မဟာစည်ဆရာတော်ဘုရားကြီး၏တရားတော်များ

တရားထူးနှင့်စပ်သော ဣရိယာပုထ် (မဟာစည်ဆရာတော်ကြီး)

ဈာန်ဖြစ်နေတဲ့ အချိန်မှာ ဣရိယာပုထ်ကလည်း မလှုပ်မယှက် ကြံ့ကြံ့တည်ပြီးတော့ ခိုင်ခံ့နေပါတယ်။ ဈာန်ဝင်စားနေတဲ့ အခါမှာဆိုရင် တနာရီ၊ နှစ်နာရီ၊ သုံးနာရီ စသည်ဖြင့် အကြာကြီးလည်း တည်နေတာပါပဲ။ တနေ့လုံး၊ တညလုံးလည်း တည်နေတာပါပဲ။

ထိုင်လျက်ပဲ တနာရီ၊ နှစ်နာရီ စသည် တနေ့လုံး၊ တညလုံး စသည်ဖြင့် တည်မြဲနေတယ်။ လဲကျသွားခြင်း၊ ယိမ်းယိုင်သွားခြင်း ဆိုတာမျိုးတွေဟာ မရှိဘူး အဲဒါကို သေသေချာ မှတ်ထားကြ။ တချို့က တုံးလုံးပက်လက် လဲနေတာ၊ ကိုးရိုးကားယား လူးလိမ့်နေတာကို တရားထူးလို့ ထင်မှတ်နေကြတယ်။ အဲဒါကတော့ မဟုတ်ပါဘူး။

ဈာန် မဂ် ဖိုလ် ဆိုတာတွေဟာ အပ္ပနာဇောတွေပဲ။ အပ္ပနာ ဆိုတာ ထိုင်ခြင်း၊ ရပ်ခြင်း အစရှိတဲ့ ဣရိယာပုထ်တွေကို မူလက တည်မြဲအတိုင်းပင် ခိုင်စေတတ်တယ်။ ဒါကြောင့် `အပ္ပနာဇဝနံ ဣရိယာပတမ္ပိ သန္နာမေတိ´ လို့ အဋ္ဌကထာတွေမှာ အထင်အရှား ပြဆိုထားပါတယ်။

အပ္ပနာဇဝနံ၊ ဈာန်မဂ်ဖိုလ် ဟူသော အပ္ပနာဇောသည်။ ဣရိယာပထမ္ပိ၊ ထိုင်ခြင်း ရပ်ခြင်း စသော ဣရိယာပုထ်ရုပ်ကိုလည်း။ သန္နာမေတိ၊ တည်မြဲ တည်စေလျက် ခိုင်မာစေတတ်ပါတယ်တဲ့။

ဒါကြောင့် တရားအားထုတ်နေရင်း လဲကျသွားတာတွေ၊ လူးလိမ့်နေတာတွေကတော့ ဘုရားအလိုကျ ပိဋကကျမ်းဂန်နဲ့ ညီတဲ့ တရားထူး ဖြစ်ပုံတွေ မဟုတ်ဘူးဆိုတာ တထစ်ချ မှတ်ထားကြရမယ်။