ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး “သာသနာငါးထောင်နှင့်ယုဂငါးမျိုး” ကို အဋ္ဌကထာသံဂါယနာ၌ စိစစ်တော်မူခြင်း။

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ယနေ့ဝိနည်းအဋ္ဌကထာကို နောက်ဆုံးစိစစ်လျှောက်ထားဘို့နေ့ ဖြစ်ပါတယ်။ စူဠာဝဂ္ဂါဒိ အဋ္ဌကထာ စာအုပ်မှစာမျက်နှာနံပါတ်(၁၂၇)က ဘိက္ခုနီခန္ဓကအဖွင့် သာသနာငါးထောင်အကြောင်းနှင့် စပ်ပြီးတော့ ရှေးဦစွာပြောပါမယ်ဘုရား၊ ပြီးမှ နိဂုံးစကားလေးအနည်းငယ်ပြောဘို့ရာ ရည်ရွယ်ထားပါတယ်။ မြတ်စွာဘုရား ကပိလဝတ်ပြည်မှာ သီတင်းသုံးတော်မူစဉ် ဘုရား၏မိထွေးတော်ဖြစ်တဲ့ မဟာပဇာပတိ ဂေါတမီက မြတ်စွာဘုရား၏သာသနာတော်မှာ မာတုဂါမများ ရဟန်းပြုခွင့်ရအောင်လို့ အကြိမ်ကြိမ် တောင်းပန်ခဲ့ပါတယ်၊ ထိုစဉ်ကာလက မြတ်စွာဘုရား ခွင့်မပြုခဲ့ပါ၊ နောက်ကပိလဝတ်ပြည်ကနေပြီးတော့ ြွကသွားလို့ ဝေသာလီပြည်ရောက်တော်မူပါတယ်၊ အဲဒီအခါမှာ မဟာပဇာပတိဂေါတမီအမှူးရှိသော သာကီဝင်မင်းသမီးငါးရာတို့ဟာ ခေါင်းများရိတ် ဖန်ရည်စွန်းသောအဝတ်များဝတ်ပြီးတော့ ဝေသာလီကို လိုက်လာကြပါတယ်၊ အဲဒီအခါမှာ အရှင်အာနန္ဒာက လျှောက်ထားတောင်းပန်ပေးလို့ မြတ်စွာဘုရားက ဂရုဓံရှစ်ပါးလက်ခံကျင့်သုံးနိုင်လို့ရှိလျှင် ထိုလက်ခံခြင်းသည်ပင်လျှင် မဟာပဇာပတိဂေါတမီအား ပဉ္ဇင်းအဖြစ် ဖြစ်စေလို့ ခွင့်ပြုလိုက်ပါတယ်။

ဒီအခါမှာ ရှင်အာနန္ဒာကတဆင့် သွားပြီး ဂရုဓံရှစ်ပါးကို ဟောကြားပါတယ်၊ မိထွေးတော်ဂေါတမီကလဲ လက်ခံယူပါတယ်၊ အဲသလိုလက်ခံယူပြီးတဲ့အကြောင်းကို မြတ်စွာဘုရားထံ ပြန်ပြီးတော့လျှောက်ထားတဲ့ အခါမှာ မြတ်စွာဘုရားက ...

“သစေ အာနန္ဒ နာလဘိဿ မာတုဂါမော တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ အဂါရသ္မာ အနဂါရိယံ” စသည်ဖြင့် မာတုဂါမအမျိုးသမီးများဟာ မြတ်စွာဘုရား၏ သာသနာတော်မှာ ရှင်ရဟန်းအဖြစ်ဖြင့် ဆိုလို့ရှိလျှင် မြတ်သောအကျင့် သာသနာတော်ဟာ ရှည်မြင့်စွာတည်တံ့မည်၊ အနှစ်တစ်ထောင်တည်မည်၊ သို့သော်လည်း ယခုအခါကာလမှာ မာတုဂါမအမျိုးသမီးများ မြတ်စွာဘုရား၏သာသနာတော်မှာ ရှင်ရဟန်းပြုလိုက်တဲ့အတွက် မြတ်သောအကျင့်ဟာ ရှည်မြင့်စွာ မတည်တံ့တော့ဘူး၊ အနှစ်ငါးရာမျှသာ တည်မည်လို့ အဲသလို မိနြွ့်မက်တဲ့စကားဟာ ပါဠိတော်မှာ ရှိပါတယ်။

အဲဒီ လောကုတ္တရာတရားကိုးပါးအား လျော်သောအကျင့်သည်ပင်လျှင် သင့်လျော်သောအကျင့် ဖြစ်သောကြောင့် သာမီစိအကျင့်လို့လည်း ခေါ်ရပါတယ်တဲ့။ ကျင့်တဲ့ပုဂ္ဂိုလ်ကိုလည်း သာမီစိပ္ပဋိပန္န - သင့်လျော်သော အကျင့်ကိုကျင့်သူလို့ ဒီလိုလည်း ခေါ်ရပါတယ်တဲ့။ ပြီးတော့ အနုဓမ္မစာရီဆိုတဲ့ပုဒ်ထဲက အနုဓမ္မပုဒ်ကိုလည်း ပုဗ္ဗဘာဂပဋိပဒါ သင်္ခါတံ အနုဓမ္မံစရတိ-လို့ ဖွင့်ပြန်ပါတယ်။ မဂ်၏ ရှေ့အဖို့ဖြစ်တဲ့ အရိယာမဂ်အား လျော်တဲ့အကျင့်ကိုကျင့်တဲ့ပုဂ္ဂိုလ်ဟာ အနုဓမ္မစာရီမည်တယ်လို့ ဆိုလိုပါတယ်။ အဲဒီမှာ ပုဗ္ဗဘာဂပဋိပဒါအရ မဂ်၏ရှေ့အဖို့၌ဖြစ်တဲ့ အကျင့်တွေဆိုတာက သီလအကျင့်, အာစာရပညတ်အကျင့်, ဓုတင်အကျင့်၊ နောက်ပြီးတော့ ပြောစရာ အကျင့်တွေကများနေတာနဲ့ အဲဒါတွေကိုချုံးပြီးတော့ ယာဝ ဂေါတြဘုတော သမ္မာပဋိပဒါ ဝေဒိတဗ္ဗာ-လို့မိန့်ဆိုလိုက်ပါတယ်။ အရိယာမဂ်၏ရှေ့အဖို့ အခြားမဲ့မှာ ဂေါတြဘုဆိုတာရှိပါတယ်။ အဲဒီ ဂေါတြဘုတိုင်အောင်အကျင့်တွေကို အကျဉ်းချုံးပြီး ပြဆိုပါတယ်။ ဂေါတြဘုပြီးလျှင်တော့ အရိယာမဂ်ရောက်တော့တာဘဲ။ ဒါကြောင့် ဂေါတြဘုတိုင်အောင်သော သမာဓိç ပညာအကျင့်တွေတဲ့၊ အဲဒါဟာ ပုဗ္ဗဘာဂပဋိပဒါ ရှေ့အဖို့၌ဖြစ်သော အကျင့်ပါပဲတဲ့။ ဆက်လက်ဖတ်ရှုရန် ...

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

အဲသလိုမိနြွ့်မက်ပြီးတော့ ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကို ဥပမာတွေနှင့် ပြပြန်ပါတယ်၊ ယောကျာ်း နည်းပါးပြီး အမျိုးသမီးတွေကများပြားနေတဲ့အိမ်ကို သူခိုးများ ခိုးရန်လွယ်ကူသလိုပဲလို့ ဒီလိုလဲ ဥပမာတစ်ခုပြပါတယ်၊ နောက်တစ်ခုက ကောက်စပါးများမှာ ကောက်နာကျလို့ရှိလျှင် ကြာရှည်စွာမတည်ဘဲ ပျက်စီးသလိုပဲလို့ ဒီလိုလဲ ဥပမာတစ်ခုပြပါတယ်၊ နောက်တစ်ခုကတော့ ကြံခင်းများမှာ ကြံနာကျလို့ရှိလျှင် ကြာရှည်စွာမတည်ဘဲ ပျက်စီးသလိုပဲလို့ ဒီလုလိ ဲဥပမာတစ်ခုပြပါတယ်၊ အဲဒါပြပြီးတော့နောက်ဆုံးဥပမာကျတော့ကာ “သေယျထာပိ အာနန္ဒ ပုရိသော မဟတော တဠာကဿ ပဋိကစ္စေဝ အာဠိံဗန္ဓေယျ ယာဝဒေဝ ဥဒကဿ န အတိက္ကမနာယ” စသည်ဖြင့်ဥပမာပြပါတယ်။

တဖက်ဆည်ကန်များမှာ မိုဃ်းမကျမီ ရှေးဦးက ကြိုတင်ပြီးတော့ ကန်ပေါင်ရိုးများကို ပြုပြင်ရပါတယ်၊ ဘာကြောင့်ပြုပြင်ရသတုံးဆိုလို့ရှိလျှင် ရေတည်သင့်သလောက် တည်အောင်လို့ ပြုပြင်ရတာပါပဲ၊ ထို့အတူ ဘိက္ခုနီမတွေဟာ အသက်ထက်ဆုံး မလွန်ကျူးဘဲလိုက်နာကျင့်သုံးရန်အတွက် ရှစ်ပါးသောဂရုဓံ သိက္ခာပုဒ်များကို စောစောစီးစီးကပဲ ကြိုတင်ပြီးတော့ မြတ်စွာဘုရားက ပညတ်တော်မူတဲ့အကြောင်းကို အမိန့်ရှိပါတယ်။

အဲသလိုအမိန့်ရှိတဲ့စကားဖြင့် ဘယ်လိုအဓိပ္ပါယ်ကို ပြတယ်ဆိုတာဟာ မထင်ရှားဘဲ မြုပ်ပြီးတော့ နေပါတယ်၊ ဒါကြောင့် ဒီအဋ္ဌကထာမှာ အဲဒီမြုပ်နေတဲ့ အနက်အဓိပ္ပါယ်ကို “မဟတော တဠာကဿ ပဋိကစ္စေဝ အာဠိဋ္ဌန္တိဣမိနာ ပန ဧတမတ္ထံ ဒေဿတိ” လို့ထုတ်ဖော်ပြီးတော့ ပြသွားပါတယ်။

ဥပမာအားဖြင့် တဖက်ဆည်ကန်ဟာ နည်းနည်းပါးပါးပျက်နေတဲ့ ဘောင်တွေ ဆိုတာရှိပါလိမ့်မည်၊ အဲဒါတွေကို မပြုမပြင်ဘဲနှင့်ထားလျှင်လဲ အတော်အတန် တဝက်တပျက်တော့ရေဟာ တည်နိုင်ပါတယ်တဲ့၊ အကယ်၍ စောစောကတည်းက ကန်ဘောင်ရိုးတွေ အပြည့်အစုံပြုပြင်ပြီးတော့ ထားလိုက်လို့ရှိလျှင်တော့ ရေဟာ တည်သင့်သလောက် အပြည့်အစုံပဲ တည်နိုင်ပါတယ်။

အဲဒါလိုပဲ မြတ်စွာဘုရားက ဂရုဓံရှစ်ပါးကို စောစောစီးစီးကကြိုတင်ပြီး မပညတ်သော်လဲ မာတုဂါမတွေ သာသနာတော်ဘောင်မှာ ဝင်လာတဲ့အတွက် အနှစ်တစ်ထောင်မှ အနှစ်ငါးရာသာလျော့ဘို့ ရှိပါတယ်၊ အနှစ်ငါးရာတော့ သာသနာတော်ဟာ တည်တံနိုင်ပါတယ်တဲ့၊ အဲဒီလိုအနှစ်ငါးရာလျော့မသွားဘို့ရာ စောစောစီးစီး ကြိုတင်ပြီးတော့ ဂရုဓံရှစ်ပါးကို ပညတ်လိုက်တဲ့အတွက် လျော့သွားမည့်ငါးရာလဲ လျော့မသွားတော့ဘဲ အနှစ်တစ်ထောင်ပဲတည်မြဲတည်မည်ဆိုတဲ့ အဓိပ္ပါယ်ကို ဒီဥပမာ စကားဖြင့်ပြတယ်ဆိုတဲ့အကြောင်းကို အဋ္ဌကထာကဖွင့်ပြပါတယ်။

အဲဒီစကားထဲမှာ အနှစ်တစ်ထောင် တည်မည်ဆိုလို့ရှိလျှင် အနှစ်တစ်ထောင်က နောက်ကျလျှင် သာသနာဟာ ဘာမျှမရှိတော့ဘဲ လုံးလုံးကွယ်သွားမှာလားလို့ ဒီလိုမေးစရာရှိပါတယ်။

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဒါကြောင့် ဝဿသဟဿံ အနှစ်တစ်ထောင်လို့ဆိုတာကလဲ ပဋိသမ္ဘိဒါပတ္တဖြစ်တဲ့ ရဟန္တာကြီးတွေ အပြည့်အစုံဖြစ်နိုင်တဲ့ ခေတ်ကာလကို ရည်ရွယ်ပြီးဆိုပါတယ်တဲ့၊ မြတ်စွာဘုရား၏သာသနာ တည်တယ်ဆိုတာဟာ မြတ်စွာဘုရား၏ သာသနာအတွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့အဆင့်အတန်းတွေ အမြင့်ဆုံးအဆင့်အတန်းထိအောင် အပြည့်အစုံတည်တာကို ဆိုလိုပါတယ်တဲ့။

ဒါကြောင့် အနှစ်တထောင်တည်မယ်ဆိုတာဟာ အဲဒီအနှစ်တထောင်အတွင်းမှာ အမြင့်ဆုံးဖြစ်တဲ့ ပဋိသမ္ဘိဒါပတ္တရဟန္တာကြီးများတိုင်အောင် တည်နေမယ်လို့ ဆိုလိုပါတယ်။

ပဋိသမ္ဘိဒါပတ္တရဟန္တာတွေ တည်ရှိနေတယ်ဆိုလျှင် အဲဒီအထဲမှာ ဆဠာဘိည ရဟန္တာတွေလဲ ပါသွားပါတယ်။ တေဝိဇ္ဇာရဟန္တာတွေလဲ ပါသွားပါတယ်။ အဲဒီအနှစ်တထောင်ပြီးတဲ့ ကာလကျတော့ လုံးလုံး သာသနာ ပျောက်သွားလို့ မဖြစ်နိုင်ပါဘူး၊ ပဋိသမ္ဘိဒါပတ္တခေါ်တဲ့ အမြင့်မြတ်ဆုံး ရဟန္တာပုဂ္ဂိုလ်ကြီးတွေ တဆင့်ပြီးတဲ့နောက် အကုန်လုံးကွယ်သွားဘို့ရန် မဖြစ်နိုင်ပါဘူး၊ တဖြေးဖြေးခြင်း လျော့သွားပြီးတော့မှ ကွယ်သွားဘို့ ဖြစ်နိုင်ပါတယ်။

အဲဒီကနောက်မှာ သုက္ခဝိပဿက ရဟန္တာအဖြစ်ဖြင့် အနှစ်တထောင် သာသနာတည်ဦးမယ်တဲ့။ အဲဒီကနောက်မှာ အနာဂါမ်အဖြစ်ဖြင့် အနှစ်တထောင် သာသနာတည်ဦးမယ်တဲ့၊ အဲဒီကနောက်မှာ သကဒါဂါမ်အဖြစ်ဖြင့် အနှစ်တထောင် သာသနာတည်ဦးမယ်တဲ့၊ အဲဒီကနောက်မှာ သောတာပန်အဖြစ်နှင့် အနှစ်တစ်ထောင် သာသနာတည်ဦးမယ်တဲ့။ ဒီလို သာသနာငါးထောင် အနှစ်ပေါင်းငါးထောင် ပိုင်းခြားပြီးတော့ ပြထားပါတယ်။

အဲဒီအနှစ်ပေါင်း ငါးထောင်တည်းမှာ ယခုနေအခါဆိုလို့ရှိရင် အနှစ်နှစ်ထောင် နှင့်ငါးရာရှိနေတဲ့အတွက် ပဌမ ပဋိသမ္ဘိဒါပတ္တခေတ်ကတော့ မရှိပါဘူး။ နောက် ဒုတိယသုက္ခဝိပဿကရဟန္တာခေတ်လဲ ဒီအဋ္ဌကထာအရဆိုလျှင် ယခုမရှိတော့ဘူးလို့ ဆိုရမှာပါပဲ။ ဘာခေတ်ရှိနေသေးလဲဆိုတော့ တတိယထောင်စု ဖြစ်တဲ့အတွက် အနာဂါမ်ခေတ် ရှိနေသေးတယ်လို့ ဒီအဋ္ဌကထာက ဆိုပါတယ်။ ယခု ပြောခဲ့တာဟာ ဒီအဋ္ဌကထာမှာ ပြဆိုထားတဲ့အတိုင်း မှတ်သားဖို့ရာ ဖြစ်ပါတယ်။

ယခုပြောခဲ့တဲ့အတိုင်း အနှစ်ငါးထောင်ပတ်လုံး မဂ်ဖိုလ်ဆိုတဲ့ သဒ္ဓမ္မ သူတော်ကောင်းတရားတွေ တည်နေတယ်ဆိုလျှင် ပရိယတ်တရားကတော့ ဘယ်လောက်ကြာအောင် တည်ပါသလဲလို့ မေးစရာရှိ ပါတယ်။ အဖြေကတော့ ပရိယတ်တရားလဲ အဲဒီပဋိဝေဓခေတ် အနှစ်ငါးထောင်ပါပဲတဲ့။ ဒါကြောင့် တာနိယေဝလို့ မိန့်ဆိုထားပါတယ်။

ဒီနေရာမှာ ပရိယတ်လဲ ဒါလောက်ပဲတည်တယ်ဆိုတာကို ခိုင်ခိုင်မြဲမြဲ ယုံကြည်ရအောင်လို့ အကြောင်းယုတ္တိ ကိုလဲ ဆက်ပြထားပါတယ်။ မြတ်စွာဘုရား ဟောကြားတဲ့ကျင့်နည်းကြံနည်း ပရိယတ္တိဒေသနာတော် တွေမရှိလျှင် ပဋိဝေဓဆိုတဲ့ မဂ်တရားဖိုလ်တရားတွေဟာ မရှိနိုင်ပါဘူးတဲ့။ ပရိယတ်ရှိနေလျှင်လဲ ပဋိဝေဓဆိုတဲ့ မဂ်တရားဖိုလ်တရားဟာ မကွယ်ပနိုင်ပါဘူးတဲ့။ နည်းလမ်းရှိလျှင် အဲဒီနည်းလမ်းအတိုင်း ကျင့်ကြံတဲ့ ပုဂ္ဂိုလ်တွေသန္တာန်မှာ ပဋိဝေဓဟာ ရှိရပါမယ်တဲ့။ အဲဒါကို ခိုင်ခိုင်မြဲမြဲ မိန့်ဆိုသွားပါတယ်။

ပြီးတော့ ရဟန်းအသွင်ဖြစ်တဲ့ လိင်္ဂသာသနာဆိုတာကတော့ ပရိယတ်ကွယ်သွားပြီးတဲ့နောက်လဲ အကြာကြီး တည်ရှိနေသေးတယ်ဆိုတာကို ဒီ အဋ္ဌကထာကပြသွားပါတယ်။ ဝိနည်းမှာလာတဲ့ ဒီသာသနာငါးထောင် ပိုင်းခြားပုံဟာ အသေချာဆုံးပါပဲ။ အဲဒါကို တိုတိုမှတ်ရအောင်-

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

“ပ-သုက်၊ အနာ၊ သ-သောတာ၊ မိန့်မှာ ဝိနယ” လို့ ဒီဆောင်ပုဒ်ကလေးကိုစီထားပါတယ်။ ပ-က ပဋိသမ္ဘိဒါပတ္တခေတ်။ သုက်-က သုက္ခဝိပဿကခေတ်။ အနာ-က အနာဂါမ်ခေတ်၊ သ-က သကဒါဂါမ်ခေတ်။ သောတာ-က သောတာပန်ခေတ်။ အဲဒါတထောင်စီ တထောင်စီ ငါးခုသာ ဖြစ်ပါတယ်။ “ပ-သုက်-အနာ၊ သ-သောတာ၊ မိန့်မှာဝိနယ” ဝိနည်းအဋ္ဌကထာ ဒီအတိုင်းဆိုတယ်လို့ ဒီဆောင်ပုဒ်က ဆိုပါတယ်။

ဒီ ဝိနည်းအဋ္ဌကထာလိုပဲ အင်္ဂုတ္တိုရ်ကျတော့လဲ အဋ္ဌကနိပါတ် ဂေါတမီဝဂ်မှာ ပါဠိလဲ ဒီကပါဠိအတိုင်းပဲ၊ အဋ္ဌကထာလဲ ဒီကအဆိုအတိုင်းပဲ အလားတူ ရှိပါတယ်။ ဒီဃနိကာယ် ပါထိကဝဂ် အဋ္ဌကထာမှာတော့ “ပဌမ ပဋိသမ္ဘိဒါပတ္တခေတ် တထောင်၊ နောက် ဆဠာဘိညခေတ်တထောင်၊ တေဝိဇ္ဇခေတ်တထောင်၊ သုက္ခ ဝိပဿက ခေတ်တထောင်၊ ပါတိမောက္ခသံဝရခေတ်တထောင်လို့ သူက တမျိုး မိန့်ဆိုထားပါတယ်။ အဲဒါဟာ ပါထိကဝဂ် အဋ္ဌကထာ သမ္ပသာဒနီယသုတ် အဖွင့်နံပါတ်(၈၃) မှာ ရှိပါတယ်။ ပြီးတော့ အင်္ဂုတ္တရ အဋ္ဌကထာ ဧကက နိပါတ် ဒုတိယပမာဒါဒိဂဂ် အဖွင့်မှာလဲ သာသနာဆုတ်ယုတ်ပုံကို တမျိုးပြထားတာ ရှိပါတယ်။ ပြီးတော့ ဒါနိနဝဂ္ဂသံယုတ် အဋ္ဌကထာ နံပါတ်(၁၈၇)မှာလဲ သာသနာဆုတ်ယုတ်ပုံကို တမျိုးပြထားတာ ရှိပါတယ်။

အဲဒီ အင်္ဂုတ္တရ, သံယုတ် အဋ္ဌကထာများမှာ ပြတာတွေကတော့ အနှစ်တထောင် စီရယ်လို့ သေသေချာချာ ကန့်သတ်မထားပါဘူး။ ပဌမဗောဓိမှာ ပဋိသမ္ဘိဒါပတ္တသာဖြစ်ပါတယ်။ အဲဒီကနောက် ဆဠဘိညဖြစ်တယ်။ အဲဒီကနောက် တေဝိဇ္ဇဖြစ်တယ်။ အဲဒီကနောက် သုက္ခဝိပဿက ဖြစ်တယ်။ အဲဒီကနောက် အနာဂါမ် သကဒါဂါမ် သောတာပန်ဖြစ်တယ် စသည်ဖြင့် ဒီလိုအစဉ်အတိုင်း ဆုတ်ယုတ်ပုံလောက်ကိုသာ ပြထားပါတယ်။ နှစ်အပိုင်းအခြားနှင့် တထောင်စီ တထောင်စီလို့ သေသေချာချာ ကန့်သတ်ပြီး ပြတာတော့ မဟုတ်ပါဘူး။

ဒါပေမယ်လို့ ဒီ ဝိနည်း ဒီဃနိကာယ် အဋ္ဌကထာတွေနှင့် နှီးနှောပြီးတော့ ပဌမပဋိသမ္ဘိဒါပတ္တခေတ် တထောင်၊ ဆဠဘိညခေတ်တထောင်၊ တေဝိဇ္ဇခေတ်တထောင်၊ သုက္ခဝိပဿကခေတ်တထောင်၊ ပြီးတော့ သေက္ခခေတ် သောတာပန် သကဒါဂါမ် အနာဂါမ်ခေတ်က တထောင်လို့ သံယုတ်နှင့် အင်္ဂုတ္တိုရ်အဋ္ဌကထာအဆိုကို ရှေးဆရာ အစဉ်အဆက်က ပိုင်းခြားပြီး မှတ်ယူထားကြပါတယ်။

ဒီနေရာမှာ သာသနာငါးထောင်နှင့် ပတ်သက်ပြီးတော့ အဋ္ဌကထာတွေဟာ တကျမ်းနှင့်တကျမ်း မတူဘဲ ဘာဖြစ်လို့ ကွဲနေကြပါသလဲလို့ ဒီလိုလဲ မေးစရာရှိပါတယ်။ ဒါကတော့ ရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာဆရာဟာ သူရေးတဲ့အခါကာလမှာ ရှေးကရှိနေတဲ့ အဋ္ဌကထာတွေအတိုင်းပဲ ရေးသွားပါတယ်။ သူ့သဘောနှင့်သူ ပြင်ပြီးရေးမသွားပါဘူး။ ဒီအချက်တွေက ပြင်ဘို့ရာလဲ ခက်ပါတယ်။ ဒါကသာ မှန်တယ်လို့ ကိန်းသေဆုံးဖြတ်ဘို့ရန် မလွယ်ပါဘူး။ ဒါကြောင့် ရှေးကရှိရင်းအတိုင်း ရေးသွားတာဟာ ဒီအဋ္ဌကထာဆရာ၏ရေးသားပုံအပေါ်မှာ ကြည်ညိုဖွယ်ရာဂုဏ်တခု ဖြစ်ပါတယ်။

ရှေးက ဝိနည်းဆောင်ပုဂ္ဂိုလ်တွေရဲ့ မှတ်သားချက်အတိုင်း ဝိနည်းအဋ္ဌကထာမှာ သူရေးခဲ့ပါတယ်။ ဒီဃနိကာယ်ဆောင်ပုဂ္ဂိုလ်တွေရဲ့ မှတ်သားချက်အတိုင်း ဒီဃနိကာယ် အဋ္ဌကထာမှာ ရေးခဲ့ပါတယ်။ အင်္ဂုတ္တရç သံယုတ္တနိကာယ်ဆောင်တွေ မှတ်သားချက်အတိုင်း အင်္ဂုတ္တရ, သံယုတ္တ အဋ္ဌကထာများမှာလဲ ရေးသွားပါတယ်။

ယုဂငါးမျိုး

ပြီးတော့ ယခုဗမာပြည်မှာ သာသနာနှစ်ငါးထောင်ကို ယုဂငါးပါးနှင့် အလှည့်ကျ ဝေဘန်ပိုင်းခြား ပြောနေကြတာလဲ ရှိပါတယ်။ ဝိမုတ္တိယုဂ အနှစ်ငါးရာ၊ ပြီးတော့ သမာဓိယုဂ အနှစ်ငါးရာ၊ အဲဒီကနောက် သီလယုဂ အနှစ်ငါးရာ၊ အဲဒီကနောက် သုတယုဂ အနှစ်ငါးရာ၊ အဲဒီကနောက် ဒါနယုဂ အနှစ်ငါးရာ၊ အဲဒီကနောက် သာသနာနှစ် ၂၅၀ဝ-ကျော်တဲ့အခါမှာ ဝိမုတ္တိယုဂကို တဖန်ပြန်ရောက်တယ် စသည်ဖြင့် ဒီလိုပြောနေကြပါတယ်။

အဲဒါကတော့ ပြောတဲ့အတိုင်း ဝိမုတ္တိယုဂပြန်ရောက်တယ်ဆိုလျှင် ဝမ်းမြောက်ဝမ်းသာစရာ မင်္ဂလာရှိတဲ့ စကားပါပဲ။ ဒါပေမယ့်လို့ အဲဒီယုဂငါးပါးကို ပြဆိုတဲ့ ကျမ်းရင်းက စကားကို သတိပြုဘို့ လိုပါတယ်။ အဲဒါဟာ ထေရဂါထာ အဋ္ဌကထာတိံသနိပါတ် ဖုဿထေရဂါထာ အဖွင့်မှာရှိပါတယ်။

အဲဒီမှာ ဆိုထားတာကတော့ ရှေးအဋ္ဌကထာဝါဒအနေနှင့် မဟုတ်ဘဲ နောက်မထေရ်တို့၏ အဆုံးအဖြတ် ထေရဝါဒအနေမျိုးနှင့် ပြဆိုထားတာ ဖြစ်နေပါတယ်၊ ပဏ္ဍရမည်တဲ့ ရသေ့ကမေးလို့ ဖုဿမထေရ်က သာသနာတော် ဆုတ်ယုတ်တဲ့အခါမှာ ဖြစ်ပေါ်မည့် အခြင်းအရာတွေကို ပြောပြီးတော့ “ပတ္တေ ကာလမှိ ပစ္ဆေိမေ-နောက်ဆုံး ကာလကျတော့ ဒီလိုဖြစ်လိမ့်မယ်” လို့ မိန့်ဆိုထားပါတယ်။ အဲဒီနေရာမှာ နောက်ဆုံး ကာလဆိုတာကို ဘယ်ကစပြီး ယူရမလဲလို့ မေးစရာရှိနေပါတယ်။ ဒီအချက်ကို ဆုံးဖြတ်ပြဆိုရာမှာ ကေစိ, ဧကေ, အပရေ ဝါဒသုံးမျိုးကွဲနေပါတယ်။ ကေစိဆရာတို့က တတိယသံဂါယနာကစပြီး ပစ္ဆိမနောက်ဆုံးကာလ ရောက်တယ်လို့ ဆိုကြပါတယ်။ အဲဒီ ကေစိဝါဒကို ဧကေဆရာတို့က လက်မခံကြပါဘူး၊ ဒါကြောင့် ထေရဂါထာ အဋ္ဌကထာမှာ “တံ ဧကေ နာနု ဇာနန္တိ” လို့ ဆိုပြီးတော့ အဲဒီ လက်မခံခြင်း၏အကြောင်းကို ပြလိုတဲ့အတွက် ဒီယုဂငါးပါးကို ထုတ်ပြီးပြပါတယ်။ ဒီတော့ ဒီယုဂငါးပါးဟာ အဲဒီ ဧကေဆရာတို့၏ဝါဒပဲလို့သာ ဆိုစရာ ဖြစ်နေပါတယ်၊ ဒီယုဂငါးပါးထဲမှာ ဧကေဆရာတို့က သုတယုဂကစပြီး နောက်ဆုံးကာလလို့ ဆိုပါတယ်။

အပရေဆရာတို့က သီလယုဂကစပြီး နောက်ဆုံးကာလလို့ ဆိုပါတယ်။ ပြီးတော့ အဲဒီ ယုဂငါးပါးမှာလဲ အစဉ်အတိုင်း ဆုတ်ယုတ်ပုံကိုသာ ပြပါတယ်။ တယုဂတယုဂမှာ ငါးရာလို့လဲ မပါဘူး၊ တထောင်လို့လဲ မပါဘူး၊ နှစ်အပိုင်းအခြားကတော့ ဘာမျှမပါပါဘူး၊ ဆုတ်ယုတ်ပုံကို ပြတော့လည်း ဝိမုတ္တိယုဂကွယ်လျှင် သမာဓိယုဂဖြစ်တယ်၊ သမာဓိယုဂကွယ်တော့ သီလယုဂဖြစ်တယ်။ သီလယုဂဖြစ်တယ်၊ သီလယုဂကွယ်တော့ သုတယုဂဖြစ်တယ်လို့ ဒီလို ပြသွားပါတယ်၊ သူ့ အဋ္ဌကထာမှာ “တသိံ္မ အန္တရဟိတေ” ဆိုတဲ့အတွက် ဒီမှာလဲ ကွယ်တယ်လို့ ပြောရပါတယ်။

ဒီနေရာ သုတယုဂကွယ်ပုံပြထားတာကတော့ အထူးပဲ မှတ်သားစရာ ကောင်းပါတယ်။ “ယဒါ ပန မာတိကာ ပရိယောသာနာ ပရိယတ္တိသဗ္ဗသော အန္တရဓာယတိ” လို့ပြထားပါတယ်။ ။ ယဒါ၊ အကြင် အခါ၌။ မာတိကာပရိသောသာနာ၊ မာတိကာအဆုံးရှိသော။ ပရိယတ္တိ၊ ပိဋကတ်သုံးပုံ ပရိယတ်တရားတော်သည်။ သဗ္ဗသော၊ အခြင်းခပ်သိမ်း၊ အန္တရဓာယတိ၊ ကွယ်လေ၏တဲ့။ ပရိယတ္တိသာသနာကွယ်တဲ့အခါမှာ အဘိဓမ္မာနှင့် သုတ္တန်က အလျင်ကွယ်ပါတယ်။ ဝိနည်းက နောက်မှကွယ်ပါတယ်၊ ဝိနည်းပိဋကတ်မှာလဲ မာတိကာဆိုတဲ့ပါတိမောက်က နောက်ဆုံးမှကွယ်ပါတယ်။ အဲဒီ ပါတိမောက်မာတိကာ ကွယ်သွားလျှင်တော့ ပရိယတ္တိသာသနာ လုံးလုံးကွယ်တော့တာပါပဲ။ သုတယုဂဆိုတာလဲ အဲဒီအခါမှာမှ ကွယ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် “မာတိကာပရိယောသာနာ၊ မာတိကာလျှင် နောက်ဆုံးရှိသော ပရိယတ်တရားတော် အားလုံးကွယ်တဲ့အခါမှာ” လို့ ပြဆိုထားပါတယ်၊ အဲဒီလို ပရိယတ်တရားတော်လုံးလုံး ကွယ်သွားတဲ့ နောက်မှာ ဝိမုတ္တိယုဂ တဖန်ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဒီနေရာမှာ ဆင်ခြင်ကြည့်ဘို့ပါပဲ။

အဲဒီလို သုတယုဂကွယ်သွားတဲ့အခါမှာ ဘာတွေသာရှိနေမလဲဆိုလျှင် “တတောပဋ္ဌာယ၊ ထိုသုတယုဂ ကွယ်သောကာလမှစ၍ လိင်္ဂမတ္တမေဝ အဝသိဿတိ၊ ရဟန်း၏ အသွင်အပြင်မျှ ရဟန်းတု ရဟန်းယောင်မျှသာလျှင် ကျန်ရှိနေပါတော့မယ်” တဲ့၊ အဲဒီရဟန်းတု၊ ရဟန်းယောင်တွေက ဘာတွေလုပ်ကြမလဲဆိုလျှင် “ယထာတတံ သံဟရိတွာ၊ ဟုတ်ဟုတ်ညားညား ရရာနည်းဖြင့် ပစ္စည်းစု၍။ ဒါနမုခေန ဝိသဇ္ဇေန္တိ၊ ဒါနကုသိုလ်လောက်သာ အမွန်အမြတ်ပြုလျက် စွန့်ကြဲပေးလှူကြပါလိမ့်မယ်” တဲ့။ ဒါဟာ ဒါနယုဂအထိ ဆုတ်ယုတ်ပုံကိုပြတဲ့ အဋ္ဌကထာစကားပါပဲ။

ဒါနယုဂမှာ ဒါနလောက်သာ အမွန်အမြတ်သာ ရှိတော့တယ်။ ကျင့်ကြံနည်း ပရိယတ်တရားတော် တွေကတော့ လုံးလုံးမရှိတော့ဘူးလို့ ယုဂငါးခုပြတဲ့ ကျမ်းရင်းအဋ္ဌကထာက မိန့်ဆိုထားပါတယ်။ ဒီအတိုင်းဆိုတော့ ကျင့်နည်းကြံနည်းက လုံးလုံးမရှိတော့တဲ့အတွက် ဒါနယုဂပြီးတော့ ဝိမုတ္တိယုဂ တဖန်ပေါ်လာမည် ဆိုတာဟာ ယုံကြည်ဘွယ်မရှိဘဲ ဖြစ်နေပါတယ်။

ထေရဝါဒ

ဘုရားတပည့်တော်တို့၏ ထေရဝါဒဂိုဏ်း သာသနာအစဉ်နှင့် ပြောရမယ် ဆိုလျှင်တော့ “သုတယုဂ ကုန်ခဲ့ပြီ၊ ဒါနယုဂကို ရောက်ခဲ့ပြီ၊ ရောက်နေပြီ”လို့ ဘယ်နည်းနှင့်မျှ မယူဆမပြောဆိုနိုင်ပါဘူး၊ ဘာကြောင့်တုံးဆိုလျှင် ပိဋကတ်သုံးပုံ ပရိယတ်တရားတော်တွေဟာ ထေရဝါဒသာသနာအစဉ်အဆက် ဘယ်တော့ကမှ မကွယ်ခဲ့ပါဘူး၊ ယခုလဲ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံလုံး အပြည့်အစုံ အကုန်တည်ရှိနေပါတယ်။ ကောင်းကောင်းတတ်သိတဲ့ ပုဂ္ဂိုလ်တွေလဲ အများကြီးပဲ ရှိနေကြပါတယ်။

ဒါကြောင့် သုဂယုဂကွယ်ခဲ့ပြီလို့ပင် မဆိုနိုင်ပါ၊ ဒါနယုဂ ရောက်ခဲ့ပြီ၊ ရောက်နေပြီလို့တော့ ဘယ်မှာဆိုနိုင် ပါတော့မည်လဲ။ ဒါကြောင့် သာသနာငါးထောင်ဆိုတဲ့ အပိုင်းအခြားကို တိုက်ရိုက်ပြထားတဲ့ ဝိနည်းအဋ္ဌကထာ, ဒီဃ, သံယုတ္တ, အင်္ဂုတ္တရနိကာယ် အဋ္ဌကထာများအတိုင်းသာ ယူဆပြောဆိုသင့်ပါတယ်။ တိုက်ရိုက်လဲမပြç သေလဲမသေချာတဲ့ ထေရဂါထာ အဋ္ဌကထာမှာ ယုဂငါးပါးနှင့်တော့ ပြောဆိုရန် သင့်မည်မထင်ပါ။ ယခု ပြောခဲ့တာဟာ သာသနာငါးထောင်နှင့်စပ်ပြီး အဋ္ဌကထာများ မိန့်ဆိုထားပုံ အကျဉ်းချုပ် ဖြစ်ပါသည်ဘုရား။