဲ့ ဓမ္မာရုံကျောင်းဆောင်ကြီးရယ်၊ စင်္ကြံတော် ကျောင်းဆောင်ကြီးရယ်၊ ဒီ ၄ ခုသော ကျောင်းဆောင်ကြီးများကို ရေစက်ချပွဲ ကျင်းပသည့် နေ့ထူးနေ့မြတ်လဲဖြစ်တယ်။

ဒါကြောင့် ဘုန်းကြီးက ယခုနေအခါမှာ အဲဒီ ကျောင်းတော်ကြီး (၄)ခု ရေစက်ချပွဲအတွက် သြဝါဒပေးတဲ့အနေဖြင့် တရားဟောပြောမှုကို စပြီးဆောင်ရွက်ရမယ်။ ဟောမည့်တရားကတော့ ၁၃၃၀ ခုနှစ်က မဟာစည်ကျောင်းတော်ကို ရေစက်ချပွဲကျင်းပစဉ်မှာ ဟောခဲ့တဲ့ တရားတော်ကို အရင်းခံပြုပြီး အတိုချုပ်လောက် ဟောပြောရမှာပါပဲ။