မဟာစည်ဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိအကျဉ်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

သက်တော် ၇၈ နှစ်၊ ပျံလွန်တော်မမူခင် (၁) ရက်

သေချာစွာစီစစ်ထားသဖြင့် ကျဉ်းသော်လည်း သမိုင်းတန်ဖိုးရှိသည်။ ဆရာတော်ဘုရားကြီးမွေးဖွား သည်မှ ရှင်ရဟန်းပြုပုံ၊ စာပြန်ပွဲများ၊ စာပြန်ပွဲများအောင်မြင်ပုံ၊ ပါဠိတော်၊ အဋ္ဌကထာကျမ်းများ ဆည်းပူးလေ့လာပုံ၊ စာပေများပို့ချပုံ၊ တရားရှာဖွေပုံ၊ တရားပြသပုံ၊ ဝိပဿနာရှုနည်းကျမ်းကြီး (ပ/ဒု) ရေးသားပြုစုပုံ၊ နုဂ္ဂဟအဖွဲ့၏ ရန်ကုန်ရိပ်သာကြီးသို့ ကြွလာ၍ ယောဂီ(၂၅)ဦးအား တရားစတင်ပြသပုံ၊ ပြည်တွင်းပြည်ပရိပ်သာခွဲများဖွင့်ပုံ၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ဆက်ကပ်ခံရပုံ၊ ဆဋ္ဌသံဂါယနာတင်ပွဲတော်ကြီးတွင် ဆောင်ရွက်ပုံ၊ တရားစာအုပ်ကျမ်းများ ပြုစုပုံ၊ စံလွန်တော်မူပုံ စသည့်အကြောင်းများကို ခုနှစ်သက္ကရာဇ် ရက်စွဲများဖြင့် စီစစ်ဖော်ပြထား သဖြင့် ကျဉ်းသော်လည်း သမိုင်းတန်ဖိုးများစွာရှိသော ထေရုပ္ပတ္တိအကျဉ်း ဖြစ်ပါသည်။

နုဂ္ဂဟအဖွဲ့ချုပ်မှ ဆရာတော်ဘုရားကြီး ဟောကြားရေးသားပြုစုသော စာအုပ်များ ရိုက်နှိပ် ထုတ်ဝေသည့်အခါတိုင်း ပါရှိလိုက်နာရမည့် မူ (၅)ချက်ကို ၂၀၁၆ /၂၀၁၇ ခုနှစ်များက ဆွေးနွေး သတ်မှတ်ခဲ့ကြပါသည်။ ထိုမူ(၅)ချက်အနက်မှ စာအုပ်တိုင်းတွင် ထည့်သွင်းရမည့် ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို မည်သည့်လတွင် နောက်ဆုံးထပ်မံဖြည့်စွက် (update) လုပ်သည် ကိုပါ ထည့်သွင်းရန်ဆုံးဖြတ်ခဲ့ကြပါသည်။

၁၂၈၅-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၄)ရက်၊ တနင်္လာနေ့ (၂၆-၁၀-၁၉၂၃)၊ နံနက် (၈းဝ၀) နာရီအချိန်တွင် အင်ကြင်း တောတိုက် ဗဒ္ဓသိမ်တော်တွင် ဦးအောင်ဘော်+ဒေါ်သစ်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ထန်းစင်ရွာ၊ ဂိုဏ်းချုပ် သုမေဓာတောရကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တနိမ္မလထေရ်အား ဥပဇ္ဈာယ်ပြု၍ သူကြီးကျောင်းဘုန်းတော်ကြီး ဘဒ္ဒန္တပရမ အစရှိသော ကမ္မဝါ ဆရာတော်များနှင့် ၃၅-ပါးသော ကမ္မကာရကသံဃာတော်များက ဥပသမ္ပဒကံ ဆောင်ကာ ချီးမြှောက် တော်မူကြသဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့သည်။

ယနေ့ ဤဝက်ဆိုဒ်အတွက် ဤမိတ်ဆက်စာကို ရေးသားနေသည့်အချိန် ဇူလိုင်လ (၃၁)ရက်၊ ၂၀၁၉ ခုနှစ်၊ ၁၃၈၁ ခုနှစ်၊ ဝါဆိုလကွယ် (၁၅)ရက်နေ့အထိ ထေရုပ္ပတ္တိအကျဉ်းကို ထပ်မံဖြည့်စွက် (update) လုပ်ခဲ့သောနေ့မှာ အောက်တိုဘာလ ၂၀၁၈ ခုနှစ်ဖြစ်ပါသည်။ ၂၀၁၉ တွင် ထုတ်ဝေသော စာအုပ်များ၏ ထေရုပ္ပတ္တိအကျဉ်းများတွင် ဖော်ပြထားသည်ကို တွေ့ရှိနိုင်ပါသည်။