မဟာသတိပဋ္ဌာန်ဝိပဿနာရှုနည်း (အကျဉ်းချုပ်)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော ဝိပဿနာ ရှုနည်းကျမ်းကြီး ပဌမတွဲ၊ ဒုတိယတွဲတို့မှ အားထုတ်ပုံ လိုရင်းရှုမှတ်နည်းတို့ကို ထုတ်နှုတ်၍ တကျမ်းတဖွဲ့ဖြစ်အောင် ပုံနှိပ်ထားသော ကျမ်းငယ်ဖြစ်ပါသည်။

မဟာသတိပဋ္ဌာန်ဝိပဿနာရှုနည်း (အကျဉ်းချုပ်)

Published Date - 1967

Author By - မဟာစည်ဆရာတော်ဘုရားကြီး

195 စာမျက်နှာ


ဝိပဿနာရှုနည်း အကျဉ်းချုပ် စာအုပ် ဖြစ်ပေါ်လာပုံ အကြောင်း

ဤမည်သော ဝိပဿနာရှုနည်း အကျဉ်းချုပ်သည် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော ဝိပဿနာ ရှုနည်းကျမ်းကြီး ပဌမတွဲ၊ ဒုတိယတွဲတို့မှ အားထုတ်ပုံ လိုရင်းရှုမှတ်နည်းတို့ကို ထုတ်နှုတ်၍ တကျမ်းတဖွဲ့ဖြစ်အောင် ပုံနှိပ်ထားသော ကျမ်းငယ်ဖြစ်ပါသည်။

ဝိပဿနာ ရှုနည်းကျမ်းကြီးကို ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ပဌမအကြိမ် ပုံနှိပ်ခဲ့ပြီးနောက် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့ ကြွရောက် သီတင်းသုံးတော်မူသောအခါ ဆရာတော်ဘုရားကြီး၏ စတုပစ္စယ ဒါယကာဖြစ်သော ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့က ဒုတိယအကြိမ် ပုံနှိပ်၍ ဖြန့်ချီခဲ့ပါသည်။ ထိုအခါက ဖတ်ရှုကြရသော ရဟန်းရှင်လူ အားလုံးတို့က ဤကျမ်းကြီး၏ အခဏ်း -ကို မျက်စိကျကြပါသည်။ ဝိပဿနာ ရှုနည်းကျမ်းအခဏ်း ၅သည် အားထုတ်ပုံ လိုရင်း ရှုမှတ်နည်းတို့ကို အလွယ်ဆုံးသော စကားတို့ဖြင့် ပြထားသော အခဏ်းဖြစ်ပါသည်ဟု အမြတ်တနိုး ဂုဏ်ပြုချီးကျူး ပြောဆိုကြပါသည်။ ဤအခဏ်း -ကို သီးခြားထုတ်နှုတ်၍ စာအုပ်ငယ် ပုံနှိပ်ဖြန့်ချီရလျှင် မကောင်းပေဘူးလားဟုပင် အဖွဲ့သို့ တင်ပြကြပါသေးသည်။ သို့သော်လဲ အဖွဲ့က ဤသို့ အခဏ်း -ကို သီးခြားစာအုပ်ငယ် ထုတ်ဝေဖြန့်ချီလျှင် သေးနုပ်လှသည်ဟု ပြောဆိုသော ပုဂ္ဂိုလ်တို့လဲ ရှိလာသည့်အတွက် ထိုစဉ်က သီးခြားထုတ်နှုတ်၍ ပုံမနှိပ်ဖြစ်ခဲ့ပါ။

မော်လမြိုင်မြို့ မဟာသတိပဋ္ဌာန်တိုက် ပဓာနမဟာနာယက ဆရာတော်ဘုရားကြီးကမူ ဝိပဿနာ ရှုနည်းကျမ်းကြီး၏ အခဏ်း -လောက်ကိုသာ မဟုတ်ဘဲ ယင်းအခဏ်း -နှင့် ဆီလျော်မည့် အရေးတကြီး လိုအပ်သော အခဏ်း အချို့တို့မှ သိမှတ်ဖွယ်ရာ တရားတော်တို့ကိုပါ ထုတ်နှုတ်၍ ကျမ်း၏ အင်္ဂါနှင့် ညီညွတ်အောင် ဂန္ထာရမ္ဘနှင့် နိဂုံးကိုပါ ထည့်ပြီးလျှင် တကျမ်းတဖွဲ့ စီစဉ်၍ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးထံ ပုံနှိပ်ရန် ခွင့်တောင်းခဲ့လေသည်။

စီစဉ်ထားပုံမှာ ဤသို့ ဖြစ်ပါသည်

၁။ ဂန္ထာရမ္ဘ - (ဝိပဿနာ ရှုနည်းကျမ်း () အခဏ်း () စာမျက်နှာ ၁။

၂။ သတိပေးစကား။ (ဝိပဿနာ ရှုနည်းကျမ်း () အခဏ်း () စာမျက်နှာ ၃။

၃။ စိတ်ကိုအားပေးရန်။ (ဝိပဿနာ ရှုနည်းကျမ်း () အခဏ်း () စာမျက်နှာ ၁၂၈၊

၄။ သတိပဋ္ဌာန်၏ ဂုဏ်ကျေးဇူး။ (ဝိပဿနာ ရှုနည်းကျမ်း () အခဏ်း () စာမျက်နှာ ၄၁၆။

၅။ ဘုရားရှင်၏ ဝန်ခံတော်မူချက်။ (ဝိပဿနာ ရှုနည်းကျမ်း () အခဏ်း () စာမျက်နှာ ၄၂၀၊

၆။ ဖောင်းမှု ပိန်မှုကို ရှုမှတ်အပ်ကြောင်း။ (ဝိပဿနာ ရှုနည်းကျမ်း (ဒု) အခဏ်း () စာမျက်နှာ --၅၊ (မှတ်ချက်)

၇။ အားထုတ်ပုံ။ (ဝိပဿနာ ရှုနည်းကျမ်း (ဒု) အခဏ်း () စာမျက်နှာ ၁။

၈။ နိဂုံး။ (ဝိပဿနာ ရှုနည်းကျမ်း (ဒု) စာမျက်နှာ ၅၀၉။

ထိုမှတပါးသော သတိပဋ္ဌာန် ဆရာတော်ဘုရားကြီး၏ သြဝါဒကိုလဲ ဘုရားရှင်၏ ဝန်ခံတော် မူချက်နှင့် ဖေါင်းမှု ပိန်မှုကို ရှုမှတ်အပ်ကြောင်းတို့၏အကြား၌ ထည့်သွင်း ထားသေးသည့်အပြင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ သတိပဋ္ဌာန်ဝိပဿနာ ရှုမှတ်နည်းသံပေါက်။ ဝိသုဒ္ဓိနှင့်ဉာဏ်စဉ် အကျဉ်းချုပ်။ ဉာဏ်စဉ်ဆောင်ပုဒ်များ။ အနုပဿနာ -ပါးစသော ဆောင်ပုဒ်များ။ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ မေတ္တာသံပေါက်။

ရည်ရွယ်ချက်နှင့် ပြည့်စုံသော သြကာသ ကန်တော့ခန်းစသော ဘုရားရှိခိုးတို့ကိုပါ ထည့်သွင်း ထားပါသေးသည်။ သတိပဋ္ဌာန် ဆရာတော်ဘုရားကြီးကား ဤမည်သော ကျမ်းငယ်ကို အရွက်ç အပွင့်ç အသီးတို့ဖြင့် ဝေဆာ၍ တဆယ့်နှစ်ရာသီ စိုပြေသော ပဒေသာပင်ပမာ ဝိပဿနာလိုလား တရားအားထုတ်လိုသူ ရဟန်းရှင်လူတို့ အရေးတကြီး လိုရာကြည့်ရှု စားသုံးနိုင်ကြရအောင် စီစဉ်ထားတော်မူပါပေသည်။

ဤကျမ်းငယ်ကို ပဌမအကြိမ် မော်လမြိုင်မြို့ မဟာသတိပဋ္ဌာန် ဖြန့်ဖြူးရေးအဖွဲ့က အုပ်ရေ ၂၀ဝ၀-ပုံနှိပ်၍ ဓမ္မဒါန ပြုခဲ့ပါသည်။

ဒုတိယအကြိမ် မန္တလေးမြို့ လှခင်အင်ဆန်း စာပုံနှိပ်တိုက်ပိုင်ရှင် (ကွယ်လွန်သူ) ဦးပန်းရည်ကို ရည်စူး၍ ဒေါ်လှခင်နှင့် သားသမီး မြေးတစုတို့က ၁၃၃၀-ခုနှစ်က အုပ်ရေ (၁၀ဝ၀ဝ) ပုံနှိပ်၍ ဓမ္မဒါန ပြုခဲ့ပါသည်။

၁၃၃၃-ခုနှစ်က တတိယအကြိမ် မော်လမြိုင်မြို့ မဟာသတိပဋ္ဌာန် ဖြန့်ဖြူးရေးအဖွဲ့က အုပ်ရေ ၂၀ဝ၀-ပုံနှိပ်၍ ဓမ္မဒါန ပြုခဲ့ပါသည်။

ထို့နောင် ရန်ကုန်မြို့ သာသနာ့ရိပ်သာ အများသော စေတနာရှင်တို့၏ ကောင်းမှုဖြင့် စတုတ္ထအကြိမ် ပုံနှိပ်ရန် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ ခွင့်ပြုတော်မူချက်အရ စီစဉ်ရပါသည်။

ယခုတဖန်လည်း ရန်ကုန်မြို့ သာသနာ့ရိပ်သာ အများသော စေတနာရှင်တို့၏ ကောင်းမှုဖြင့်ပင် ပဉ္စမအကြိမ်ပုံနှိပ်ရန် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ခွင့်ပြုတော်မူချက်အရ စီစဉ်လိုက်ပါသည်။


၁၃၃၅-ခုနှစ်။

မင်္ဂလာဦးအောင်မြင့်

သာသနာ့ရိပ်သာ

ရန်ကုန်မြို့။