ဖလ်ယဉ်ဓမ္မာရုံ (တည်ဆောက်ပြီးစီးသည့်နှစ် ၁၃၁၁ ခုနှစ်)

တည်ဆောက်ပြီးစီးသည့်နှစ်

၁၃၁၃ ခုနှစ်၊ တပေါင်းလဆန်း၅ရက်

၂၉၊ ၂၊ ၁၉၅၂


ဓမ္မာရုံ မူလအလှူရှင်

သတိုးသီရိသုဓမ္မ ဆာဦးသွင်- ဒေါ်ဒေါ်သိန်း

သား ဦးစံမောင် ၊ သမီး ဒေါ်ခင်ခင်ကြီး

၁၃၁၃ ခုနှစ်၊ တပေါင်းလဆန်း၅ရက်

၂၉၊ ၂၊ ၁၉၅၂


ဓမ္မာရုံ ပြုပြင်မွမ်းမံအလှူရှင်

ဦးမြတ်သူ- ဒေါ်ယဉ်ထွေး မိသားစု ကောင်းမှု

၁၃၆၂ ခုနှစ်၊ နတော်လပြည့်

၁၀၊ ၁၂၊ ၂၀ဝ၀



ဖလ်ယဥ်ဓမ္မာရုံ ဟာ သာသနာ့ရပ်သာကြီးရဲ့ဝင်ပေါက်နားမှာတည်ရှိပြီး သာသနာ့ရပ်သာဝင်းကြီးရဲ့ မြေအမြင့်ဆုံးနေရာမှာရှိတယ်။ မြေကြီးအထက်ကို ၄ ပေ လောက်မြင့်ပါသေးတယ်။ တရားဟောရာပလ္လင်ဟာဆရာတော်ကြီးရဲ့ မူလစံကျောင်း နဲ့ စံကျောင်းတို့ထက်ကိုမြင့်တယ်။

ပိဋကတ်စာပြန်ပွဲတွေမှစတင်ပြီး မဟာစည်ဆရာတော်များနဲ့ ဆရာတော်များစွာ  ပရိတ်သတ်ပေါင်းများစွာ သုံးခဲ့ကြတယ်။ အခါကြီးရက်ကြီး လပြည့်လကွယ်တရားပွဲ များ ၊ အလှူ‌ရေစက်ချပွဲ၊ သြဝါဒခံယူပွဲ၊ ဝါဆို သကန်း၊ မွေးနေ့ပွဲတွေကျင်းပရာနေရာဖြစ်သလို၊  အမျိုးသမီး သီလရှင် တို့ တရားအားထုတ် စကြန်လျောက် တရားစစ်ရာဖြစ်တယ်။