အင်ဒိုနီးရှားသာသနာပြုမှတ်တမ်း

Author By - မဟာစည်ဆရာတော်ဘုရားကြီး

အင်ဒိုနီးရှားဆိုင်ရာ သိသင့်သိထိုက်သော အချက်အလက်များ၊ သာသနာပြုခရီးတစ်လျှောက် အတွေ့အကြုံများ၊ သာသနာပြုတရားတော်များနှင့် မိန့်ခွန်းအကျဉ်းများကို ဖတ်ချင်စဖွယ်ဖြစ်အောင် ရေးသားထားသည်။

အင်ဒိုနီးရှားသာသနာပြုမှတ်တမ်း

Published Date - 1959

Author By - မဟာစည်ဆရာတော်ဘုရားကြီး

158 စာမျက်နှာ


အင်ဒိုနီးရှားနိုင်ငံ သာသနာပြုခရီးစဉ်မှတ်တမ်း


ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၂၁ ခုနှစ်၊ ကဆုန်လဆန်း ()ရက်နေ့ (၁၄--၅၉)နေ့တွင် မြန်မာပြည်မှ ထွက်ခွာ၍ ထိုနှစ်နယုန်လဆုတ် (၁၀)ရက် (၃၀--၅၉)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။

မဟာစည်ဆရာတော်ဘုရားကြီးသည် အင်ဒိုနီးရှားသာသနာပြုခရီးစဉ်မှတ်တမ်းကို ရေးသားတော်မူခဲ့သည်။

ထိုသာသနာပြုမှတ်တမ်းတွင် အင်ဒိုနီးရှားဆိုင်ရာ သိသင့်သိထိုက်သော အချက်အလက်များ၊ သာသနာပြုခရီးတစ်လျှောက် အတွေ့အကြုံများ၊ သာသနာပြုတရားတော်များနှင့် မိန့်ခွန်းအကျဉ်းများကို ဖတ်ချင်စဖွယ်ဖြစ်အောင် ရေးသားထားသည်။

မဟာစည်ဆရာတော်နှင့်တကွ အခြားထေရဝါဒဆရာတော်တို့ သာသနာပြုခဲ့ပုံအကျယ်ကို သိလိုပါလျှင် အင်ဒိုနီးရှားသာသနာပြုမှတ်တမ်းကို ဖတ်ပါဟု တိုက်တွန်းလိုပါသည်။

အင်ဒိုနီးရှားသို့ သာသနာပြုရန် မဟာစည်ဆရာတော်ဘုရားကြီး ကြွသွားတော်မူခဲ့ခြင်းသည် ဗုဒ္ဓသာသနာအတွက်သာမက တိုင်းပြည်အတွက်ပါ အကျိုးများသောလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အင်ဒိုနီးရှားသာသနာပြုခရီးစဉ်မှာ အောင်မြင်မှုရှိသော ဓမ္မဝိဇယခရီးတစ်ခုပင်ဖြစ်တော့သည်။

 

                                                                                                                      မဟာစည်ဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိအကျဉ်း (ပထမပိုင်း)

                                                     ဒေါက်တာဘဒ္ဒန္တသီလာနန္ဒာဘိဝံသ

မဟာစည်သြဝါဒါစရိယ

ပါမောက္ခချုပ် (ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်)


 


ဤစာအုပ် နိဒါန်း

အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၂၁-ခုနှစ် ကဆုန်လဆန်း -ရက်နေ့မှ ၁၃၂၁-ခုနှစ် နယုန်လပြည့်ကျော် ၁၀-ရက်နေ့အထိ အင်ဒိုနေးရှားပြည်သို့ သာသနာပြုကြွတော်မူခဲ့လေသည်။ အင်ဒိုနေးရှားပြည်သည် လွန်ခဲ့သော ရာစုနှစ်များစွာက ဗုဒ္ဓသာသနာရောင် ထွန်းပြောင်ခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ သော်လည်း သံဃာရတနာကို မြင်ဘူးသူ မရှိလောက်အောင်ပင် သာသနာကွယ်ပခဲ့သည်မှာ နှစ်ပရိစ္ဆေဒအတော်ကြာခဲ့လေပြီ။

၁၃၁၅-ခုနှစ်ကမှ အင်ဒိုနေးရှားပြည်သား မစ္စတာဘွန်အံသည် မြန်မာနိုင်ငံသို့ လာရောက်၍ ဗုဒ္ဓသာသနာတော်၏ ကျင့်ဝတ်ပဋိပတ်များကို လေ့လာဆည်းပူးကာ ရဟန်းအဖြစ်ကို ခံယူ၍ အင်ဒိုနေးရှားပြည်သို့ ပြန်လည်ပြီး သာသနာပြုခဲ့လေသည်။

အရှင်ဇိနရက္ခိတ၏ ငါးနှစ်ငါးမိုး ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာကြသော ဗုဒ္ဓသာသနာဝင် ဥပါသကာများ တစတစ များပြားလာသည်သာမက သာသနဝန်ထမ်း ရှင်ရဟန်းအဖြစ်ကိုပါ ခံယူကြမည့် ပုဂ္ဂိုလ်ထူးများပင် ပေါ်ပေါက်ခဲ့လေသည်။

ထိုပုဂ္ဂိုလ်ထူးများအား ရှင်ရဟန်းပြုပေးရေးç ရဟန်းသံဃာများ ကံကြီး ကံငယ်ဆောင်ရွက်ရန်အတွက် သိမ်သမုတ်ရေး စသော သာသနာပြုကိစ္စများကို ဆောင်ရွက်ချီးမြှင့်တော်မူမည့် သာသန ခေါင်းဆောင် မဟာထေရ်ကြီး တစ်ပါးအားအင်ဒိုနေးရှားပြည်သို့ ကြွရောက်ချီးမြှောက်စေပါမည့်အကြောင်း နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့သို့ မေတ္တာရပ်ခံခဲ့လေသည်။

နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကလည်း အရှင်ဇိနရက္ခတ၏ ဥပဇ္ဈာယ်ဆရာရင်းဖြစ်သော အဂ္ဂမဟာပဏ္ဍိတ မဟာစည် ဆရာတော်ဘုရားကြီးအားပင်လျှင် ကြွရောက်ချီးမြှောက်ပါမည့်အကြောင်း လျှောက်ထားခဲ့သည့်အတိုင်း ဆရာတော်သည် ကြွရောက်တော်မူခဲ့လေသည်။

ဤသို့ ကြွရောက်တော်မူသောကြောင့်လည်း () သာသနာတော်နှင့်စပ်သော အကျိုးကျေးဇူးများ၊ () မြန်မာနိုင်ငံနှင့် စပ်သော အကျိုးကျေးဇူးများ ပေါ်ပေါက်ခဲ့လေသည်။

၁။ သာသနာတော်နှင့်စပ်သော အကျိုးကျေးဇူးများမှာ () အင်ဒိုနေးရှားပြည်၌ မရှိသေးသော သိမ်ကို သမုတ်ခဲ့ခြင်း၊

() မဖြစ်ဘူးသေးသော ထေရဝါဒ ရှင်ပြုမင်္ဂလာပွဲကို ပြုလုပ်ခဲ့ခြင်း၊

() မဖြစ်ဘူးသေးသော ထေရဝါဒ ရဟန်းခံကို နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့၍ အင်ဒိုနေးရှားပြည်သား သာသနာဝန်ထမ်း ရဟန်းနှစ်ပါး ဖေါ်ထုတ်ခဲ့ခြင်း၊

() ရဟန်းသံဃာကို မမြင်ဘူးသေးသော အင်ဒိုနေးရှား ပြည်သူပြည်သားတို့အား ရဟန်းသံဃာကို တွေ့မြင်စေလျက် ဒဿနာနုတ္တရိယဂုဏ်ကိုဖြစ်စေခြင်း၊

() မြို့ရွာအသီးသီး ဌာနအသီးသီးတို့၌ လူပေါင်းများစွာတို့အား တရားတော်များ ဟောကြားပြသလျက် သာဝနာနုတ္တရိယဂုဏ်ကို ဖြစ်စေခြင်း၊

() အင်ဒိုနေးရှား ပြည်သူပြည်သား လူပေါင်းများစွာတို့အား သရဏဂုမ်သီလ ယူစေလျက် ဗုဒ္ဓသာသနာဝင် အစစ်ဖြစ်သို့ ရောက်စေခြင်း၊

() ဗုဒ္ဓသာသနာဝင်ဖြစ်ပြီးသော သူတို့အားလည်း သာသနာတော်ကို သက်ဝင်ယုံကြည်သည်ထက် သက်ဝင်ယုံကြည်အောင် ချီးမြှောက်ခဲ့ခြင်းစသော ဗုဒ္ဓသာသနာနှင့် စပ်သည့်အကျိုးတို့ ပြီးစီးခဲ့လေသည်။

၂။ မြန်မာနိုင်ငံတော်နှင့်စပ်သော အကျိုးများမှာလည်း

() အင်ဒိုနေးရှားပြည်သို့ ပြန်လည်ရောက်ရှိလာသော သာသနာသည် မြန်မာနိုင်ငံတော်မှ ယူဆောင်သွားသော ထေရဝါဒ ဗုဒ္ဓသာသနာ ဖြစ်သောကြောင့် မြန်မာနိုင်ငံတော်ကို အာရုံညွတ်လျက် ရှိနေကြခြင်း၊

() မဟာစည်ဆရာတော် ကြွရောက်သွားသောအခါ ရောက်ရာ ရောက်ရာ ဌာနတိုင်းတွင် မြန်မာပြည်က ထင်ရှားသော ဆရာတော်တစ်ပါး ကြွလာတော်မူပါပေသည်ဟု နှစ်သက်အားရကြကာ မြန်မာနိုင်ငံတော်အား ရိုသေလေးစားကြခြင်း၊

() ၎င်းတို့ အလေးအမြတ်ပြုနေကြသော အရှင်ဇိနရက္ခိတ၏ ဥပဇ္ဈာယ်ဆရာ မြန်မာတိုင်းဘွား မြန်မာအမျိုးသား ဖြစ်ပါပေသည်တကားဟု မြန်မာပြည်အား အမွှန်းတင်ကြခြင်း၊

() အခြားသော ထေရဝါဒနိုင်ငံတို့ထက် ပဋိပတ္တိ သာသနာ ထွန်းလင်းရာတွင် ပိုမိုထင်ရှားသော မြန်မာနိုင်ငံတော်မှ ပဋိပတ္တိသာသနာပြု ကမ္မဋ္ဌာနာစရိယ ဆရာတော် တစ်ပါး ကြွလာပါပေသည်ဟု အလေးအမြတ်ပြုကြခြင်း

() မြန်မာနိုင်ငံတော်မှ ဆဋ္ဌသံဂါယနာတင်ရာတွင် ပဓာနဝန်ဆောင်ဖြစ်တော်မူသော ဆရာတော် ကြွရောက်လာပါပေသည်ဟု ဆဋ္ဌသံဂါယနာတင်ခဲ့သော မြန်မာနိုင်ငံတော်အား ဂုဏ်ပြုကြခြင်း၊

() မြန်မာနိုင်ငံတော်တွင် နိုင်ငံတော်အစိုးရ၏ ကိုယ်စား သာသနာရေးကိစ္စ အဝ၀တို့ကို ဆောင်ရွက်နေသော နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့က အင်ဒိုနေးရှား လူမျိုးတို့ သာသနာတော်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုနိုင်ရေးအတွက် သပိတ် သင်္ကန်း စသော ပရိက္ခရာ အသုံးအဆောင်တို့ကို အပြည့်အစုံ လှူဒါန်းလိုက်သည့် အတွက်လည်း မြန်မာနိုင်ငံတော်၏ စေတနာ ထက်သန်ပုံကို ဂုဏ်ပြုချီးကျူးကာ (နိုင်ငံခြား သံဃာတော်များကပါ) သာဓုခေါ်ကြခြင်း၊

() အင်ဒိုနေးရှားပြည်သို့ မဟာစည်ဆရာတော်ဘုရား ကြွရောက် သာသနာပြုနိုင်ရေးအတွက် ပင့်ဆောင်ပေးသော နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကြီးအား ကျေးဇူးတင်ခြင်းဖြင့် မြန်မာနိုင်ငံတော်ကို အလေးအမြတ်ပြုလာခြင်း စသော အကျိုးတရားတို့ ပေါ်ပေါက်လာသည့်အပြင် ဤသို့ အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီး ကြွရောက်သာသနာပြုတော်မူခဲ့သောကြောင့်လည်း ဤမည်သောအင်ဒိုနေးရှားပြည်သွား သာသနာပြု မှတ်တမ်းတစ်ရပ် ပေါ်ပေါက်လာခဲ့ပေသည်။

ဤသာသနာပြု မှတ်တမ်းကို ရှင်လူအများ ဖတ်ရှု ကြားနာကြရပါက သာသနာတော်နှင့်စပ်၍ အားရဝမ်းမြောက်ဘွယ်ရာများ, ဂုဏ်ယူဘွယ်ရာများနှင့် သာဓုအနုမောဒနာ ပြုဘွယ်ရာများကို တွေ့ကြရမည်ဖြစ်ပါသောကြောင့် အများရှင်လူ ပြည်သူပြည်သားတို့ အကျိုးငှါ စာအုပ်အဖြစ် စက်တင်ပုံနှိပ်အပ်ပါသတည်း။

 

 

မင်္ဂလာဦးအောင်မြင့်

--၅၉

(ချမ်းသာစာပေ)

အမှတ်-၁၁၊ စိန်မေတ္တာရပ်၊

ဟာမစ်တစ်လမ်းထိပ်၊ ကုက္ကိုင်း၊

ရန်ကုန်မြို့။