ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ကမ္ဘာ့သာသနာပြုကြွခါနီး မိန့်ကြားတော်မူသည့် တရားတော်

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

၁၃၄၀-ပြည့်နှစ် နှောင်းတန်ခူးလဆန်း ၅-ရက်(၁-၄-၇၉)နေ့ မွန်းလွဲ ၁-နာရီ အချိန်တွင် ဆရာတော်ဘုရားကြီး ကမ္ဘာ့သာသနာပြုခရီး စတင်တော်မူမည်ဖြစ်သဖြင့် တပည့် ရဟန်း, ရှင်, လူ ယောဂီများ ထောင်နှင့်ချီ၍ တပည့်တပန်း ရဟန်း, ရှင်, လူ ယောဂီတို့၏ လက်အုပ်ချီမိုး ရှိခိုးပူဇော် ဖူးမြော်ကန်တော့မှုကို ခံယူတော်မူပြီးနောက် အောက်ပါအတိုင်း တရားဒေသနာ ဟောကြားတော်မူခဲ့လေသည်။

“တပည့်ရဟန်းသံဃာတော်များနှင့် တပည့်ယောဂီအပေါင်းတို့ အပ္ပမာဒေန သမ္ပာဒေထဟူ၍ ဘုရားမြတ်စွာဟောတော်မူသည့်အတိုင်း မမေ့မလျော့မပေါ့မဆသော သတိတရားဖြင့် သီလ, သမာဓိ, ပညာတို့ကို ပြီးစီးပြည့်စုံစေကြရမယ်၊ အကြမ်းအားဖြင့် ဆိုရရင် ဒါနကုသိုလ်ပွားများရန်၊ သီလလုံခြုံအောင်ဆောက်တည်ခြင်းသည် ဘာဝနာ အားထုတ်ဖို့အတွက် အခြေခံပါပဲ၊ မိမိတို့ရဲ့သန္တာန်မှာ ဖြစ်ပျက်နေတာကို မမေ့ဖို့ပါပဲ၊ မြင်ခိုက် ကြားခိုက် နံခိုက် စားခိုက် ထိတွေ့ခိုက် ကြံစည်ခိုက်စတဲ့ ဒွါရခြောက်ပါးက ဖြစ်ပေါ်လာတိုင်း ရှုမှတ်ဖို့ပဲ စသည်ဖြင့်မိန့်ကြားတော်မူသည့်ပြင် ယောဂီတဦးနှင့်တဦး ရဟန်းတပါးနှင့်တပါး ဆက်ဆံခြင်း သတိပေးညွှန်ကြားပြသခြင်း ပြုသည့်အခါ ရိုရိုသေသေ ချိုချိုသာသာ ညွှန်ကြားဆက်ဆံကြရန်၊ မိမိအကျိုးဖြစ်ထွန်းစေရေးအတွက် ကျကျနနအားထုတ်ရန်၊ မမေ့မလျော့ မပေါ့မဆသော သတိတရားနှင့်ပြည့်စုံဖို့ရန်၊ ကမ္ဘာ့ သာသနာပြုခရီးစမည့်ဆဲဆဲ ဘုန်းကြီးက အဆုံးအမပေးခဲ့ပါတယ်” စသည်ဖြင့် မိန့်ကြား တော်မူခဲ့လေသည်။