ဆရာတော်ဘုရားကြီးရုပ်သံမှတ်တမ်းများ

ရေးသားသူ - ဖြည့်စွက်ရန်

သက်တော် (၄၅)နှစ်၊ ဝါတော် (၂၅) အရွယ်ပုံတော်၊ မဟာစည်သာသနာ့ရိပ်သာသို့ရောက်ရှိပြီး (၁) နှစ်၊ ဆဌသံဃာယနာတင်ပွဲမတိုင်ခင် (၄) နှစ်၊

ဆရာတော်ဘုရားကြီးရုပ်သံမှတ်တမ်းများကိုဖူးမျှော်ကြည်ညိုနိုင်ပါရန်စုစည်းတင်ပြထားပါသည်။ ဆာဦးသွင်နှင့်နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုတို့ ပင့်ဖိတ်သဖြင့် မဟာစည်သာသနာ့ရိပ်သာသို့ဆရာတော် ဘုရားကြီးကြွရောက်လာသောအချိန်မှာ ၁၉၄၈ ခုနှစ်ကဖြစ်ပါသည်။

ဆရာတော်ဘုရားကြီး၏ ဝါတော် (၂၄) ဝါ၊ ၁၉၅၀ တွင် ရိုက်ကူးမှတ်တမ်းတင်ထားသော အသံထွက်ရုပ်သံ မှတ်တမ်းမှ သြဝါဒခံယူပွဲများ နှင့် နောက်ဆုံးပျံလွန်တော်မမူခင် (၁၀) ရက်အထိရုပ်သံမှတ်တမ်းများတွင် ဆရာတော်ဘုရားကြီး၏ တရားအဆုံးအမများ၊ ဒကာဒကာမများပရိတ်သတ်များ၏ အဖူးအမြှော်ခံပုံများနှင့် မဟာစည်ဆရာတော်ကြီး၏ သွားလာလှုပ်ရှားဟန်နှင့်လုပ်ဆောင်ပုံများ ကိုလည်းတွေ့မြင်ကြည်ညိုရမည်ဖြစ်ပါသည်။

မဟာစည်ဆရာတော်ကြီး၏ထေရုပ္ပတ္တိ ဗီဒီယိုရုပ်သံ

ကြာချိန် - (၄၃) မိနစ်

ဆရာတော်ဘုရားကြီးရုပ်သံမှတ်တမ်းများကိုဖူးမျှော်ကြည်ညိုနိုင်ပါရန်စုစည်းတင်ပြထားပါသည်။ ဆာဦးသွင်နှင့်နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုတို့ ပင့်ဖိတ်သဖြင့် မဟာစည်သာသနာ့ရိပ်သာသို့ဆရာတော် ဘုရားကြီးကြွရောက်လာသောအချိန်မှာ ၁၉၄၈ ခုနှစ်ကဖြစ်ပါသည်။

ဆရာတော်ဘုရားကြီး၏ ဝါတော် (၂၄) ဝါ၊ ၁၉၅၀ တွင် ရိုက်ကူးမှတ်တမ်းတင်ထားသော အသံထွက်ရုပ်သံ မှတ်တမ်းမှ သြဝါဒခံယူပွဲများ နှင့် နောက်ဆုံးပျံလွန်တော်မမူခင် (၁၀) ရက်အထိရုပ်သံမှတ်တမ်းများတွင် ဆရာတော်ဘုရားကြီး၏ တရားအဆုံးအမများ၊ ဒကာဒကာမများပရိတ်သတ်များ၏ အဖူးအမြှော်ခံပုံများနှင့် မဟာစည်ဆရာတော်ကြီး၏ သွားလာလှုပ်ရှားဟန်နှင့်လုပ်ဆောင်ပုံများ ကိုလည်းတွေ့မြင်ကြည်ညိုရမည်ဖြစ်ပါသည်။

မဟာစည်ဆရာတော်ဘုရားကြီးနှင့် ရိပ်သာတစ်နေ့တာ ဗီဒီယိုရုပ်သံ

ကြာချိန် - (၁၃) မိနစ်

မဟာစည်ဆရာတော်ဘုရားကြီးအကြောင်းနှင့် မဟာစည်သာသနာ့ ရိပ်သာကြီး၏ တစ်နေ့တာတရားအားထုတ်သောသံဃာနှင့် ယောဂီ များအားအထောက်အပံ့ပေး ဆောင်ရွက်နေပုံနှင့် အခြားသော ရိပ်သာတွင်းလုပ်ငန်းဆောင်တာ များကို အများပြည်သူ သိရှိ ကြည်ညို သဒ္ဓါပွားနိုင်ရန် ဒါရိုက်တာအကယ်ဒမီ မလိခစိုးထိုက်အောင်မှ ရိုက်ကူး လှူဒါန်း ထားပါသည်။ အင်္ဂလိပ်ဘာသာစာတန်းထိုးအတွက် ဦးခင်မောင်ဦး၊ ဒေါက်တာ ဦးအောင်စန်းနှင့် ဒေါ်ခင်သိုက်ဦး တို့မှ ဘာသာပြန်လုပ်အား၊ ဉာဏ်အား ပေးလှူကြပါ သည်။

၁၉၅၀ မှတ်တမ်းငယ်

ကြာချိန် - (၁:၄၆) မိနစ်

ဤမှတ်တမ်းမှာ ဆရာတော်ဘုရားကြီး ရိပ်သာသို့ စတင်ရောက်ရှိချိန် ၁၉၅၀ ခုနှစ်ခန့်က ရိုက်ကူးထားသော မှတ်တမ်းငယ်ဖြစ်ပါသည်။ ဤမှတ်တမ်းမှာ အင်္ဂလိပ်ဘာသာ အသံထွက်ဖြစ်သဖြင့် နိုင်ငံတကာမှယောဂီသူတော်စင်များလည်း ကြည်ညိုသဒ္ဓါပွားနိုင် ပါသည်။ ဆရာတော်ဘုရားကြီး၏ တရားရှုမှတ်ပုံကို ဟောကြားနေပုံ၊ နောက်ခံစကား ပြောသူမှ အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပေးနေပုံ၊ သူဌေးကြီးဆာဦးသွင်နှင့် အခြားသော မဟာစည်တည်ထောင်စဉ်က ပါဝင်ခဲ့သူအချို့ကို ဤ ဗီဒီယိုရုပ်သံ ၌ တွေ့နိုင်ပါသည်။

၁၉၅၆ မှတ်တမ်းငယ်

ကြာချိန် - (၁:၅၈) မိနစ်

ဆဋ္ဌသံဂါယနာတင်ပွဲနှင့် မဟာစည်ဆရာတော် တာဝန်ယူဆောင်ရွက်ခဲ့သည်များကို ဤမှတ်တမ်းငယ်တွင် ဖော်ပြထားပါသည်။

မဟာပါသဏလှိုဏ်ဂူတော်ကြီးအတွင်း ဆဋ္ဌသံဂါယနာတင်စဉ် ညောင်ရမ်းဆရာတော် ဘုရားကြီး၊ မဟာစည်ဆရာတော်ဘုရားကြီး၊ မင်းကွန်းဆရာတော် ဘုရားကြီးနှင့် အခြားဆရာတော်ကြီးများကို ဖူးတွေ့နိုင်မည်ဖြစ်ပါသည်။

ထိုစဉ်က မဟာစည်ဆရာတော်ဘုရားကြီး၏ သက်တော်မှာ (၅၀) ခန့်သာဖြစ်ပါသည်။

ဆဋ္ဌသံဂါယနာတင်ပွဲ

ကြာချိန် - (၂၉:၁၃) မိနစ်

ဤနာရီဝက်ခန့်ကြာမြင့်သော မှတ်တမ်းတွင် ဥသျှောင်ဆရာတော်အဖြစ် ညောင်ရမ်းဆရာတော်ဘုရားကြီး၊ အမေးပုစ္ဆက ဆရာတော်အဖြစ် မဟာစည်ဆရာတော်နှင့် အဖြေ ဝိသဇ္ဇကဆရာတော်အဖြစ် မင်းကွန်းဆရာတော်တို့က ထေရဝါဒ (၅)နိုင်ငံမှ သံဃာတော်တို့နှင့်အတူ ဆဋ္ဌသံဂါယနာတင်ကြပုံကို တွေ့မြင်ရပါမည်။

ထိုစဉ်အခါက အမေးအဖြေ ပြုလုပ်ကြသည်များကို နာယူကြည်ညိုနိုင်ပါသည်။

မဟာစည်ဆရာတော်ဘုရားကြီးအား ပူဇော်ပွဲတွင် ဖူးမြော်နေကြပုံ

ကြာချိန် - (၁:၄၈) မိနစ်

၁၉၇၇ ခုနှစ်၊ ပူဇော်ပွဲတွင် ဆရာတော်ဘုရားကြီး၏စံကျောင်းတော်တွင် အနယ်နယ်အရပ်ရပ်မှ လာ‌ ရောက်ကြသော လူပရိသတ်၊ ရဟန်းပရိသတ်များမှ ဆရာတော်ဘုရားကြီးအား ဖူးမြော် ကြည်ညိုကြပုံ နှင့် ဆရာတော်ဘုရားကြီးနှင့် ပရိသတ်အပေါင်းတို့ အမျှပေးဝေ နေကြပုံကို ကြည်ညို သာဓုခေါ်ဆို နိုင်ပါသည်။

ဆရာတော်ဘုရားကြီး တရားဟောတော်မူပုံ

ကြာချိန် - (၁:၁၃) မိနစ်

ဆရာတော်ကြီး၏ အဆုံးအမနှင့် လမ်းညွှန်ကို ဖူးမြော်ကြည်ညိုနိုင်ပါသည်။ ၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်က ဖလ်ယဉ်ဓမ္မာရုံပေါ်တွင် ဟောကြားဆုံမတော်မူနေသော မှတ်တမ်း ဖြစ်ပါသည်။

ညောင်ရွှေမြို့ သာသနာခရီး

ကြာချိန် - (၂၂:၂၂) မိနစ်

မဟာစည်ဆရာတော်ကြီးနှင့် မင်းကွန်းဆရာတော်ကြီးတို့ ညောင်ရွှေမြို့၊ သာသနာ့ဝေပုလ္လ ကျောင်းတော်၌ နှစ်ပါးစုံညီ တရားချီးမြှင့်ကြပုံများကို နာယူနိုင်ပါသည်။ နေ့စွဲများအရ မေလ (၅)ရက်၊ ၁၉၈၁ ဟု သိရှိရပါသည်။

တောင်ကြီးတောစခန်းသာ မဟာစည်ရိပ်သာဖွင့်ပွဲ

ကြာချိန် - (၄၂:၀၅) မိနစ်

မဟာစည် တောင်ကြီးတောစခန်း ရိပ်သာဖွင့်ပွဲ အခမ်းအနား တရားပွဲမှတ်တမ်း ဗီဒီယိုရုပ်သံ တွင် ဆရာတော်များ၏ တရားချီးမြှင့်နေပုံများနှင့် ရှမ်းပြည်နယ်ရှိ ဒါယကာများ၏ သာသနာကို ကြည်ညိုလေးစားပုံနှင့် သာသနာကို ချီးမြှင့်ပုံများကို ကြည်ညိုဖွယ်ရာတွေ့မြင်နိုင်ပါသည်။

(၄၂)မိနစ် ခန့် ကြာမြင့်သော ဤမှတ်တမ်းရှိ မဟာစည်ဆရာတော်ဘုရားကြီး ချီးမြောက်သော တရားတော်မှာ ရရှိထားသမျှ တရားတော် ဗီဒီယိုရုပ်သံ တို့တွင် အစအဆုံးနှင့်အရှည်ဆုံး ဟောကြားထားသော တရားတော်ဖြစ်သဖြင့် မဟာစည် ဆရာတော်ကြီးအား ကြည်ညိုသဒ္ဓါပွါးရင်း တရားတော်အား နာယူနိုင်ကြရန် ဝမ်းမြောက်စွာတင်ဆက်လိုက်ပါသည်။

မှတ်တမ်းအရ တောင်ကြီးတောစခန်းသာ ရိပ်သာဖွင့်ပွဲနေ့မှာ မေလ (၈)ရက်၊ ၁၉၈၁ ခုနှစ်ဟု သိရှိရပါသည်။

“၃၂”ကြိမ်မြောက် ဩဝါဒခံယူပူဇော်ပွဲ

ကြာချိန် - (၁၀:၅၃) မိနစ်

“၃၂”ကြိမ်မြောက် မဟာစည်ဩဝါဒခံယူပူဇော်ပွဲကို မှတ်တမ်းတင်ထားသော ဤ ဗီဒီယိုရုပ်သံ ထဲတွင် မဟာစည်ဆရာတော်ဘုရားကြီးအား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကြည်ညို ဩဝါဒခံယူတော်မူကြသော ရဟန်းရှင်လူပရိသတ်များ၊ ဆရာတော်ဘုရားကြီး ကိုယ်တိုင် ဆွမ်းကျောင်းမှ သံဃာတော်များကို ကြည့်ရှုနေပုံများကို ကြည်ညိုဖွယ်ရာတွေ့မြင် ရမည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၊ အမှုဆောင်လူကြီးများမှ ဆရာတော်ဘုရားကြီးအား လျှောက်ထားကြပုံနှင့် ထိုစဉ်အခါက မဟာစည်ရိပ်သာ၏မြင်ကွင်းနှင့် သံဃာတော်များ ကြွချီရာတွင် ကြည်ညိုနေကြသော ပရိသတ်၏ တည်ငြိမ်သော အမူအရာများကိုလည်း မြင်တွေ့ကြရပါဦးမည်။

အသံချဲ့စက်မှ နိဗ္ဗာန်ဆော်ပေးနေသော အသံမှ ထိုခေတ်အခါက ဩဝါဒခံယူပူဇော်ပွဲ မည်သို့ကျင်းပသည်ကို သိရှိနိုင်ပါသေးသည်။

နီပေါ၊ အိန္ဒိယ သာသနာပြုအဖွဲ့

ကြာချိန် - (၁၉:၄၄) မိနစ်

ဤမှတ်တမ်းတွင် ၁၉၈၁ ခုနှစ်က ဆရာတော်ဘုရားကြီး နီပေါ၊ အိန္ဒိယသို့ မကြွမှီ ရန်ကုန်လေဆိပ်တွင် အဖူးမြော်ခံပုံ၊ မဟာစည်ယောဂီ ဘုရားဖူးအဖွဲ့မှ ပုဂ္ဂိုလ်များ၊ ဆရာတော်ကြီး အမှူးပြုသည့် သာသနာပြုအဖွဲ့အများ လေယာဉ်ပေါ်သို့တက်ရောက်ပုံ၊ ဆရာတော်ဘုရားကြီး​ လေယာဉ်ပေါ်သို့ရောက်ရှိပုံတို့မှ အစပြု၍ စိတ်ဝင်စားဖွယ် ကြည်ညိုဖွယ်ရာများကို ဖူးတွေ့ရပါမည်။

ဤမှတ်တမ်းခွေကိုကြည့်ရင်း မဟာစည်ဆရာတော်၏ အဆုံးအမကို ခံယူရင်း နီပေါ်၊ အိန္ဒိယ ခရီး သာသာနာပြုကြပုံများကို ဆက်လက်ကြည်ညိုတော်မူနိုင်ပါသည်။