သလ္လေခသုတ်တရားတော် (ဒုတိယတွဲ)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

တရားအပိုင်းတိုင်း အပိုင်းတိုင်း သက်ဆိုင်ရာ ဝိပဿနာရှုပုံ ဉာဏ်ဖြစ်ပုံ စသည်တို့ကို ထည့်သွင်းဆက်စပ်၍ ဟောထားရပေသည်

သလ္လေခသုတ်တရားတော် (ဒုတိယတွဲ)

Published Date - 1973

Author By - မဟာစည်ဆရာတော်ဘုရားကြီး

303 စာမျက်နှာ


အမှာစကား

 

ဤသလ္လေခသုတ်တရားတော်ကို ကြည့်ရှုကြသော ပုဂ္ဂိုလ်တို့သည် ကျမ်းဂန်တခုအဖြစ်ဖြင့် ရေးသားပြုစုထားသော ကျမ်းဂန်တခုအနေဖြင့် နှလုံးသွင်း၍ မကြည့်ရှုကြစေလိုပါ၊ ရက်တပတ် နှစ်ပတ်စသည်ကြာမှ တကြိမ်တကြိမ်သာ ဟောထားသောတရားစကားတို့ကို မူသန့်ပြု၍ ပုံနှိပ်ထားသော တရားစာအုပ်တခုအနေဖြင့်သာ အမှန်အတိုင်းနှလုံးသွင်း၍ ကြည့်ရှုကြစေလိုပါ၏။ အကြောင်းမူကား ကျမ်းတခုအနေဖြင့် ကြည့်ရှုလျှင် မကြာခဏ ထပ်တလဲလဲ ပြဆိုထားသော စကားတွေကို တွေ့ရသဖြင့် ပုနရုတ္တိဒေါသ အပြစ်တင်ရန် ထင်မြင်လာဘွယ် ရှိပါသည်၊ ရက်အတန်ကြာမှ တကြိမ်သာတကြိမ်သာ ဟောထားသော တရားပုဒ်အပေါင်းအနေဖြင့် ကြည့်ရှုမှသာလျှင် အကြောင်းအားလျော်စွာ ထပ်ကာ ထပ်ကာ ဟောထားပေသည်ဟု သဘောပေါက်၍ အပြစ်တင်ဘွယ် ကင်းပေလိမ့်မည်။

တရားတော်ကို ဟောစဉ်အခါများက နာကြားကြသော တရားနာပရိသတ်မှာလည်း တရားအားထုတ် ဘူးသော ယောဂီဟောင်းများနှင့် အားထုတ်နေဆဲ ယောဂီသစ်များသာ များပေသည်၊ ထိုယောဂီ အဟောင်းအသစ်တို့သည် ဝိပဿနာဆိုင်ရာတရားကို အထူးသဖြင့် နာကြားလိုကြပေသည်၊ ထို့ပြင် ဝိပဿနာဆိုင်ရာ တရားကို နာကြားရခြင်းကြောင့် ထိုယောဂီတို့အား သဒ္ဓါ ဆန္ဒ ဝီရိယတို့၏ တိုးတက် ထက်သန်ခြင်းလည်း ဖြစ်နိုင်ပေသည်၊ ထို့ပြင် ဟောနေဆဲ တရားပုဒ်နှင့် သက်ဆိုင်သော ဝိပဿနာဉာဏ်တို့ကိုလည်း ထိုထိုအပိုင်း၌ ထည့်သွင်းဆက်စပ်၍ ပြောပြမှသာလျှင် တရားအရသာကို ပေါ်လွင်စေနိုင်ပေသည်၊ ထိုသို့သော အကြောင်းများကြောင့် တရားအပိုင်းတိုင်း အပိုင်းတိုင်း သက်ဆိုင်ရာ ဝိပဿနာရှုပုံ ဉာဏ်ဖြစ်ပုံ စသည်တို့ကို ထည့်သွင်းဆက်စပ်၍ ဟောထားရပေသည်။ ဤရည်ရွယ်ချက်များကို အထူးသတိပြု၍ ကြည့်ရှုကြစေလိုပါ၏။

 

၁၃၃၃-ခု                                                                                                                               အရှင်သောဘန

တော်သလင်းလဆုတ်                                                                                                               အဂ္ဂမဟာပဏ္ဍိတ

၁၃-ရက်၊                                                                                                                                မဟာစည်ဆရာတော်

(၁၇၊ ၉၊ ၁၉၇၁)                                                                                                                        သာသနာ့ရိပ်သာ

                                                            ရန်ကုန်မြို့။