၁၃၄၈ ခုနှစ်၊ အရှင်ကေလာသ (ပခုက္ကူဆရာတော်) ရေးသားသော မဟာစည်ထေရဝုတ္တန္တဝိလာသိနီကျမ်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

အရှင်ကေလာသ (ပခုက္ကူဆရာတော်) ရေးသားသော မဟာစည်ထေရဝုတ္တန္တဝိလာသိနီကျမ်း (ပထမတွဲ) အဖုံးပုံ

ဤ ထေရဝုတ္တန္တဝိလာသိနီကျမ်းရေးသားသူ အရှင်ကေလာသ (ပခုက္ကူဆရာတော်) က စာအုပ် နိဒါန်းတွင် ထေရဝုတ္တန္တ ဝိလာသိနီကျမ်းရေးသားဖြစ်ပုံကို နိဒါန်းတွင်ရေးသားထားသည်မှာ

ဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်ကပင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဂုဏ်ထူးဆောင် အမှုဆောင်လည်းဖြစ်, ဆရာတော်ဘုရားကြီး၏ ရင်းချာသော ဓမ္မအကျိုးဆောင်, သာသနာ့ အကျိုးဆောင် ဥပါသကာ မင်္ဂလာဦးအောင်မြင့်သည် မိမိအား ဆရာတော်ဘုရားကြီး၏ အဖြစ်တော်စဉ် ကျမ်းကြီးတစ်ဆောင် ဂါထာ (၁၀၀၀)ဖြင့် ရေးသားပြုစုပေးပါရန် လျှောက်ထား ခဲ့လေသည်။ တဖန် ဆရာတော်ကြီး စုတိကမ္မဇရုပ် ချုပ်တော်မူပြီးနောက် ယခင်က လျှောက်ထား ဖူးသည့်အတိုင်း ဆရာတော်ဘုရားကြီး၏ အဖြစ်တော်စဉ် ကျမ်းကြီးကို မဖြစ်မနေ ဦးပဉ္ဇင်း ဘာအလုပ်တွေရှိရှိ တပည့်တော်၏စေတနာကိုငဲ့ညှာ သာသနာတော်ကိုထောက်ထားပြီး ရေးသား ပြုစုပေးပါဟု အတန်တန် လျှောက်ထားပြန်လေသည်။ ၎င်းပြင် အဂ္ဂမဟာပဏ္ဍိတ ရွှေစေတီဆရာတော်ဘုရားကြီး အရှင်သုန္ဒရမဟာထေရ်, ဝက်လက်မစိုးရိမ်ဆရာတော် အရှင်တိဿ စသည့် ကျောက်ထီးတန္တု အလေးပြုအပ်သော အာစရိယမတ္တ ဆရာတော်ဘုရားကြီများကလည်း တိုက်တွန်းမိန့်ကြားတော်မူပါသည်။ ၎င်းပြင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးပွင့်ကောင်းကလည်း ကိုယ်တိုင်ကိုယ်ကြပ် လျှောက်ထားလေသည်။ ယင်းသို့ အလေးပြုအပ် ပမာဏပြုထိုက်သော ရဟန်းပုဂ္ဂိုလ်, လူပုဂ္ဂိုလ်တို့၏ တိုက်တွန်းတောင်းပန်မှုကြောင့် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အဖြစ်တော်စဉ် မဟာစည်ထေရဝုတ္တန္တဝိလာသိနီကျမ်းကြီးကို ပေါ်ထွက်ပြီးသော အတ္ထုပ္ပတ္တိများ,ဆရာတော်၏ တရားကျမ်းစာများ, သာသနာပြုမှတ်တမ်းများ, ဆရာတော်၏ မိန့်ကြားချက်ဩဝါဒများ , သက်ဆိုင်ရာပါဠိ, အဋ္ဌကထာ, ဋီကာကျမ်းများ,ဒီပဝံသ, မဟာဝံသ စသည့် သာသနာ့သမိုင်းများ , သီဟိုဠ်ဘာသာရေးကျမ်းစာများ, ဆဋ္ဌသင်္ဂါယနာ သမိုင်းမှတ်တမ်းများ,မိမိ အထူးလေ့လာစုဆောင်းထားသည့် မှတ်တမ်းများ စသည့် များလှစွာသော ကျမ်းဂန်စာပေတို့ကို မှီငြိမ်းပြု၍ ဤမည်သော မဟာစည်ထေရဝုတ္တန္တဝိလာသိနီ အမည်ရှိ​သော ကျမ်းကြီးကို အပိုင်းကဏ္ဍ ပရိစ္ဆေဒပေါင်း (၁၀၀) ဖြင့် တန်ဆာဆင်၍ ရေးသားပြုပြင် စီရင်အပ်သတည်း။

အရှင်ကေလာသ (ပခုက္ကူဆရာတော်) ရေးသားသော မဟာစည်ထေရဝုတ္တန္တဝိလာသိနီကျမ်း (ဒုတိယတွဲ) အဖုံးပုံ