ဗြဟ္မစိုရ်တရားတော် (အသံလွှင့်တရား)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဗြဟ္မစိုရ်တရားတော်ကို ရဟန်းပညာရှိ လူပညာရှိများစွာတို့ ဟောလည်း ဟောကြား ရေးလည်းရေးကြသဖြင့် နာဖူးကြသူ၊ ဖတ်ဖူးကြသူ အတော်များများရှိသည်ကို ကျွန်ုပ်တို့ ယုံကြည်ပါသည်။

ဗြဟ္မစိုရ်တရားတော် (အသံလွှင့်တရား)

Published Date - 1968

Author By - မဟာစည်ဆရာတော်ဘုရားကြီး

88 စာမျက်နှာ


ဤကျမ်းစာ ဖြစ်ပေါ်လာသည့်အကြောင်းရင်း

 

မင်္ဂလာပါခင်ဗျား -

ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် တော်လှန်ရေးအစိုးရ သာသနာရေးဌာန၏ တောင်းပန်လျှောက်ထားချက်အရ မြန်မာနိုင်ငံ အသံလွှင့်ဌာနမှ ဗြဟ္မစိုရ်တရားတော်ကို အပိုင်း ()ပိုင်းခွဲ၍

၁၃၂၇ ခုနှစ်၊ ဝါခေါင်လပြည့်နေက တစ်ပိုင်း

၁၃၂၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေက တစ်ပိုင်း

၁၃၂၉ ခုနှစ်၊ တော်သလင်းလပြည့်နေက တစ်ပိုင်း

၁၃၃၀ ခုနှစ်၊ ဝါခေါင်လကွယ်နေ့က တစ်ပိုင်း

အသံလွှင့်ဟောကြားခဲ့ပါသည်။

ဆရာတော်ကြီးသည် အသံလွှင့် ဟောကြားတော်မူသည့် ဥပုသ်နေ့တိုင်းပင် ၎င်းဗြဟ္မစိုရ်တရားတော်ကို သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မရုံ၌ လာရောက်တရားနာကြသော ရဟန်း,ရှင်,လူ သူတော်စင် ယောဂီအပေါင်းတို့အားလည်း တစ်ဖန် ဟောကြားတော်မူခဲ့ပြန်ပါသေးသည်။

ကျွန်ုပ်တို့သည် ဤဗြဟ္မစိုရ်တရားတော်ကို ဗုဒ္ဓဓမ္မလောက စာဖတ်ပရိသတ်တို့ ဖတ်ရှုနိုင်ရန်အလို့ငှါ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ခွင့်ပြုချက်ကိုရယူ၍ ဗုဒ္ဓဓမ္မလောကစာစောင်၌ အခါအားလျော်စွာ ထည့်သွင်းဖော်ပြခဲ့ပါသည်။ ဖတ်ရှုခွင့်ရကြသည့် ဗုဒ္ဓဓမ္မလောက စာဖတ်ပရိသတ်များစွာက ၎င်းဗြဟ္မစိုရ်တရားတော်ကို ကျမ်းစာအုပ်အဖြစ် စက်တင်ပုံနှိပ်ဖြန့်ချိသင့်ကြောင်း စာရေးမေတ္တာရပ်ခံကြပါသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ကျမ်းစာများကို စက်တင်ပုံနှိပ်ဖြန့်ချိနေသော ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် (ပဋိပတ္တိသာသနာပြု မဟာစည်ရန်ပုံငွေ)က ၎င်းဗြဟ္မစိုရ်တရားတော်ကို  ဘာရသုတ်တရားတော်နှင့်အတူ စက်တင်ပုံနှိပ်ဖြန့်ချိရန် ရည်ရွယ်ချက်ရှိပါကြောင်းကိုသာ ပြန်ကြားနှစ်သိမ့်စေခဲ့ရပါသည်။

၁၃၃၀ ခုနှစ်၊ တပို့တွဲလဆန်း ()ရက်နေ့ကမူ ရန်ကုန်မြို့၊ ရွှေဘုံသာလမ်း၊ အမှတ်(၂၆၇)နေ လှည်းကူး - ဦးထွန်းရင်က ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူအပ်သော တရားစာအုပ် တစ်မျိုးမျိုးကို စာအုပ်အဖြစ်ပုံနှိပ်၍ ကျွန်တော်တို့ မိသားစုက အမှတ်တရ ဓမ္မဒါန ပြုလိုသောကြောင့် ဆရာတော်ဘုရားကြီးအား လျှောက်ထားရာ ဆရာတော်ဘုရားကြီးက ဗြဟ္မစိုရ်တရားတော်ကို ပုံနှိပ်လှူဒါန်းခွင့်ပြုလိုက်ပါသည်။ စက်တင်ပုံနှိပ်လှူဒါန်းနိုင်ရေးအတွက် ဆောင်ရွက်ပေးပါဟု လာရောက်ပြောကြား၍ ဗြဟ္မစိုရ်တရားတော်ကို စာအုပ်မြန်မြန် ဖြစ်စေချင်သော ကျွန်ုပ်တို့၏ ဆန္ဒ ပြည့်ဝဘို့ အကြောင်းဆိုက်လာပါတော့သည်။

နိဒါန်း

မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဗြဟ္မစိုရ်တရားတော်ကို ရဟန်းပညာရှိ လူပညာရှိများစွာတို့ ဟောလည်း ဟောကြား ရေးလည်းရေးကြသဖြင့် နာဖူးကြသူ၊ ဖတ်ဖူးကြသူ အတော်များများရှိသည်ကို ကျွန်ုပ်တို့ ယုံကြည်ပါသည်။ သို့ပါသော်လည်း အခါကာလအားလျော်စွာ လူတိုင်းနားလည်အောင်၊ သဘောပေါက်အောင်၊ ဟောကြားတော်မူသော ဤဗြဟ္မစိုရ်တရားတော်ကိုမူ ယခုခေတ် ရဟန်း ရှင်း လူတိုင်း ဖတ်ရှုစေချင် နာကြားစေချင်သောကြောင့် စာအုပ်ဖြစ်အောင် ဆောင်ရွက်ပေးခွင့်ရသည်ကိုပင် ဓမ္မဒါနရှင် ဦးထွန်းရင်အား ကျေးဇူးတင်ရင်း ဤစာအုပ်ဖြစ်ပေါ်လာပုံကို ရေးသားအပ်ပါသတည်း။

လူတိုင်း ဗြဟ္မစိုရ်တရား ပွားများနိုင်ပါစေသော်

 

၁၃၃၀ ခု၊ တပေါင်းလဆန်း ()ရက်

မင်္ဂလာအောင်မြင့်

ဗုဒ္ဓဓမ္မလောက/အယ်ဒီတာ