ဓမ္မစကြာ၊အနတ္တလက္ခဏသုတ်၊ မဟာသတိပဋ္ဌာန် (အသံလွှင့်တရား)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

တစ်ခါတစ်ရံ၌ သက်ဆိုင်ရာတို့က လျှောက်ထားသောအခါ မြန်မာ့အသံလွှင့်ဌာနမှလည်း ဟောကြားတော်မူလေ့ရှိပါသည်။

ဓမ္မစကြာ၊အနတ္တလက္ခဏသုတ်၊ မဟာသတိပဋ္ဌာန် (အသံလွှင့်တရား)

Published Date - 1957

Author By - မဟာစည်ဆရာတော်ဘုရားကြီး

111 စာမျက်နှာ


ဤစာအုပ်နိဒါန်း

ဘဝတု သဗ္ဗမင်္ဂလံ 

ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ၌ သီတင်းသုံးတော်မူသော ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး သည် ၁၃၁၁ ခုနှစ်၊ နတ်တော်လပြည့်နေ့မှစ၍ ပဋိပတ္တိ သာသနာတော် ပြန့်ပွားရန်အလို့ငှာ ရဟန်းရှင်လူ သူတော်စင် အပေါင်းတို့အား ဝိပဿနာလုပ်ငန်းဆိုင်ရာ ကမ္မဋ္ဌာန်းတရားတို့ကို (၁)ဟောလည်း ဟောကြားတော်မူခဲ့ပါသည်။ (၂) ပြလည်း ပြသတော်မူခဲ့ပါသည်။

၁။        ဤသို့ ဝိပဿနာလုပ်ငန်းဆိုင်ရာ ကမ္မဋ္ဌာန်းတရားတို့ကို ပြသတော်မူခဲ့သောကြောင့် ရန်ကုန်မြို့နှင့်တကွ မြန်မာပြည်အရပ်ရပ်တွင်၎င်း, သီဟိုဠ် ယိုးဒယားစသော နိုင်ငံများတွင်၎င်း ကမ္မဋ္ဌာန်း ဌာနများ, ကမ္မဋ္ဌာန်းတရားပွားများ ရှုမှတ်ကြသည့် ပုဂ္ဂိုလ်များ အမြောက်အမြား ပေါ်ပေါက်ခဲ့ ပါသည်။ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ၊ ကမ္မဋ္ဌာန်းဌာနတစ်ခုတည်း၌ပင် ၁၃၁၁ ခုနှစ်မှစ၍ ၁၃၂၅ ခုနှစ်အထိ ကမ္မဋ္ဌာန်းတရားပွားများ ရှုမှတ်ပြီးသူ ရဟန်း ရှင် လူ သူတော်စင်အပေါင်း (၁၅၄၁၁) ယောက်ရှိခဲ့ပါသည်။

၂။        ဝိပဿနာ လုပ်ငန်းဆိုင်ရာ ကမ္မဋ္ဌာန်းတရားတို့ကိုလည်း ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဖလ်ယဉ် ဓမ္မာရုံ၌ ဥပုသ်နေ့တိုင်း ဆရာတော်ဘုရားကြီးကိုယ်တော်တိုင်၎င်း, ဆရာတော်ဘုရားကြီးသည် နယ်သို့ ကြွတော်မူပါက တပည့် ကမ္မဋ္ဌာန်းဆရာတစ်ပါးက၎င်း ဟောကြားတော်မူလေ့ရှိပါသည်။

ထို့ပြင် အခါအားလျော်စွာ အမြို့မြို့ အရွာရွာသို့ ကြွရောက်တော်မူ၍ ဟောကြားတော်မူလေ့ရှိသည့်အပြင် တစ်ခါတစ်ရံ၌ သက်ဆိုင်ရာတို့က လျှောက်ထားသောအခါ မြန်မာ့အသံလွှင့်ဌာနမှလည်း ဟောကြားတော်မူလေ့ရှိပါသည်။

ဤသို့ ဟောကြားတော်မူခဲ့သည့် တရားတော်များတွင် အချို့သော တရားတော်များကို အသံဖမ်းယူ၍ အသံမှ စာအဖြစ်သို့ ကူးယူကာ စာအုပ်အဖြစ် ပုံနှိပ်၍ ဖြန့်ချီခဲ့ပါသည်။ ဤစာအုပ်သည် အကြိမ်ကြိမ် စက်တင်ပုံနှိပ်၍ ဖြန့်ချီခဲ့ပြီးသော အသံလွှင့်ဌာနမှ ဟောကြားတော်မူခဲ့သည့်

(၁)ဓမ္မစကြာတရားတော်ကြီး

(၂)အနတ္တလက္ခဏသုတ်တရားတော်ကြီး

(၃) မဟာသတိပဋ္ဌာန်တရားတော်ကြီး

တို့ကို တစ်အုပ်တည်း စုပေါင်း၍ ပုံနှိပ်ထားသော စာအုပ်ဖြစ်ပါသည်။ တရားတော်ကို လိုလားသော အမျိုးသား သူတော်စင် ရဟန်း ရှင်လူ အပေါင်းတို့ ကောင်းစွာဖတ်ရှု၍ ဘာဝနာတရား ပွားများနိုင်ကြပါစေသော်။ 

 

မင်္ဂလာအောင်မြင့် (သာသနာ့ရိပ်သာ)

၁၃၂၅ ခု၊ ဝါခေါင်လပြည့်နေ့။