ယနေ့ခေတ် အင်ဒိုနီးရှား ပဋိပတ္တိသာသနာ

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

၂၀ဝ၈-ခုနှစ်၊ မတ်လ ၆-ရက်နေ့ နေ့လည် ၁၂း၃၀ အချိန်တွင် အင်ဒိုနီးရှား နိုင်ငံ သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး ဘိက္ခူဇိနဓမ္မမဟာထေရ်နှင့် အဖွဲ့ဝင် ၅-ဦးတို့သည် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာသို့ ကြွရောက်တော်မူလာ ကြပါသည်။

ဆရာတော်ကြီးနှင့် အဖွဲ့ဝင်များသည် မဟာစည်သာသနာ့ရိပ်သာ သြဝါဒါစရိယ ဆရာတော်ဘုရားကြီး အရှင်သံဝရအားလည်းကောင်း၊ မဟာစည်သာသနာ့ရိပ်သာ နာယကဆရာတော်များအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် အရှင်ဇဋိလအားလည်းကောင်း၊ ပူဇော်ကြပါသည်။ ၎င်းနောက် စံကျောင်းတော်၊ ဖလ်ယဉ်ဓမ္မာရုံကြီး၊ ဆာဦးသွင် ရုပ်တုတော်များသို့ လှည့်လည်လေ့လာကြပြီးနောက်၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းထိန်၊ တွဲဖက်အတွင်းရေးမှူး ဦးဖုန်းမြင့်၊ အရံအမှုဆောင် ဒေါက်တာ ဦးအောင်စန်းတို့အား တွေ့ဆုံကြပါသည်။

အင်ဒိုနီးရှားနိုင်ငံ သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက အင်ဒိုနီးရှားနိုင်ငံတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ကြွရောက်၍ ပဋိပတ္တိသာသနာပြုရာမှစ၍ ယခုအခါတွင် ပဋိပတ္တိသာသနာပြန့်ပွားမှု အရှိန်မပျက် ဆက်လက်ပြန့်ပွားလျက်ရှိပါကြောင်း၊ သံဃာများကလည်း ထေရဝါဒ၊ မဟာယာန၊ တိဘက်၊ နီပေါ စသည်ဖြင့်မခွဲခြားဘဲ အားလုံးသံဃာများပါဝင်ကြ၍ သံဃာ့မဟာ နာယကအဖွဲ့ကြီးကို ညီညွတ်စွာဖွဲ့စည်း၍ သာသနာပြုလုပ်ငန်းများကို အားကြိုး မာန်တက် ဆောင်ရွက်လျက် ရှိနေကြကြောင်း၊ ယခုအခါတွင်လည်း ရွှေတိဂုံစေတီတော် ပုံစံတူ ဘုရားတစ်ဆူ တည်ဆောက်လျက်ရှိရာ အတော်ခရီးရောက်နေကြောင်း မိန့်ကြား ခဲ့ပါသည်။