မဟာသတိပဋ္ဌာန်တရားတော်ကြီး (အသံလွှင့်တရားတော်)

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ဤစာအုပ်ကလေးသည် ထင်ရှားသော ပုဂ္ဂိုလ်ကြီးသုံးဦးတို့၏ အသံလွှင့်မိန့်ကြားချက် (၃) မျိုးကို စုပေါင်း ရိုက်နှိပ်ထားသော စာအုပ်ကလေး ဖြစ်ပါသည်

မဟာသတိပဋ္ဌာန်တရားတော်ကြီး (အသံလွှင့်တရားတော်)

Published Date - 1951

Author By - မဟာစည်ဆရာတော်ဘုရားကြီး

77 စာမျက်နှာ


အမှာစကား

ဤစာအုပ်ကလေးသည် ထင်ရှားသော ပုဂ္ဂိုလ်ကြီးသုံးဦးတို့၏ အသံလွှင့်မိန့်ကြားချက် () မျိုးကို စုပေါင်း ရိုက်နှိပ်ထားသော စာအုပ်ကလေး ဖြစ်ပါသည်။

၎င်းတို့မှာ ...

၁။ နိုင်ငံတော် ဝန်ကြီးချုပ် သခင်နု အသံလွှင့်မြွက်ကြားသော နှစ်သစ်ကူး မင်္ဂလာစကား။

၂။ ဗုဒ္ဓသာသနာ နုဂ္ဂဟ အဖွဲ့ချုပ် အကျိုးဆောင် ဦးစံသိမ်း အသံလွှင့် မြွက်ကြားသော နိဒါန်းစကား။

၃။ မဟာစည်ဆရာတော် အရှင်သောဘနမထေရ် အသံလွှင့်ဟောကြားတော်မူသော မဟာသတိပဋ္ဌာန် တရားတော်ကြီးတို့ ဖြစ်ပါသည်။

ထို့ကြောင့် ...

ဤစာအုပ်ကလေးသည် အမှန်အားဖြင့် သေးငယ်လှသည်ဟုဆိုရသော်လည်း လျှမ်းလျှမ်းတောက် အရည်ပြည့်သော နဝရတ်ကိုးသွယ်ဖြင့် စီချယ်ထားသည့် ဦးစိုက်ပန်းနှင့် ပမာတူလှတော့သည်။ နဝရက်ကိုးသွယ်ဖြင့် စီချယ်ထားသော ဦးစိုက်ပန်းကို ပန်ဆင်ထားသူဝယ်၊ မျက်နှာမူဦးလှည့်ရာသို့ ဦးစိုက်ပန်းမှ ကိုးသွယ်သော နဝရတ်ရောင်ခြည်ညွန့်တို့က လမ်းမှန်ကို ညွှန်ပြနေသလို၊ ဤစာအုပ်ကလေးကို လေ့လာဖတ်ရှု၍ နှလုံးအိမ်၌ ပန်ဆင်ထားသောသူအား စာအုပ်အတွင်းဝယ် သီကုံးထားအပ်သော နဝလောကုတ္တရဓမ္မခေါ် လောက၌ အမြတ်ဆုံးတရား -ပါးတို့က အကြည်ဓာတ်ပေးကာ အမှန်လမ်းသို့ ဧကန်ရောက်စေမည်ဖြစ်သဖြင့် ဤစာအုပ်ကလေးကို ရရှိသူတိုင်းပင် အချိန်ကောင်း အခါကောင်း အခွင့်ကောင်း ယူကြကာ နှလုံးဓာတ်ကို အအေးခံ၍ ချမ်းသာစွာ ဘက်ရှုပြီး တကယ့် ကိုယ်တွေ့လက်တွေ့ ဉာဏ်တွေ့ဖြစ်အောင် ကြိုးစားကြပါရန် အချိန်မှီ မှာကြားအပ်ပါသည်။

 

မင်္ဂလာ-အောင်မြင့်

သာသနာ့ရိပ်သာ

၂၅--၅၁