မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ဦးဖေသင် (ရိက္ခာတော်ရ) စုဆောင်းခဲ့သော တရားဆောင်ပုဒ်ကလေးများတို့ကို စုပေါင်းကာ ပြန်လည်တည်းဖြတ်၍ “မဟာစည် ဓမ္မဒေသနာဆောင်ပုဒ်များ”အမည်ဖြင့် ၁၃၁၅-ခုနှစ်မှစ၍ ၃-ကြိမ်တိုင်တိုင် ပုံနှိပ်ခဲ့ပါပြီ။

မဟာစည်ဓမ္မဒေသနာဆောင်ပုဒ်များ

Published Date - 1974

Author By - မဟာစည်ဆရာတော်ဘုရားကြီး

121 စာမျက်နှာ


အမှာစကား


ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးသည် ရန်ကုန်မြို့သာသနာ့ရိပ်သာ၌ ဝိပဿနာတရား ဟောကြားပြသသည့်အချိန်မှစ၍ အခါကာလအားလျော်စွာ တရားပွဲများ၌ တရားဆောင်ပုဒ်များကို ပို့ချသင်ကြား ပေးသနားတော်မူလေ့ ရှိခဲ့ပါသည်။

၎င်းတရားတော် ဆောင်ပုဒ်များကို တရားပွဲအလိုက် စာရွက်စာတမ်းများ ရိုက်နှိပ်ကာ ဝေငှခဲ့သော်လည်း တစ်လုံးတစ်စည်းတည်း စုဆောင်းပြီးဟူ၍ မရှိခဲ့ပါ။

ဆရာတော်၏တပည့်များဖြစ်ကြသော ရဟန်းယောဂီဟောင်း၊ လူ၊ သီလရှင်ယောဂီဟောင်းတို့က ၎င်းတရားဆောင်ပုဒ် ကလေးများကို စုဆောင်း၍ စာအုပ်ငယ်တစ်အုပ် ပြုလုပ်ဝေငှရန် တိုက်တွန်းနှိုးဆော်ကြသည့်အတွက် ကျွန်ုပ်၌ စုဆောင်းခဲ့သော တရားဆောင်ပုဒ်များနှင့် သင်္ကန်းကျွန်း ဦးဖေသင် (ရိက္ခာတော်ရ) စုဆောင်းခဲ့သော တရားဆောင်ပုဒ်ကလေးများတို့ကို စုပေါင်းကာ ပြန်လည်တည်းဖြတ်၍ “မဟာစည် ဓမ္မဒေသနာဆောင်ပုဒ်များ”အမည်ဖြင့် ၁၃၁၅-ခုနှစ်မှစ၍ ၃-ကြိမ်တိုင်တိုင် ပုံနှိပ်ခဲ့ပါပြီ။ ယခု စတုတ္ထအကြိမ်၌ နောက်ထပ်ရသော ဆောင်ပုဒ်အသစ်များကိုလည်း ဖြည့်စွက်၍ ပုံနှိပ်ပါသည်။ သြကာသမူမှန် ဘုရားရှိခိုး ကန်တော့ခန်းကိုပါ တပါတည်း ထည့်သွင်းပုံနှိပ်ထားပါသည်။

 

မင်္ဂလာ-ဦးအောင်မြင့်

တော်တလင်းလဆုတ် ၁၂-ရက်

၁၃၂၅-ခုနှစ်