ကမ္မဋ္ဌာန်းတရားအားထုတ် ရခြင်းအကြောင်း

Author By - မဟာစည်ဆရာတော်ဘုရားကြီး

နိဗ္ဗာန်သို့ရောက်၍ အိုခြင်း, သေခြင်း စသော ဆင်းရဲဟူသမျှမှ လွတ်မြောက်ရန်အတွက်

ကမ္မဋ္ဌာန်းတရားအားထုတ် ရခြင်းအကြောင်း

Published Date - ၁၉၅၇

Buddha Date - ၂၅၀၁

Myanmar Date - ၁၃၁၉

AD Date - ၁၉၅၇

Author By - မဟာစည်ဆရာတော်ဘုရားကြီး

၈၁ စာမျက်နှာ


"ပရိနိဗ္ဗာန် ဝင်စံပြီးသောအချိန်မှစ၍ ဘဝအသစ်ဖြစ်ပေါ်ခြင်းမရှိသောကြောင့် အိုခြင်း, နာခြင်း, သေခြင်း စသော ဆင်းရဲဟူသမျှမှ လုံးဝလွတ်မြောက်လျက်ရှိလေတော့၏။ ဤသို့ လွတ်မြောက်သွားခြင်းအကျိုးကိုပင် ရည်ရွယ်၍ ဤကျမ်းစာအုပ်ငယ်၏အစ၌ -

အဘယ်ကြောင့် ကမ္မဋ္ဌာန်းတရားကို အားထုတ်ရပါသနည်း ……

ဟူသောမေးခွန်းကို -

နိဗ္ဗာန်သို့ရောက်၍ အိုခြင်း, သေခြင်း စသော ဆင်းရဲဟူသမျှမှ လွတ်မြောက်ရန်အတွက် အားထုတ်ရပေသည်" ဟု ဖြေဆိုခဲ့ပေသည်။


ဤစာအုပ်


ဤကမ္မဋ္ဌာန်းတရားအားထုတ်ရခြင်းအကြောင်း စာအုပ်ဖြစ်ပေါ်လာခြင်း အကြောင်းရင်းမှာ နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့က ဂျပန်ပြည်တွင် ထေရဝါဒ ဗုဒ္ဓသာသနာထွန်းလင်းပြန့်ပွားရန်အလို့ငှာ  စတင်ဆောင်ရွက်ရာတွင် ထေရဝါဒဗုဒ္ဓသာသနာ၏ အကြောင်းအရာဆိုင်ရာ ကျမ်းစာအုပ်များကိုလည်း အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာဖြင့် ပုံနှိပ်ဖြန့်ချိရန်ရည်ရွယ်ခဲ့ပေသည်။

သို့ရည်ရွယ်ခဲ့သည့်အလျောက် ပထမဦးစွာအနေအားဖြင့် ထေရဝါဒ ဗုဒ္ဓသာသနာစာအုပ်တစ်အုပ် ဖြစ်မြောက်ရေးအတွက် ရန်ကုန်မြို့၊ ယူနီဗာစီတီကျောင်းတိုက် အဘိဓမ္မကထိက အဂ္ဂမဟာပဏ္ဍိတဆရာတော် ဦးသေဠိလ စီစဉ်သော ကျမ်းစာ၏မာတိကာတို့ကို ပါဝင်ရေးသားတော်မူကြမည့် ဆရာတော်များထံသို့ ခွဲဝေဆက်ကပ်၍ ရေးသားချီးမြှင့်တော်မူကြပါမည့်အကြောင်း နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က (၁၃-၁၁-၅၆)နေ့စွဲဖြင့် လျှောက်ထားခဲ့လေသည်။

လျှောက်ထားခြင်းခံရသော ဆရာတော်တို့အနက် တစ်ပါးအပါအဝင်ဖြစ်သော အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်သည်လည်း လျှောက်ထားသည့်မာတိကာစဉ် (၁၆-၁၇ နှင့် ၁၈)တို့အရ အကျယ်ရေးသားချီးမြှင့်တော်မူခဲ့လေသည်။

၎င်းတို့အနက် မာတိကာစဉ် (၁၆)တွင် အဘယ့်ကြောင့် ကမ္မဋ္ဌာန်းတရားကို အားထုတ်ရပါသနည်း ဟူသော အမေးနှင့်အဖြေကို ရဟန်း ရှင် လူ တို့ ဖတ်ရှုနိုင်ရန်အလို့ငှါ ဆရာတော်၏ခွင့်ပြုချက်အရ ကမ္မဋ္ဌာန်းတရား အားထုတ်ရခြင်းအကြောင်း ဟူသော အမည်တပ်ဆင်၍ ဤစာအုပ်ကို စက်တင်ပုံနှိပ်ပါသည်။


(ပုံ) မင်္ဂလာဦးအောင်မြင့်

အမှတ်(၅၆) စိန်မေတ္တာလမ်း

ဟာမစ်တိတ်၊ ကုက္ကိုင်း၊ ရန်ကုန်မြို့။

၁၃၂၀-ခု၊ နတ်တော်လ၊ (၂၁-၁၂-၅၈)