ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ကမ္ဘာ့သာသနာပြုခရီးမှ ပြန်လည်ကြွရောက်ခိုက် ဟောကြားတော်မူသည့် နှုတ်ဆက်မိန့်ခွန်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဘုန်းကြီးတို့ပြန်လာတာကို ဒီက စိတ်ပါလက်ပါနဲ့ ကြိုဆိုနေကြတာတွေ အများကြီးတွေ့ရတယ်၊ လေယာဉ်ပျံဌာနမှာ ဒီလောက်များများရှိလိမ့်မယ်လို့မထင်ဘူး၊ ရိပ်သာမှာတော့ တော်တော်များများ ရှိလိမ့်မယ်လို့ ထင်ပါတယ်၊ ခုတော့ လေယာဉ်ပျံ ဌာနကို အများကြီးလာနေကြတာကိုး၊ လေယာဉ်ပျံဌာနမှာကို အများကြီးတွေ့ရတာကိုး။

ကမ္ဘာ့သာသနာပြုတရားတော်ဆိုပြီးတော့ ဘုန်းကြီးတို့ လျှောက်ပြီးဟောလာခဲ့ ကြတာ ဧပြီလ(၁)ရက်နေ့ကစပြီး ယနေ့ဇူလိုင်လ(၂၇)ရက်နေ့အထိ လေးလနီးပါးရှိသွား ပြီ၊ သာသနာပြုသွားကြတာ၊ အစစအရာရာ အကြောင်းညီညွတ်ပါတယ်၊ ဒီက ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင်ပုဂ္ဂိုလ်တွေကလဲ သင့်လျော်အောင် ဆောင်ရွက်ပေးကြလို့ ဗုဒ္ဓသာသနာတော်ကို ရိုသေလေးစားတဲ့ ဆိုင်ရာပုဂ္ဂိုလ်တွေကလဲ အားပေးကူညီကြလို့ ချမ်းချမ်းသာသာနဲ့ သွားကြရပါတယ်၊ အဆင်ပြေပါတယ်၊ ရောက်ရာရောက်ရာမှာလဲ ဗုဒ္ဓသာသနာတော်ကို ရိုသေလေးစားတဲ့ပုဂ္ဂိုလ်တွေ အတော်အသင့်တော့ တွေ့ရပါ တယ်၊ တချို့နေရာတွေမှာဆိုရင် ဘုန်းကြီးတို့က အဲဒီလောက်တောင် မမျှော်လင့်ပါဘူး၊ တော်တော်များများ တွေ့ရပါတယ်၊

အဲဒီ ရောက်ရာဌာနမှာ သင့်တော်တဲ့တရားလဲပဲ ဟောကြရပါတယ်၊ ဒီက ဟောဖို့ရာ တရားအစီအစဉ်ကလေးကလဲ ပါသွားတာနဲ့ တော်တော်အဆင်ပြေပါတယ်၊ ဒီက ဦးညီညီနဲ့ဦးသာနိုးတို့ဘာသာပြန်တဲ့ တရားကလေးတွေကပါတာနဲ့ အင်္ဂလိပ်လို ဖတ်ပြပြီးတော့လဲ ဟောရပါတယ်၊ တချို့ကလဲ ဗမာလိုပဲ နာချင်တယ်၊ ဒါနဲ့ ဗမာလိုလဲ နည်းနည်းပါးပါး ဟောရပါတယ်၊ တခါတရံကျတော့ ဘုန်းကြီးက နည်းနည်းဟောပြီး တော့ ဦးဇနကကို များများဟောခိုင်းရပါတယ်၊ သူကလဲပဲ အင်္ဂလိပ်လိုဟောတာ ပြော တာတွေ တော်တော်ကျွမ်းကျင်ပါတယ်၊ အစကတော့ ဘုန်းကြီးက ဒီလောက်မကျေပွန် ဘူးလို့ အောက်မေ့တယ်၊ ဟိုကျတော့မှ သူကပြောပုံဆိုပုံရော တာဝန်ကျေပွန်ပါတယ်၊ တချို့ မေးမြန်းတာတွေရှိတယ်၊ တချို့က အသံကလေးနည်းနည်းကလေးပဲ ကြားရတယ်၊ အဲဒါလဲ ဖြေကြားနိုင်ပါတယ်၊ တော်တော်ဟန်ကျတာပဲ၊ ရောက်ရာဌာနတွေမှာ စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေ တော်တော်များများရှိကြပါတယ်၊ တရားလဲ ရိုရိုသေသေ လေးလေးစားစား အားထုတ်တဲ့သူတွေ အတော်အသင့်တော့ ရှိပါတယ်။

လက်ရှိပဓာနနာယကဆရာတော် အရှင်အာဒိစ္စ(၁၂၈၉- )သည် ၁၃၃၂-ခုနှစ်မှ စတင်၍ ယနေ့ထိတိုင်အောင် နှစ်ပေါင်း ၄၀-ကျော် ယောဂီများအပေါ်၌ ထက်သန်လှ သော စိတ်စေတနာတို့ဖြင့် သတိပဋ္ဌာန်ဝိပဿနာတရားများကို နည်းစနစ်တကျ ကိုယ်တော်တိုင်ညွှန်ကြားပြသခြင်း, ထိုမျှမက ပြည်တွင်းပြည်ပမဟာစည်သာသနာ့ ရိပ်သာများ၏ ဦးသျှောင်သြဝါဒါစရိယဆရာတော်အဖြစ် ညွှန်ကြားဆောင်ရွက်ခြင်း, စသည်တို့ဖြင့် ပဋိပတ္တိအမွေမြတ်ကို ခံယူတော်မူခဲ့လေသည်။

ဒါပေမယ့်လို့ ဗုဒ္ဓဘာသာနိုင်ငံတွေနဲ့ နှိုင်းစာကြည့်ရင်တော့ အင်မတန် အားနည်းပါသေးတယ်၊ အဲဒီနိုင်ငံတွေမှာ သာသနာပြုရောက်နေတဲ့ ထေရဝါဒ ရဟန်းတော်တွေလဲပဲ တချို့တွေ့ရပါတယ်၊ ယိုးဒယားနိုင်ငံက၊ ကမ္ဘောဒီးယားက၊ သီဟိုဠ်က၊ အဲဒီလိုနိုင်ငံကပုဂ္ဂိုလ်တွေ တွေ့ရပါတယ်၊ ဗမာပြည်ကတော့ အင်္ဂလန်မှာ ဦးရေဝတဓမ္မတပါးပဲ တွေ့ရပါတယ်၊ အဲဒီလိုရောက်ရာရောက်ရာတွေမှာ ဗုဒ္ဓသာသနာ ကို ပြုစုနေကြတဲ့ ပုဂ္ဂိုလ်တွေ တွေ့ရတဲ့အတွက်လဲ ဝမ်းမြောက် ဝမ်းသာပါတယ်၊ ဘုန်းကြီးတို့ဟောတဲ့တရားတွေကို လေးစားတဲ့ပုဂ္ဂိုလ်တွေများပါတယ်၊ ဆက်လက်ဖတ်ရှုရန် ...

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ယိုးဒယားကဆိုလို့ရှိရင် “ဝတ်မဟာတပ်” ဆရာတော်ဘုရားကြီးကနေပြီး ပဋိပတ္တိသာသနာပြုဘို့ရာ ညွှန်ကြားခဲ့လို့ ဒီကဦးအာသဘကို ဟိုမှာလွှတ်ထားရတယ်၊ ၁၃၁၄-ခုနှစ်ကပါပဲ၊ အဲဒီကတည်းက ယိုးဒယားကိုရောက်နေတယ်။ ဝတ်မဟာတပ် ကျောင်းက အားထုတ်တာ တော်တော်အဆင့်အတန်းမြင့်တယ်။ သူတို့ဆီက ဒီမှာလာပြီး အားထုတ်တဲ့ မဟာဇောတုတ်ဆိုတဲ့ကိုယ်တော်ကလဲ တော်တော် အဆင့်အတန်းမြင့်နေ ပါတယ်။ ဒါပေမဲ့ သူက အခြားအကြောင်းရှိလို့ အခြားသွားနေလို့ ဘုန်းကြီးနဲ့ မတွေ့ခဲ့ရ ဘူး။ သူတို့ဆီက အားထုတ်ထားတဲ့ပုဂ္ဂိုလ်တွေက အမေရိကန်တို့, အင်္ဂလန်တို့, ဥရောပ တို့ရောက်ပြီး ဟောပြောနေကြတယ်။ အင်မတန် ဝမ်းသာပါတယ်။

သူတို့က ဒီကနည်းနိသျတွေ ဟောပြနေကြတယ်၊ အချို့ကလဲ အခြားနည်း နိသျတွေ ဟောပြောနေတာ ရှိတာပေါ့လေ၊ အဲဒါတွေ ဘုန်းကြီးတို့ တတ်နိုင်သမျှ ဟိုမှာ ဟောခဲ့ရပါတယ်။ နေရာဌာနပေါင်းလဲ တော်တော်များပါတယ်။ တော်တော်နှံ့နှံ့စပ်စပ်လဲ သွားရတယ်။ ဟိုကပုဂ္ဂိုလ်တွေကလဲ ဘုန်းကြီးတို့ ချမ်းချမ်းသာသာသွားရအောင် သင့်လျော်သလို အစစအရာရာ စီစဉ်ပေးကြတယ်။ လေယာဉ်ပျံနဲ့သင့်လျော်ရင် လေယာဉ်ပျံနဲ့၊ ကားနဲ့သင့်လျော်ရင် ကားနဲ့ပို့ပေးကြလို့ ချမ်းချမ်းသာသာနဲ့ ဘုန်းကြီးတို့ သွားရပါတယ်။ အဲဒီအမေရိကန်မှာလဲ ဌာနပေါင်း တော်တော်များပါတယ်။ ဥရောပနဲ့ စကော့(တ်)လန်ဘက်မှာ ဌာနပေါင်းပိုပြီးများပါတယ်။ အဲဒီဌာနတွေ အကြောင်းက တော့ မှတ်တမ်းရေးလာတဲ့ပုဂ္ဂိုလ်တွေရဲ့ဆန္ဒအရ ဖော်ပြမှ စေ့စေ့စပ်စပ် နားလည်နိုင် မှာပါ။

အခုတော့ နှုတ်ဆက်အနေနဲ့ ဟောပြောရတာပဲ၊ ဟိုနိုင်ငံက ဘုန်းကြီးတို့ ဟောပြောတဲ့တရားတွေ ကြားနာကြရလို့ အားရဝမ်းသာကြတယ်။ ဒါပေမဲ့ အခြားနိုင်ငံ များမှာတော့ ဒီမှာလိုပရိသတ်ကမများဘူး၊ အခုမြန်မာနိုင်ငံမှာတော့ အားထုတ်တဲ့ပုဂ္ဂိုလ် တွေ အင်မတန်များတာပဲ၊ အင်မတန် ဝမ်းသာစရာကောင်းပါတယ်။ ဒီမှာ ဘုန်းကြီးတို့ ဟိုဟိုဒီဒီလိုက်ဟောတဲ့အခါမှာပဲ ပရိသတ်နှစ်ထောင် သုံးထောင်ရှိတယ်။ ဟိုနိုင်ငံတွေ ကတော့ ဒီလို ပရိသတ်မများဘူး။ ယိုးဒယားတော့ အတော်အသင့်ရှိတယ်။ ဟိုတနေ့က ဝတ်မဟာတပ်ကျောင်းတိုက်က သူတို့ဥပုသ်နေ့ဖြစ်တဲ့ လကွယ်နေ့ပေါ့။ ဘုန်းကြီးတို့ ရက်နဲ့ဆိုရင် ဝါခေါင်လဆန်း(၁)ရက်နေ့ပေါ့။ အဲဒီမှာ ဥပုသ်သည်တွေရော အခြားသူ တွေရော တရားနာကြတာ တော်တော်များပါတယ်၊ (၂၀ဝ၀)နီးပါးလောက် ရှိပုံရတယ်။ ဟို ဇင်းမယ်နယ်ထဲက တောင်ပေါ်ဌာနတခုမှာလဲ ပရိသတ်တွေ အတော်များပါတယ်။

အဲဒီမှာလဲ တရားအားထုတ်တဲ့ ကမ္မဋ္ဌာန်းကျောင်းတွေလဲပဲ (၁၅၀)လောက်ရှိ တယ်လို့ သိရတယ်၊ ကျောင်းကြီးတွေတော့ မဟုတ်ပါဘူး၊ ကျောင်းကလေးတွေပါပဲ။ ဗမာပြည်လောက်တော့ အားထုတ်တဲ့ပုဂ္ဂိုလ်များတယ်လို့ မဆိုနိုင်ပါဘူး။ ဗမာပြည် ကတော့ အင်မတန်များတာပါပဲ။ ဒီက ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကနေပြီး သတင်းတွေ ပို့ထားလို့ ဟိုကမေးတဲ့အခါကာလမှာ ဘုန်းကြီးတို့ကပြောရတယ်။ ဗမာပြည် သာသနာ့ ရိပ်သာမှာ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေ ဘယ်လောက်ရှိသတုန်းလို့ တချို့က မေးတယ်။ ဒီက ဘုန်းကြီးတို့ ဟိုရောက်နေတုန်း စာတွေပို့ထားတာ ရှိပါတယ်။ ယောဂီ (၄၀ဝ)ကျော်လောက်ရှိတယ်။ နဲတဲ့အခါမှာ (၄၀ဝ-၄၀ဝ)ကျော်ရှိတာ သိရတယ်လို့ပြောခဲ့ တယ်။ များတဲ့အခါများမှာတော့ မနှစ်ကသင်္ကြန်တွင်းမှာ ယောဂီ(၁၆၀ဝ)ရှိတယ်၊ ဒီနှစ် တော့ ဟိုကစာတွေပို့ပေးလိုက်တာနဲ့ ယောဂီ(၂၀ဝ၀)ကျော်ရှိတယ်ဆိုတာ ပြောတော့ ဟိုကပုဂ္ဂိုလ်တွေက အင်မတန်အံ့သြကြပါတယ်။ ဗုဒ္ဓသာသနာတော်အတွက် အားရ ဝမ်းသာ ဖြစ်ကြပါတယ်။

အဲဒီတော့ ဒီမှာ တရားအားထုတ်နေကြတဲ့သူတွေ အင်မတန် ဝမ်းသာစရာ ကောင်းတယ်။ အကြောင်းညီညွတ်လို့ အားထုတ်ကြရတာဟာ ကိုယ့်အတွက်လဲ ဝမ်းသာစရာကောင်းတယ်၊ သာသနာတော်အတွက်လဲ ဝမ်းသာစရာကောင်းပါတယ်။ အဲဒါ နောက်ရက်နောက်ရက်တွေကျမှ အကြောင်းအားလျော်စွာ ဖော်ပြဟောရဦးမှာပဲ။ ယခုတော့ နှုတ်ဆက်အနေနဲ့ပဲ ကြာကြာချည်းဟောလို့ မတော်ပါဘူး။ ဒီလောက်ဆို ပြည့်စုံပါပြီ။ ဟိုမှာတော့ ည(၈)နာရီလောက်က စဟောရင် တစ်နာရီ, တစ်နာရီကျော် လောက်ဟောပါတယ်၊ (၉)နာရီကျော်မှ ပြီးပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေမှာ တော့ တော်တော်နဲ့နေမဝင်သေးဘူး၊ (၁၀)နာရီလောက်မှ နေဝင်တာကိုး။ နံနက်(၄) နာရီလောက်ဆိုရင် လင်းတာပဲ။ တနေရာမှာက “နော်ဝေး”လား၊ အဲဒီမှာတော့ မေလ(၁၄)ရက်ကနေပြီး ဇူလိုင်လ(၃၀)ရက်အထိ နေမဝင်ဘူးလို့ ဆိုပါတယ်။ အဲဒီ နေရာ ဘုန်းကြီးတို့က သွားကြည့်ဖို့ ဗဟုသုတအနေနဲ့သွားဖို့ စိတ်ကူးတယ်။ ဒါပေမဲ့ မရောက်ခဲ့ပါဘူး။ အင်္ဂလန်ရောက်သွားတော့ တရားဟောပြီး ည(၉)နာရီကျော်အောင် တောင် နေကိုမြင်နေရတာလဲရှိတယ်။ ဒါပေမဲ့ မိုးမှုံတွေက မပြတ်ဖြစ်နေတာ များပါ တယ်။ တိမ်တွေဖုံးကွယ်နေတော့ ဟိုနော်ဝေးမှာနေလဲ မြင်မှာမဟုတ်ဘူး။ ဒါကြောင့် အဲဒီနော်ဝေးကို မသွားခဲ့ပါဘူး။ နေပွင့်နေတဲ့အခါမှာတော့ ဟိုမှာ ည(၉)နာရီကျော် သော်လဲ နေမဝင်သေးဘူး။ ည (၁၀)နာရီကျော်လောက် (၁၁)နာရီလောက်မှ အိပ်ရပါတယ်။ အဲဒါဟာ နေ့စဉ်လိုလို ဖြစ်နေပါတယ်၊ ဒါပေမဲ့ နေလို့ထိုင်လို့ကတော့ အဆင်ပြေပါတယ်။ ဒီတော့ အခု(၈)နာရီခွဲဆိုတာဟာ ဟိုကအနေနဲ့တော့ စောပါသေး တယ်။ ဒါပေမဲ့ ဒီကအမြင်နဲ့ဆိုတော့ မှောင်နေပြီ။

ဒါကြောင့် ဒီကနေ့ နှုတ်ခွန်းဆက်တရား ဒါလောက်နဲ့တော်ပါပြီ။ ဘုန်းကြီးတို့ ဟောပြောခဲ့တာတွေ အာရုံပြုကြခြင်း၊ ရိုရိုသေသေနဲ့ လာရောက် ဖူးမြော်ကန်တော့ကြ ခြင်း အစရှိသော ဤကောင်းမှုကုသိုလ်ကံတွေကြောင့် ဘေးရန်အန္တရာယ်ဟူသမျှတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းကြ ဝေးကွာကြ၍ မိမိတို့ စွမ်းနိုင်သမျှ အားထုတ်ကြသဖြင့် ဆင်းရဲခပ်သိမ်းငြိမ်းရာဖြစ်သော နိဗ္ဗာန်တရားကို လျင်မြန်စွာဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။

သာဓု....သာဓု....သာဓု။