အဂ္ဂသာဝက မထေရ်မြတ်ကြီး (၂)ပါး ကျွတ်တမ်းဝင်ခန်း တရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

test

အဂ္ဂသာဝက မထေရ်မြတ်ကြီး (၂)ပါး ကျွတ်တမ်းဝင်ခန်း တရားတော်

Published Date - 2017

Author By - မဟာစည်ဆရာတော်ဘုရားကြီး

498 စာမျက်နှာ


အဂ္ဂသာဝကမထေရ်မြတ်ကြီးနှစ်ပါး

ကျွတ်တမ်းဝင်ခန်းတရားတော်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌ

အမှာစာ

ပထမအကြိမ်ပုံနှိပ်ခြင်း

 

ဘုရားဖြစ်တော်မူသည်မှစ၍ ပရိနိဗ္ဗာန်စံဝင်တော်မူသည်အထိ ဝါတော်စဉ်တရားတော်များကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၊ ဖလ်ယဉ်ဓမ္မာရုံတော်ကြီး၌ ဟောကြားတော်မူခဲ့ပါသည်။

ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန်မထေရ်မြတ်ကြီးနှစ်ပါး ကျွတ်တမ်းဝင်ခန်းတရားတော်သည် ဝါတော်စဉ် ဟောကြားသော တရားတော်များတွင်ပါဝင်ပြီး ၁၃၂၅ ခုနှစ်၊ တပေါင်းလဆန်း ()ရက်၊ (၁၉--၁၉၆၄)နေ့မှစ၍ ရှင်သီတင်း ရှစ်ပိုင်းဟောကြားခဲ့သည့်တရားတော်ဖြစ်ပါသည်။ ယင်းတရားတော်ကို ဒေါက်တာဝင်းနိုင်ကျော်နှင့် ဓမ္မမိတ်ဆွေတစ်စုတို့က အသံတရားတော်မှ စာမူကြမ်းအဖြစ် ကုသိုလ်ယူ ရေးသားပေးခဲ့ပါသည်။

အဂ္ဂသာဝကမထေရ်မြတ်ကြီးနှစ်ပါး ကျွတ်တမ်းဝင်ခန်း တရားတော်စာမူကြမ်းကို ကွန်ပျူတာစာစီလျက် စာမူချောအဖြစ် ပုံနှိပ်ရန်အဆင့်သို့ရောက်ရှိအောင် သာမဏေကျော်ဆရာတော်၊ ပြင်ဦးလွင် ခဲလယ်ဆရာတော်၊ ရွှေဘို ပါဠိကာရီတုလွတ်ဆရာတော်များက တည်းဖြတ်စာစစ်၊ စာပြင်ပြုလုပ်ပေးပြီး စာအုပ်အဖြစ်သို့ ပုံနှိပ်ရန် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီးသို့ ပေးပို့ခဲ့ပါသည်။ ၂၂--၂၀၁၇ နေ့တွင် ကျင်းပပြုလုပ်သော ပရိယတ္တိ ပဋိပတ္တိစာပေပြန့်ပွားရေးအဖွဲ့ငယ် /၂၀၁၇ အစည်းအဝေးက အဂ္ဂသာဝကမထေရ်မြတ်ကြီးနှစ်ပါး ကျွတ်တမ်းဝင်ခန်းတရားတော်ကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ပုံနှိပ်ထုတ်ဝေဖြန်ချိရန် သဘောတူဆုံးဖြတ်ခဲ့ပါသည်။

“​ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ပရိယတ္တိ ပဋိပတ္တိ စာပေပြန့်ပွားရေးအဖွဲ့ငယ်၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များ စည်းမျဉ်းအပိုဒ် ()တွင် ပုံနှိပ်ထုတ်ဝေခြင်း မပြုရသေးသော လက်ရေးစာမူများ၊ အသံဖိုင်များ၊ အသံသွင်း ကက်ဆက်ခွေများကို ရှာဖွေစုဆောင်း၍ စာမူကြမ်းထုတ်နှုတ်ပြီး ပုံနှိပ်ထုတ်ဝေရေးကို ဆောင်ရွက်ရန်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေအားဖြင့်လည်းကောင်း၊ မဟာစည်ဆရာတော်ဘုရားကြီး၏ အသံတရားတော်ကို နာကြားမဝဖြစ်နေကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအတွက် အမြဲမပြတ်ဖတ်ရှုပူဇော်နိုင်ရန်အတွက် လည်းကောင်း၊ နောင်လာနောက်သားမျိုးဆက်သစ်များ မဟာစည်ပရိယတ္တိ သာသနာအတွက် သာသနာ့သမိုင်းဝင်စာအုပ်အဖြစ် စောင့်ရှာက်ထိန်းသိမ်းနိုင်ရန်အတွက်လည်းကောင်း၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က တစ်ကြိမ်တစ်ခါမှ ပုံနှိပ်စာအုပ်အဖြစ် ထုတ်ဝေရခြင်း မရှိသေးသော အဂ္ဂသာဝက မထေရ်မြတ်ကြီးနှစ်ပါး ကျွတ်တမ်းဝင်ခန်းတရားတော်ကို ပထမအကြိမ် စီစဉ်ပုံနှိပ်ဖြန့်ချိလိုက်ရပါကြောင်း။


ဒေါက်တာတင့်စိုးလင်း

ဥက္ကဋ္ဌ

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်

မဟာစည်သာသနာ့ရိပ်သာ

၁၃၇၉ ခုနှစ်၊ နတ်တော်လ၊

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ


 

လက်ဦးရှုဖွယ်

 

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော အဂ္ဂသာဝကကြီး ()ပါး၏ ကျွတ်တမ်းဝင်ပုံတရားတော်သည် လွန်စွာမှ ပြီးပြည့်စုံလှပါသည်။

မထေရ်ကြီး ()ပါးတို့ ပါရမီဖြည့်ခဲ့ရပုံတွေ၊ ကျင့်ကြံခဲ့ရပုံများသည် လွန်စွာမှ အတုယူဖွယ်လည်းကောင်း၊ သံဝေဂ ဖြစ်စရာလည်း များစွာတွေ့ရပါသည်။ မထေရ်မြတ်ကြီး ()ပါး ဆုပန်ဆင်ခဲ့ပုံတွေ၊ ဆုပြည့်အောင် အားထုတ်ခဲ့ရပုံများကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးကလည်း စုံလင်အောင် ကျမ်းဂန်အဆိုများရော၊ အဓိပ္ပါယ်ယူဆပုံများပါ အချက်ကျကျ အဆက်အစပ်မိအောင် ဟောကြားသွားပုံက နောင်လာနောက်သား ပုဂ္ဂိုလ်များ မှတ်သားဖွယ် အတုယူဖွယ် အင်မတနမှကောင်းလှပါသည်။

သို့ဖြစ်၍ ဤအဂ္ဂသာဝကကြီး ()ပါး ကျွတ်တမ်းဝင်ပုံ တရားတော်ကြီးသည် နောင်လာနောက်သား သာသနာသမိင်းမှာ ပုံနှိုင်းဖွယ် သာဓကကြီးတစ်ခု ဖြစ်ရစ်လိမ့်မည်ဆိုတာ မှတ်တမ်းပြုရင်းနှင့်ပဲ ဒီလက်ဦးရှုဖွယ် စကားသွယ်ကို အဆုံးသတ်အပ်ပါသတည်း။

 

၁၃၇၉ ခုနှစ်၊ သီတင်းကျွတ်လ (-၁၀-၂၀၁၇)

 

သြဝါဒါစရိယ ဘဒ္ဒန္တဝါသဝ

မြစ်သားဆရာတော်

(သာသနဓဇ သိရီပဝရ ဓမ္မစရိယ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊

အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓရ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက)