စံကျောင်းတော် (တည်ဆောက်ပြီးစီးသည့်နှစ် ၁၃၃၀ ခုနှစ်)

တည်ဆောက်ပြီးစီးသည့်နှစ်

၁၃၃၀ ခုနှစ် ပြာသိုလဆန်း (၄) ရက်

၂၊ ၁၂၊ ၁၉၆၈

ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်ကြီးက ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသီတင်းသုံးတော်မူရန် သာသနာ့ရိပ်သာအတွင်း၌ ထယ်ဝါ ခန့်ညား၍ ခိုင်မာတောင့်တင်းသော မဟာစည်ကျောင်းတော်ကို ၁၃၂၉-ခုနှစ်က စ၍ စတင် တည်ဆောက်ခဲ့ပါသည်။

၁၃၃၀-ခုနှစ်၌ ကျောင်းတော်ကြီး ပြီးစီးခဲ့သောကြောင့် ကျောင်းရေစက်ချပွဲကြီးကို ၁၃၃၀-ခု ပြာသိုလဆန်း (၄) ရက် ၊ (၂-၁၂-၆၈) တနင်္ဂနွေနေ့၌ ခမ်းနားကြီးကျယ်စွာ ကျင်းပစဉ်က (၁၉) ကြိမ်မြောက် သြဝါဒခံယူ ပူဇော်ပွဲနှင့်လည်း ကြုံကြိုက် သောကြောင့် အြုမြို့မိ့ အနယ်နယ်မှ မဟာစည်သြဝါဒခံ ကမ္မဋ္ဌာနာစရိယဆရာတော်များ ရဟန်းရှင်လူယောဂီများလည်း သုံး-လေးရက် ကြိုတင်ကြွရောက်လာကြပါသည်။

သို့ဖြစ်သောကြောင့် ကျောင်းတော် ရေစက်ချပွဲ မတိုင်မီ ပြာသိုလဆန်း ၁-ရက်နေ့မှ စ၍ ၃-ရက်တိုင်တိုင် အကြိုည တရားပွဲများကို ကျင်းပခဲ့ပြီး ညစဉ် ညတိုင်းပင် တရားနာ ပရိသတ် မြောက်မြားစွာတို့ လာရောက် တရားနာကြပါသည်။


စံကျောင်းတော်စင်္ကြံန်ဆောင် (တည်ဆောက်ပြီးစီးသည့်နှစ် ၁၃၄၃ ခုနှစ်) တည်ဆောက်ပြီးစီးသည့်နှစ်

၁၃၄၃ ခုနှစ် တန်ခူးလဆန်း (၄) ရက်

၂၈၊ ၃၊ ၁၉၈၂

စံကျောင်းတော်စင်္ကြံန်ဆောင်ကို သာသနာစာရ ၃ ထပ်ကျောင်း၊ သာသနာပါလ ၃ ထပ်ကျောင်း တို့နှင့်ပူးတွဲ‌‌ရေစက်ချသာဓုအနုမောဒနာတရားဟောကြားခဲ့ပါသည်။