မဟာစည်ရိပ်သာရှိ ဝေယျာဝစကုသိုလ်အမျိုးမျိုး

ရိပ်သာကြီးတွင် ဝေယျာဝစအမျိုးမျိုးတို့ကို ကုသိုလ်ရှင်အပေါင်းတို့ ပါဝင်ကုသိုလ်ယူနိုင်ကြပါရန် ဖော်ပြအပ်ပါသည်။


မဟာစည်ရိပ်သာကြီးတွင် ဝေယျာဝစကုသိုလ်များရယူပြီး မိမိတို့၏ ပါရမီကိုဖြည့်စွမ်းနိုင်ကြပါသည်။ သို့ရာတွင် မဟာစည်ရိပ်သာကြီးသည် ကမဌာနစရိယရိပ်သာဖြစ်သည့်အတွက် တရားအားထုတ်သူရဟန်း ၊ ယောဂီတို့အတွက် တရားအားထုတ်ကောင်းသည့် ပတ်ဝန်းကျင်ဖြစ်ရေး ၊ စိတ်အေးချမ်းလုံခြုံ ဘေးကင်းရေး ၊ ဆူညံသံများကင်းဝေးရေး အစရှိသည့်တို့ဖြစ်နေစေရန်ဆိုင်ရာ ဝေယျာဝစအဖွဲ့များမှ တိကျသောစည်းမျဉ်းများဖြင့်ဆောင်ရွက်ရပါသည်။


ထို့ကြောင့်မဟာစည်ရိပ်သာကြီးတွင် ဝေယျာဝစကုသိုလ်ပြုသူများတွက် သိထားသင့်သော ၊ စည်းမျဥ်းစည်းကမ်းများကို သိရှိပြီး ၊ လိုက်နာကျင့်သုံးနိုင်မှသာ ရိပ်သာကြီးတွင် ဝေယျဝစကုသိုလ် ယူတော်မူပါရန်တိုက်တွန်းအပ်ပါသည်။

ဝေယျာဝစပြုလိုသူများဦးစွာသိရန်

ရိပ်သားပြင်ပတွင် အလှူခံခြင်းများကို တားမြစ်ထားပါသည်။ ဤရိပ်သာအင်တာနက်ဝက်ဆိုက်မှလွဲ၍ မည်သည့်ဝက်ဆိုက်များတွင် အလှူခံခြင်းများကို တားမြစ်ထားပါသည်။

အလှူငွေလက်ခံပုံ

ရိပ်သာသို့ လူကိုယ်တိုင်ငွေသား၊ ချက်လက်မှတ်ယူလာ၍ဖြစ်စေ ပြည်တွင်းဘဏ်မှတဆင့် ရိပ်သာဘဏ်စာရင်း ထဲသို့လွှဲ၍ဖြစ်စေ

ဝေယျာဝစပြုလိုသူများဆောင်ရန်

ပြည်ပမှဆိုလျှင် ရိပ်သာ၏မြန်မာ့နိုင်ငံခြားဘဏ်စားရင်းထဲသို့ လွှဲ၍ဖြစ်စေ

စာရင်းလွှဲပေး၍ လှူဒါန်းနိုင်ပါသည်။