ဆာဦးသွင် ဦးဘသင် ဆရာကြီး ရွှေဟင်္သာဆရာတော် ဆာဦးသွင်လျှောက်

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

အတိတ်အကြောင်းကို ပြန်ပြောင်းတင်ပြရလျှင် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာတွင် မဟာစည် ဆရာတော်သည် ဦးစီးနာယကအဖြစ်သီတင်းသုံးနေ၍ သုံးလခန့် အကြာတွင် ရိပ်သာ၏စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ဂုဏ်သရေရှိဧည့်သည်အချို့တို့သည် သာသနာ့ရိပ်သာ၌ မဟာစည်ဆရာတော်ရှေ့မှောက်ဝယ် စုဝေးရောက်ရှိ နေကြခိုက်ဖြစ်သည်၊ ဤအစည်းအဝေး၌ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဆာဦးသွင်က မဟာစည်ဆရာတော်နှင့် တွေ့ပုံအကြောင်းကို ပြန်ပြောင်း၍ တင်ပြလေသည်၊ တင်ပြချက် အကျဉ်းချုပ်မှာ အောက်ပါကဲ့သို့ ဖြစ်၏။ ဆက်လက်ဖတ်ရှုရန် ...

၁၃၀၉-ခုနှစ် ဝါခေါင်လတွင် သူဌေးကြီးဆာဦးသွင်သည် အထက်မြန်မာနိုင်ငံသို့ ခရီးထွက်ခဲ့သည်၊ မိမိ၏သမီး (ဒေါ်ခင်ခင်ကြီး) စစ်ကိုင်းမှာရှိနေသဖြင့် မန္တလေးမှ တစ်ဆင့် စစ်ကိုင်းသို့သွားလေသည်။ စစ်ကိုင်း၌ သမီးအိမ်မှာခေတ္တနေစဉ် တစ်နေ့သော အခါ စစ်ကိုင်းတောင်ရိုး ချပ်သင်းချောင်သို့ အလည်အပတ်သွားကြသည်။ ထိုအချိန် တွင် ရေးဦးမြို့မှ စက်ပိုင်သူဌေးဦးဘသင်လည်း ရောက်ရှိနေခိုက်ဖြစ်၍ ဆာဦးသွင်သည် ဦးဘသင်နှင့် အလ္လာပသလ္လာပပြောရင်း ပဋိပတ်ဆရာတစ်ဦးအလိုရှိ၍ စုံစမ်းနေသည့် အကြောင်းသို့ရောက်သွားလေရာ ဦးဘသင်က ရွှေဘိုမြို့ဆိပ်ခွန်ရွာ၌ သီတင်းသုံးလျက်ရှိသော မဟာစည်ဆရာတော်မှာ သူဌေးကြီး၏ လိုအပ်ချက်များနှင့် ပြည့်စုံသောပုဂ္ဂိုလ် ဖြစ်ကြောင်း ပြောပြသည်။ ဤသို့ဖြစ်လျှင် ထိုဆရာတော်၏တရားကို နာလိုပါသည်၊ ဦးဘသင်ကပဲ ပင့်ပေးပါဟုမေတ္တာရပ်ခံရာ ဦးဘသင်ကလည်း ဝမ်းမြောက်ဝမ်းသာပင် တာဝန်ယူ၍ပင့်ပေးလေသည်။ ဆာဦးသွင်သည် မိမိတည်းခိုရာကျောင်း၏ ကျောင်းထိုင် ဆရာတော်အား မဟာစည်ဆရာတော်ကိုပင့်ခွင့်ပြုပါရန် လျှောက်ထားပန်ကြားရာ၌ ကျောင်းထိုင်ဘုန်းတော်ကြီး ပြောပြသည်ကား မဟာစည်ဆရာတော်သည် ဤစစ်ကိုင်း တောင်ရိုးရှိ တရားနာပရိသတ်ကို နားဝင်အောင် (ဝါ) တရားနာလိုစိတ် ဖြစ်ပေါ်အောင် ဟောနိုင်စွမ်းပါမူ ပင့်သင့်ပါ၏ဟူသတည်း။

ဤသို့မိန့်ကြားရသည်မှာလည်း အကြောင်းအလုံအလောက်ရှိနေပေသည်။ ယင်း သည်ကား သမိဒ္ဓေါဒယချောင်တွင် ဒေါ်မာလာရီခေါ် ချောင်ဆရာကြီးသည် တပည့် သီလရှင်ငါးရာခန့်ကို စာချလျက်ရှိ၍ နိုင်ငံလုံးဆိုင်ရာ ပရိယတ္တိစာပြန်ပွဲအသီးသီးတွင် အောင်မြင်စွာ ဖြေဆိုစေလျက်ရှိကြောင်း, ပရိယတ္တိစာမေးပွဲများ အောင်မြင်ပြီးသူ တပည့်များအား ဝိပဿနာတရားကို ဆက်လက်ပြသပေးကြောင်း, တရားပြသသည့် လက်ထောက်တပည့်ကြီးများလည်းရှိကြောင်း, ဤဒေသတစ်ဝိုက်တွင် တရားပွဲများ ကျင်းပသည့်အခါများ၌ တရားပွဲအပြီးတွင် သမိဒ္ဓေါဒယချောင် ဆရာကြီးဒေါ်မာလာရီ နှင့် တပည့်ကျော်သီလရှင်တို့က ဓမ္မကထိကပုဂ္ဂိုလ်အား ဓမ္မရေးရာပြဿနာများ မေးမြန်းလေ့ရှိကြောင်း, များသောအားဖြင့် ၎င်းတို့၏အမေးပြဿနာများကို ပြေလည် အောင်ဖြေကြားခြင်းမပြုနိုင်ကြသဖြင့် ဓမ္မကထိကပုဂ္ဂိုလ်အများအပြားမှာ တရားပွဲ သုံးလေးပွဲမျှစီစဉ်ထားချက်ကိုဖျက်ကာ တစ်ပွဲနှစ်ပွဲနှင့်ပင် စခန်းသိမ်းသွားရတတ် ကြောင်း ဟူသောအခြေအနေကို ဆရာဘုန်းတော်ကြီးက သတိပေးမိန့်ကြားရခြင်း ဖြစ် ပေသည်။

မဟာစည်ဆရာတော်အနေဖြင့် ချောင်ဆရာကြီးနှင့် သီလရှင်များ၏မေးခွန်း ပုစ္ဆာ ပြဿနာအရပ်ရပ်ကို ရင်ဆိုင်နိုင်သည့် ပညာဉာဏ်ရှိသည်ကို ရေဦးမှဦးဘသင်က မိမိအာမခံနိုင်ကြောင်းဖြင့် ကျောင်းထိုင်ဘုန်းတော်ကြီးအား ပြန်လည်လျှောက်ထားခဲ့ လေသည်၊ သို့နှင့်ပင် သမိဒ္ဓေါဒယချောင်အတွင်းမှာပင် မဟာစည်တရားပွဲ သုံးချီဟောကြားရန် အစီအစဉ်ကို ချောင်ဆရာကြီးနှင့် ညှိနှိုင်းသဘောတူကြလေသည်။ ပထမအချီဟောပြောရာသို့ ချောင်ဆရာကြီးနှင့်တပည့်များ တက်ရောက်တရားနာကြပါ သော်လည်း တရားပွဲအဆုံးတွင် ခါတိုင်းကဲ့သို့ မေးခွန်းတစ်စုံတစ်ရာမျှ မေးခြင်းစစ်ခြင်း မရှိကြသည့်အတွက် ပရိသတ်က တအံ့တသြဖြစ်ရလေသည်၊ ဒုတိယအချီဖြစ်စေ, တတိယအချီဖြစ်စေ ဟောပြီးချိန်မှ မေးကြ, စမ်းကြလိမ့်မည်လားဟူ၍ ပရိသတ်က ခန့်မှန်းထားကြသေးသော်လည်း သုံးချီသုံးပွဲဟောပြီးသည့်အချိန်မှာလည်း မေးစမ်းခြင်း မရှိသည်ကိုသာ တွေ့ကြရလေသည်။ ပို၍ အံ့သြကြည်ညိုဖွယ်ဖြစ်ရသည်မှာ ချောင် ဆရာကြီးသည် မဟာစည်ဆရာတော်အား နောက်ထပ်တရားပွဲနှစ်ချီ ဆက်လက်ချီးမြှင့် တော်မူပါရန် လျှောက်ထားခြင်း ကြောင့်ပင်ဖြစ်၏။

ဤသို့လျှင် ဆာဦးသွင်သည် စစ်အတွင်းက မဟာစည်ဆရာတော်နှင့်စပ်လျဉ်း သည့် ကိုယ်တွေ့ဖြစ်ရပ်များကို ပရိသတ်အားတင်ပြပြီးနောက် အနီးရှိသီလရှင်ဆရာကြီး ဒေါ်မာလာရီဘက်သို့လှည့်၍ “ဟောဒီမှာ သမိဒ္ဓေါဒယချောင်ဆရာကြီး ကျွန်တော်တို့နဲ့ အတူရောက်ရှိနေပါတယ်၊ ဆရာကြီးပဲ အဲဒီမဟာစည်တရားပွဲမှာတုန်းက ဘာကြောင့် များ ဓမ္မကထိကများကို ခါတိုင်းမေးနေကျအတိုင်း အမေးပုစ္ဆာများ မေးစမ်းခြင်းမပြုခဲ့ တဲ့အကြောင်းကို ရှင်းပါဦးခင်ဗျား” ဟူ၍ တောင်းပန်ပါသည်။

သမိဒ္ဓေါဒယချောင် ဆရာကြီးဒေါ်မာလာရီ(၁၂၄၂-၁၃၄၂)၏ ပြောပြချက် အချုပ်မှာ စင်စစ်မဟာစည်ပထမတရားပွဲသို့ ဒေါ်မာလာရီနှင့်တပည့်များသွားရောက်ကြ ခြင်းမှာ တရားနာရန်ထက် ပုစ္ဆာမေးရန်သာ ရည်ရွယ်ရင်းဖြစ်ခဲ့သည်မှာ မှန်သော်လည်း မေးအံ့ဟုစိတ်ဝယ်စဉ်းစားထားသော ပုစ္ဆာအားလုံးကိုပင် မဟာစည်ဆရာတော်၏ ဟောကြားချက်တွင် ပြည့်စုံစွာဖြေရှင်းပြီးချည်း ဖြစ်နေပေသည်။

နောက်တရားပွဲနှစ်ချီတွင် မေးမည်ကြံထားသော ပြဿနာအားလုံးမှာလည်း ထိုနည်းနှင့် ရှင်းလင်းပြီးသား ဖြစ်သည်ကိုသာ အံ့သြစွာဖြင့် တွေ့ရှိရလေသည်၊ သို့ဖြစ်၍ မေးစရာမေးခွန်းပင် ရှာမရနိုင်ကြလေပြီ၊ ဟောပြောဆုံးမချက်များမှာလည်း ပိုင်နိုင်ထိမိလှသည့်အတွက် နောက်ထပ်တရားနှစ်ပွဲ ဆက်လက်ပင့်ဖိတ်ခဲ့ရခြင်း ဖြစ်သည်၊ ဤသို့ တရားပွဲ ၅-ချီမျှ နာယူပြီးသည့်နောက်ပိုင်းတွင်ကား ဒေါ်မာလာရီနှင့် တပည့် အပေါင်းတို့ အချင်းချင်း ပွင့်လင်းစွာဆွေးနွေးကြရာ ချောင်ဆရာကြီးက မိမိသည် နှစ်ကာလကြာမြင့်စွာ ဝိပဿနာကမ္မဋ္ဌာန်းပြဆရာကြီး လုပ်နေခဲ့ပါသော်လည်း မဂ်တရား ဖိုလ်တရား မရသေးသည်ကို ဝန်ခံရမည်ဖြစ်ကြောင်း, ဤသို့ဖြစ်ရခြင်းကို စိစစ်ကြည့်လျှင် မိမိ၏ကမ္မဋ္ဌာန်းလုပ်ရပ်မှာ လမ်းချော်နေ၍သာဖြစ်သည်ဟု ဆိုရန်ရှိ တော့ကြောင်း, ထို့ကြောင့် ဆိပ်ခွန်ရွာမဟာစည်တိုက်သို့ သွားရောက်ပြီး တပည့်ခံရန် မိမိဆုံးဖြတ်လိုက်ကြောင်းကို ဖွင့်ဟပြောကြားလျှင်ပင် ဒုတိယချောင်ဆရာသီလရှင်ကြီး ကလည်း မိမိပါအတူလိုက်လိုကြောင်း တင်ပြလေသည်။

သီလရှင်ကြီးနှစ်ပါးသည် ဆိပ်ခွန်ရွာတွင် မဟာစည်နည်းဖြင့် ဝိပဿနာတရား အားထုတ်ကြည့်ကြသောအခါ ယခင်ကမကြုံဖူးသည့် အေးငြိမ်းမှုသန္တိသုခကို လက်ငင်း ခံစားကြရသည်။ ဆက်လက်၍ ဒေါ်မာလာရီကပြောကြားရာတွင် ဤသို့ ဆိပ်ခွန် မဟာစည်တိုက်မှာ တရားအားထုတ်၍ စစ်ကိုင်းချောင်သို့ ပြန်လည်ရောက်ရှိပြီးနောက် ရက်များမကြာမီ စစ်ကိုင်းတောင်ရိုးရှိ အဓိကရ ဝိပဿနာကျောင်းတိုက်တစ်ခုဖြစ်သော ရွှေမင်းဝံဆရာတော်အား ဖူးမြော်ကြောင်း, သို့ရာတွင် ဆရာတော်၏စိတ်တွင် မည်သို့ ဖြစ်သွားလေမလဲဟူသော စိုးနှောင့်ချက်ကြောင့် မဟာစည်သို့သွားရောက်တပည့်ခံခဲ့ ကြောင်းကို မလျှောက်ဝံ့သေးဘဲ အကဲခတ်၍သာ ငြိမ်နေခဲ့ကြောင်း, အတန်ကြာမှပင် ဆရာတော်က “မဟာစည်ကိုသွားပြီး တရားအားထုတ်တယ်ဆိုတာ မှန်သလား” ဟူ၍ စတင်မေးပါတော့သည်။

“ဒီနယ်တစ်ဝိုက်မှာ ဘုန်းကြီးတို့ ချောင်ဆရာတို့ ဝိပဿနာဆရာကြီးတွေဆိုပြီး တရားပြနေခဲ့ကြတာ မဂ်ဖိုလ်လည်း ရကြသေးတာမဟုတ်ဘူး၊ ဒီတော့ ချောင်ဆရာရဲ့ အတွေ့အကြုံအတိုင်း မဟာစည်နည်းဟာ အကျိုးတကယ်ရှိတယ်ဆိုရင်ဖြင့် ဘုန်းကြီး လည်းနက်ဖြန်ဆိုသလိုပဲ မဟာစည်ကိုလိုက်မယ်” ဆိုရာ “ဘုန်းဘုရားကို တပည့်တော်မ ရဲရဲကြီး လျှောက်ဝံ့ပါတယ်ဘုရား၊ တပည့်တော်မဟာ ခုဆိုရင် အပါယ်နဲ့ အိုးစားကွဲပါပြီ” (အပါယ်လေးဘုံတွင် ဇာတိတဖန်မဖြစ်နိုင်တော့သော တရားကား သောတာပတ္တိမဂ် တရားပင်ဖြစ်ရာ ချောင်ဆရာက မိမိသည် သောတာပတ္တိမဂ်သို့ဆိုက်ခဲ့ပါပြီဟူ၍ ဆရာတော်အား လျှောက်ထားလိုရင်း ဖြစ်ပေသည်။)

(သက်တော် ၁၀ဝ-ကျော်၌ကွယ်လွန်ခဲ့သော လေးစားကြည်ညိုဖွယ် စစ်ကိုင်း သမိဒ္ဓေါဒယချောင်ဆရာကြီး ဒေါ်မာလာရီ၏အတ္ထုပ္ပတ္တိကို မဟာသုဗောဓာရုံဆရာတော် အရှင်နန္ဒမာလာဘိဝံသက ရွှေဟင်္သာဆရာတော် ဘုရားကြီး၏ တိုက်တွန်းတော်မူခြင်း ကြောင့် ၁၃၃၇-ခုနှစ်၌ ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်လေသည်။)


ထူးခြားအံ့သြဖွယ် “မဟာစည်ဆရာတော်” ဟူသောအမည်တော်နာမ

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

မဟာစည်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိကို ဖတ်ရှုကြည်ညိုခဲ့ရာတွင် သာမဏေဘဝမှစတင်၍ မော်လမြိုင်မြို့သို့မကြွမီအထိ သီတင်းသုံးတော်မူခဲ့သည်မှာ ဆိပ်ခွန်ရွာသူကြီးကျောင်းပင်ဖြစ်ပါလျက် မော်လမြိုင်မြို့မှ ပြန်လည်ရောက်ရှိတော်မူပြီး ၁၃၀ဝ-ပြည့်နှစ် ဆိပ်ခွန်ရွာ၌ ပွဲဦးထွက်ကမ္မဋ္ဌာန်း ပေးတော်မူရာကျောင်းတိုက်မှာ သူကြီးကျောင်းမဟုတ်ပါဘဲ အခြားသောကျောင်းတိုက်ဖြစ်ရသည်မှာ အဘယ်ကြောင့် ပါနည်း။ ဆက်လက်ဖတ်ရှုရန် ...

အကြောင်းမှာ ထိုအချိန်က သူကြီးကျောင်းလက်ရှိဘုန်းကြီးက သူ၏ကျောင်း၌ အရှင်သောဘန တရားပြမည်ကို မလိုလားသောကြောင့်ပင်ဖြစ်၏။ ထိုအခြေအနေတွင် ဆရာတော်အရှင်သောဘန၏မိတ်ဆွေကောင်း (သိက္ခာဝါ အနည်းငယ်ကြီးတော်မူသော) အရှင်ကုသလက သူ၏ကျောင်းတိုက်တွင် လာရောက်တရားပြရန် ဖိတ်ခေါ်ရာ ထို ကျောင်းတိုက်၌ပင် စတင်၍တရားပြခဲ့လေသည်။

တချိန်က ထိုကျောင်းတိုက်အဝင်ဝရှိ အလွန်ကြီးမားသော ကုက္ကိုပင်ကြီးမှာ လေပြင်းဒဏ်ကြောင့် လဲသွားသောအခါ ယင်း၏ပင်စည်လုံးကြီးမှာ အတွင်း၌အသားမရှိဘဲ အခေါင်းဖြစ်လျက်ရှိ၏၊ စည်ကြီးပြုလုပ်ရန် အဆင်သင့်လျက် ရှိ၏၊ ထို့ကြောင့် ယင်း ပင်စည်လုံးကြီးကိုဖြတ်၍ အနည်းငယ်ထွင်းလျက် ပြုပြင်ပြီးလျှင် သားရေတို့ဖြင့်ကျက်၍ စည်ကြီးပြုလုပ်ထားသည်။ (ထိုစည်ကြီး၏မျက်နှာဝမှာ ကျယ်သောဘက်မှ အချင်း လက်မ-၄၀၊ ကျဉ်းသောဘက်မှ အချင်း ၃၆-လက်မရှိသည်။ လုံးပတ်အားဖြင့် ၁၂၆-လက်မရှိသည်။ အလျား ၁၀၅-လက်မရှိသည်။) ထိုစည်ကြီးမှာ ဆရာတော်တရားမပြမီ ၅-နှစ်ခန့်(၁၂၉၅-ခုနှစ်)ကပင် ကြိုတင်၍ရှိနှင့်လေသည်။ (တိုက်ဆိုင်မှု မဟုတ်နိုင်ပါ)

ဆရာတော်သည် တရားဟောခါနီး၌ ထိုစည်ကြီးကိုတီးခတ်၍ ပရိသတ်ကို စုဝေးစေသည်။ ဤသို့ ဆရာတော်၏တရားဟောမှုနှင့် စည်ကြီးတို့ ဆက်သွယ်နေသော ကြောင့် မဟာစည်ဆရာတော်ဟု တွင်တော်မူခဲ့ခြင်း ဖြစ်လေသည်။ ထိုစည်ကို အကြောင်းပြု၍ တည်ရာဌာနကျောင်းတိုက်ကို မဟာစည်ကျောင်းတိုက်ဟု ခေါ်ကြသည်။ ထိုစည်ကြီးကား မဟာစည်ဆရာတော်၏ အထိမ်းအမှတ်အဖြစ် ယနေ့တိုင် ဆိပ်ခွန်ရွာ မဟာစည်ကျောင်းတိုက်၌ တင့်တယ်စွာ တည်ရှိလေသည်။

ဆရာတော်၏ဘွဲ့အမည်နာမတော်ကို စိတ်တိုင်းကျ သီးခြားရွေးချယ်မည်ဆိုလျှင် တောင် သာသနာတော်အတွက် ရွက်ဆောင်တော်မူခဲ့သော ဤရွေ့ဤမျှ ကြီးကျယ် မြင့်မြတ်သည့် ဂုဏ်ကျေးဇူးတော်များနှင့် ထိုက်တန်လှသော “မဟာစည်ဆရာတော်” ဟူသော ဘွဲ့အမည်နာမတော်ကို တုနှိုင်း၍မှီနိုင်မည် မဟုတ်ပါလေ။

ဤနေရာတွင် ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီးသည် ဆရာတော် အရှင်ကုသလ(၁၂၆၃-၁၃၃၉)၏ဈာပန၌ ကျေးဇူးဂုဏ်များကိုထုတ်ဖော်၍ ကျေးဇူးဆပ် တော်မူခဲ့သည်များကို တင်ပြလိုပါသည်။

“ဆရာတော်ကြီး ဦးကုသလနှင့် ဘုန်းကြီးဟာ ငယ်စဉ် သာမဏေဘဝမှစ၍ ချစ်ကျွမ်းတဝင် ခင်မင်လာကြတာ ယခု ပျံလွန်တော်မူသွားသည်အထိပဲ၊ တစ်ခါတလေ မျှ စိတ်ဝမ်းမကွဲခဲ့ဘူး။ ဦးကုလသ၏ကူညီအားပေးမှုနှင့် ဆိပ်ခွန် ဦးကုသလကျောင်းမှာ ဘုန်းကြီး ဝိပဿနာတရား စတင်ပြသလာခဲ့တာပဲ။ ထိုစဉ်က ဦးကုသလက လှိုက်လှိုက် လှဲလှဲ ဝမ်းမြောက်ဝမ်းသာ စိတ်ကောင်းနှလုံးကောင်းနှင့် လက်ခံကူညီခဲ့လို့ပေါ့။ နို့မို့ရင် ဘုန်းကြီးမှာ နေရာဌာန မရှိပါဘူး။ တရားဟော တရားပြဖို့ မလွယ်ကူပါဘူး၊ ခက်ခဲပါ တယ်။ ဦးကုသလလက်ခံပေလို့ ဝိပဿနာတရား ယခုလို ပြန့်ပွားသွားတာပါပဲ။ ဒါတင် မကသေးဘူး၊ သူပိုင်တဲ့ မဟာစည်ကျောင်းတိုက်ကိုလည်း ဘုန်းကြီးကို အပ်နှင်းလိုက် တယ်။ သူက ကျောင်းနေအဖြစ်နေပြီး ပြုစုမယ်တဲ့။ ဘုန်းကြီးက လက်မခံပါဘူး။ ငြင်းပယ်လိုက်ပါတယ်။

ဦးကုသလဟာ ဘုန်းကြီးအတွက်ရော အားလုံးအတွက်ရော အင်မတန် ကျေးဇူး ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပေတယ်။ ဒါကြောင့် ယခုနောက်ဆုံး ကျေးဇူးဆပ်တဲ့အနေနဲ့ ဘုန်းကြီးက ထိုက်ထိုက်တန်တန် လှူဒါန်းပါတယ်။ ဈာပနတုန်းကလည်း ပင့်သံဃာ ၇၆-ပါးတို့အား လှူဒါန်းပြီး ကျောင်းထွက်ကအစ ကြံတောသုသာန်အထိအောင် မှတ်တမ်းတင်ဓာတ်ပုံများလည်း ပုံ ၂၀-ကျော်ခန့်လောက် ရိုက်ကူးထားတယ်။

မီးသင်္ဂြိုဟ်ရာမှာလည်း ဘုန်းကြီးကိုယ်တိုင် စောင့်ရှောက်ဆောင်ရွက်ပြီး အရိုးတော်များကိုလည်း အသင်းလူကြီးများနှင့် ကောက်ယူခဲ့တယ်။ ရေစက်ချပြီးရင် အရိုးတော်နှင့် မှတ်တမ်းဓာတ်ပုံတွေကို မောင်ချစ်သာတို့ရွာပြန်တော့ ပေးလိုက်မယ်။ ရွာကျတော့ တပည့်ကြီးများကိုးကွယ်ဖို့ တစ်နေရာရာမှာ တစ်ခုခုနှင့် မိမိတို့တတ်နိုင် သလောက် ပြုလုပ်ထားကြ၊ အမှတ်တရဖြစ်စေချင်တယ်။ တပည့်တွေဆိုတာ ဆရာ သမား၏ဂုဏ်ကျေးဇူးကို မမေ့အပ်ဘူး။ အရိုးတော်ဌာပနာပွဲဆိုပြီး ပွဲကြီးလမ်းကြီးတော့ မလုပ်ကြနဲ့ပေါ့” ဟူ၍ဖြစ်ပါသည်။ (ရက်လည်ဖြစ်သော ၁၃၃၉-ခုနှစ် ပြာသိုလဆုတ် ၉-ရက်နေ့၌ မဟာစည်ရိပ်သာမှ သံဃာကုန်၊ ယောဂီကုန်တို့အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ထိုနောက် သံဃာတော် ၁၂-ပါးတို့အား သင်္ကန်းဒွိစုံစသော အသုံးအဆောင်များ လှူဒါန်းခြင်း၊ တရားနာပရိသတ်များကို မုန့်ဟင်းခါးကျွေးမွေးခြင်း တို့သည် မဟာစည်ဆရာတော်ကြီး၏ ကုသိုလ်တော်များဖြစ်ပါသည်။ )

ရန်ကုန်မြို့မဟာစည်သာသနာ့ရိပ်သာ ၁၇-ကြိမ်မြောက် သြဝါဒခံယူပူဇော်ပွဲတွင် မဟာစည်ဆရာတော်ဘုရားကြီးအား ချီးကျူးပူဇော်တော်မူခဲ့သော အဂ္ဂမဟာပဏ္ဍိတ အောင်မြေဘုံစံဆရာတော် အရှင်ဉာနုတ္တရသည် “အခုအချိန်မှာဆိုရင် ကမ္ဘာပေါ်မှာ မဟာစည်ဆရာတော်ရဲ့အသံဟာ အမြည်ဆုံးပဲ၊ ဘာ့ကြောင့် မဟာစည်ဆရာတော်ရဲ့ အသံဟာ မြည်သလဲဆိုရင်ဖြင့် ကိုယ်တော်တိုင် နှုတ်နကြွဲ့မက်၍ဟောတဲ့၊ ပကတိအသံဖြင့် ဟော၍ ပကတိနားဖြင့်ကြားတာက တစ်မျိုး၊ အသံလွှင့်ရုံမှတဆင့် အသံလွှင့်ဟောတဲ့ အသံကတစ်မျိုး၊ မြန်မာဘာသာအားဖြင့်လည်းကောင်း၊ ပါဠိဘာသာအားဖြင့် လည်း ကောင်း၊ အင်္ဂလိပ်ဘာသာအားဖြင့်လည်းကောင်း၊ အဲဒီဘာသာအမျိုးမျိုးနဲ့ ထုတ်ဝေထား တဲ့ စာအုပ်တွေ၊ စာစောင်တွေ၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ အဲဒီတွေမှာပါနေတဲ့ အတွက် မဟာစည်ဆရာတော်ရဲ့ အသံဟာ ကမ္ဘာပေါ်မှာအမြည်ဆုံးပဲ၊ တီးစရာ မှုတ်စရာ တူရိယာတွေထဲမှာ စည်ဟာ အမြည်ဆုံးပဲ။

မဟာစည်ဆရာတော်ဟာ သတ္တဝါအများကို နိဗ္ဗာန်သို့ရောက်အောင်ပို့၍ တရား စည်ကြီးတီးခတ်တဲ့အသံဟာ အမြည်ဆုံးဖြစ်လိမ့်မယ်၊ ဒါကြောင့်မို့ မဟာစည်ဆရာတော်ကို ကမ္ဘာတည်သရွေ့လည်းကောင်း၊ သာသနာ တည်သရွေ့လည်းကောင်း၊ ကြည်ညို ပူဇော်နိုင်ပါတယ်၊ တရားတည်းဟူသောအသံကို ကမ္ဘာမှာအမြည်ဆုံး တီးခတ်ကြေညာ နိုင်တဲ့အတွက် “မဟာစည်ဆရာတော်” လို့ ခေါ်တယ်လို့ ဘုန်းကြီးက ဆိုလိုပါတယ်” ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုတော်မူခဲ့လေသည်။


တစ်ဖက်သားအပေါ် စာနာငဲ့ညှာ ထောက်ထားတော်မူသော ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

၁၉၇၇-ခုနှစ်ထဲက ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ တရားစာအုပ် များကို ယခင်က ကမ္ဘာအေးဗုဒ္ဓသာသနာအဖွဲ့မှာ ရိုက်နှိပ်နေရာမှ စက္ကူအခက်အခဲ ကြောင့် အပြင်မှာ စက္ကူလျှောက်ထားပြီး ရိုက်နှိပ်ရန် အကြောင်းကြားချက်အရ ဓာတ်ပုံနှင့် စာရေးကိရိယာကော်ပိုရေးရှင်းဥက္ကဋ္ဌ ဗိုလ်မှူးသာနိုးအား သွားရောက် တွေ့ဆုံပြီး စက္ကူ အခက်အခဲကို တင်ပြခဲ့ပါတယ်။

စက္ကူမရှိတော့လို့ အရေးကြီးတဲ့ ဝိပဿနာရှုနည်းကျမ်း အစရှိတဲ့ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ရဲ့ ကျမ်းစာအုပ် ၁၀-အုပ်လောက် ပြတ်လပ်နေခဲ့တာ အချိန် တစ်နှစ်ခန့်ကြာခဲ့ပါပြီ။ ဒါကြောင့် ဦးသာနိုးအနေနဲ့ စာအုပ်များကို ရိုက်နှိပ် ပေးရန် အထူးကိစ္စတစ်ရပ်အနေနဲ့ အကူအညီပေးဖို့ မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် ...

ဦးသာနိုးကလဲ ဖိတ်ကြားခဲ့တဲ့အတိုင်း မဟာစည်ဆရာတော်ဘုရားကြီးအား လာရောက်ဖူးမြော်ကန်တော့ရင်း ဆရာတော်ဘုရားကြီးရဲ့ ကျမ်းစာအုပ်များ ရိုက်နှိပ်ရာမှာ စက္ကူအခက်အခဲကြောင့် ပြတ်လပ်နေတဲ့အတွက် ရဟန်း၊ သံဃာ၊ စာသင်သား များနှင့်တကွ လူဒကာ၊ ဒကာမများပါ များစွာအဆင်မပြေဖြစ်ခဲ့တဲ့အကြောင်း ဆွေးနွေး ကြရင်း ယင်းစာအုပ်များ ရိုက်နှိပ်နိုင်ရန်အတွက် စက္ကူကို ဖြစ်တဲ့နည်းနဲ့ ရရှိအောင် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံခဲ့ကြောင်းနှင့် ဦးသာနိုးကလဲ အထူးဆောင်ရွက်ပေးပါ့ မယ်ဆိုကြောင်း ဆရာတော်ဘုရားကြီးအား လျှောက်ထားပါတယ်။ ဆရာတော်ကြီးကလဲ အလွန်ကောင်းပါတယ်လို့ မိန့်ကြားပါတယ်။

“ဒီတရားစာအုပ်များ ရိုက်နှိပ်ရေးအတွက် စက္ကူရရှိရေးမှာ အလွန်အရေးကြီး တာ မှန်ပေမယ့်လဲ ဒကာကြီးတို့နဲ့ အဖွဲ့မှာ အခက်အခဲအလွန်တွေ့ပြီး အထိအခိုက် ရှိမယ့်ကိစ္စမျိုး တွေ့မယ်ဆိုပါက မဆောင်ရွက်စေလိုပါ”လို သြဝါဒပေးပါတယ်။

“ကိုယ် အင်မတန်အလိုရှိနေတဲ့ ပစ္စည်းတစ်ခုအတွက် ဒကာကြီးတို့မှာ အခက်အခဲများတွေ့ပြီး ထိခိုက်မယ် ဆိုပါက မလုပ်ကြဖို့ ကြားသိရတဲ့အတွက် အလွန်အံ့သြကြည်ညိုမိပါတယ်။ ဒီလို အရိယာ သူတော်ကောင်းကြီးတွေအတွက်ဆိုရင် ကျွန်တော့် တာဝန်ပိုင်းကတော့ဖြင့် မဖြစ်ဖြစ်အောင်ဆောင်ရွက်ပေးဖို့ ယခုပဲ စိတ်ထဲက ဆုံးဖြတ်လိုက်ပါပြီ” ဆိုပြီး ဦးသာနိုးသည် သူတာဝန်ယူစဉ်ကာလအတွင်း အမြဲတမ်း ချောမော ပြေပြစ်အောင် ဆောင်ရွက်ပေးသွားပါတော့တယ်” ဟူ၍ဖြစ်လေသည်။


မေတ္တာတရားကြီးမား၍ တပည့်များအပေါ် ငဲ့ညှာတော်မူသော ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီးအနီး ဝတ်ကြီးဝတ်ငယ်တို့ကို ၈-နှစ်ကြာမျှ ပြုစုခွင့်ရရှိခဲ့သော ရွှေမင်းဝံဆရာတော်သည် ဆရာတော်ဘုရားကြီး၏ မေတ္တာတရားကြီးမားပုံ၊ တပည့်များအပေါ် ငဲ့ညှာပုံများကို ပြန်လည်ပြောကြားခဲ့သည်မှာ
“ဆရာတော်ကြီးကို အလုပ်ကျွေးပြုဖို့ အနားမှာနေရပေမယ့် ဆရာတော်ကြီးဟာ သူလိုအပ်တာကို ကိုယ်တိုင်လုပ်လေ့ရှိပါတယ်။ ဆရာတော်ကြီးက သူ့အချိန်နဲ့သူ စာကြည့်လေ့ရှိတယ်၊ အဲဒီအခါမျိုးမှာ ကျုပ်တို့ အနားမှာရှိနေပေမယ့် ဘာစာအုပ်မှ ယူပေးရတယ်လို့မရှိဘူး၊ လိုတဲ့စာအုပ်တွေကို ဆရာတော်ကြီးကိုယ်တိုင်ပဲ သွားယူ၊ သွားထားတတ်တယ်။ မီးဖွင့်လိုက်စမ်းပါလို့လည်း တစ်ခွန်းမှမခိုင်းဘူး၊ ဆရာတော်ကြီး ကိုယ်တိုင်ပဲ ထဖွင့်တယ်၊ ပိတ်တယ်။ ကိုယ်က အလိုက်တသိနဲ့ ထပြီးလုပ်ရင်လုပ်၊ ဆရာတော်ကြီးကတော့ ခိုင်းလေ့မရှိဘူး။ နေ့လည်ပိုင်း
ဆက်လက်ဖတ်ရှုရန် ...

“ဆရာတော်ကြီးကို အလုပ်ကျွေးပြုဖို့ အနားမှာနေရပေမယ့် ဆရာတော်ကြီးဟာ သူလိုအပ်တာကို ကိုယ်တိုင်လုပ်လေ့ရှိပါတယ်။ ဆရာတော်ကြီးက သူ့အချိန်နဲ့သူ စာကြည့်လေ့ရှိတယ်၊ အဲဒီအခါမျိုးမှာ ကျုပ်တို့ အနားမှာရှိနေပေမယ့် ဘာစာအုပ်မှ ယူပေးရတယ်လို့မရှိဘူး၊ လိုတဲ့စာအုပ်တွေကို ဆရာတော်ကြီးကိုယ်တိုင်ပဲ သွားယူ၊ သွားထားတတ်တယ်။ မီးဖွင့်လိုက်စမ်းပါလို့လည်း တစ်ခွန်းမှမခိုင်းဘူး၊ ဆရာတော်ကြီး ကိုယ်တိုင်ပဲ ထဖွင့်တယ်၊ ပိတ်တယ်။ ကိုယ်က အလိုက်တသိနဲ့ ထပြီးလုပ်ရင်လုပ်၊ ဆရာတော်ကြီးကတော့ ခိုင်းလေ့မရှိဘူး။ နေ့လည်ပိုင်း ဆရာတော်ကြီး အနားယူတဲ့ အခါ ‘ဦးဇင်း၊ သပိတ်ထဲက အပ်နဲ့အပ်ချည်ယူခဲ့ပါ၊ လဲဖို့ရာ သင်္ကန်းလေးရောပေးပါဦး’ ဆိုလို့ ကျုပ်လည်း သင်္ကန်းတစ်ထည်ထုတ်ပြီး ကပ်လိုက်တယ်၊ ‘သင်္ကန်းက ချုပ်ရိုးတွေ မခိုင်ဘူး’ ဆိုပြီး ချုပ်ဖို့ပြင်တယ်။ ကျုပ်က ‘တပည့်တော် ချုပ်ပါ့မယ်ဘုရား’ ဆိုတော့ ‘ဒီလောက်ကတော့ ကိုယ့်ဟာကိုယ်လည်း လုပ်တတ်ပါတယ်’ တဲ့။ ချုပ်ပြီးတော့မှ အဲဒီ သင်္ကန်းကို ပြန်လဲလိုက်တယ်။ ဆရာတော်ကြီး ဆွမ်းဘုန်းပေးပြီးလို့ သပိတ်ဆေးမယ် ပြင်ရင် ကျုပ်ကဝင်ဆေးဖို့လုပ်တယ်၊ အဲဒီအခါမျိုးမှာ ‘ကိုယ့်သပိတ်ကလေးတော့ ကိုယ် ဆေးမှ သင့်တော်မှာပေါ့’ တဲ့။

ဆရာတော်ကြီး မနက်တိုင်း နာယကတွေ၊ ဝန်ဆောင်သံဃာတွေနဲ့ ဘုရားဝတ် တက်တယ်၊ ပြီးရင်တရားထိုင်တယ်၊ အဲဒါ ဆရာတော်ကြီးရဲ့ နောက်ဆုံးအချိန်ထိပဲ၊ မနက်ဆိုရင် ဆရာတော်ကြီးက အခန်းထဲမှာ စင်္ကြံလျှောက်နေပြီ။ ဆရာတော်ကြီးခြေသံ ကို ကြားနေရတယ်၊ နောက် ‘ဒင်ဒင်’နဲ့ လေးချက်လည်းခေါက်ရော ‘ဒေါက်’ဆို တံခါးကို ဖွင့်ပြီး ထွက်လာတယ်၊ ကျုပ်တို့ ဦးပဉ္စင်းငယ်တွေက နောက်ကျတတ်တယ်၊ အိပ်ပျော် နေလို့ နောက်ကျတတ်တာကိုသိသွားတော့ ဆရာတော်ကြီးက ကျုပ်ကို နှိုးစက်ချလို့ရတဲ့ နာရီလေးပေးတယ်၊ ပြီးတော့ ‘တရားထိုင်လာတာ နောက်မကျအောင် နှိုးစက်ချထား’ လို့ မိန့်တယ်” စသည်၍ ဖြစ်ပါသည်။


ရတနာမြတ်သုံးပါး၏ ဂုဏ်တော်များကို နေ့စဉ်အကြိမ်များစွာရွတ်ဆို နှလုံးသွင်း ရှိခိုး ပူဇော်တော်မူခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဖြည့်စွက်ရန်

PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...

ကြည်ညိုဖွယ် ဓမ္မကထိကဂုဏ်တို့နှင့် ပြည့်စုံတော်မူခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

“မြတ်စွာဘုရား၊ အဘယ်မျှသော အတိုင်းအရှည်ဖြင့် ဓမ္မကထိက မည်သည် ဖြစ်ပါသနည်း။

အကယ်၍ အကြင်ရဟန်းသည် ရုပ်ကို ငြီးငွေ့စိမ့်သောငှာ, တပ်ခြင်း ကင်းစိမ့် သောငှာ, ချုပ်စေခြင်းငှာ, တရားကိုဟော၏။ ဝေဒနာကို, သညာကို, သင်္ခါရတို့ကို, ဝိညာဉ်ကို ငြီးငွေ့စိမ့်သောငှာ, တပ်ခြင်း ကင်းစိမ့်သောငှာ, ချုပ်စေခြင်းငှာ, တရားကို ဟော၏။ ထိုရဟန်းကို ဓမ္မကထိကဟူ၍ ဆိုခြင်းငှာသင့်၏။”

“ချစ်သားအာနန္ဒာ အကယ်မလွဲသဖြင့် သူတပါးတို့အား တရားကိုဟောခြင်းငှာ မလွယ်၊ အာနန္ဒာ သူတပါးတို့အား တရားကိုဟောလိုသော ရဟန်းသည် ၅-ပါးသော တရားတို့ကို ကိုယ်တွင်း၌ ကောင်းစွာထား၍ သူတပါးတို့အား တရားကိုဟောအပ်၏။...ဆက်လက်ဖတ်ရှုရန် ...

“ချစ်သားအာနန္ဒာ အကယ်မလွဲသဖြင့် သူတပါးတို့အား တရားကိုဟောခြင်းငှာ မလွယ်၊ အာနန္ဒာ သူတပါးတို့အား တရားကိုဟောလိုသော ရဟန်းသည် ၅-ပါးသော တရားတို့ကို ကိုယ်တွင်း၌ ကောင်းစွာထား၍ သူတပါးတို့အား တရားကိုဟောအပ်၏။ ၅-ပါးတို့ဟူသည် အဘယ်တို့နည်းဟူမူကား အစဉ်အတိုင်းသော တရားစကားကို ဟောအပ်၏။ ပရိသတ်ကိုရှု၍ တရားကိုဟောအပ်၏။ အစဉ်သနားသည်၏ အဖြစ်ကို စွဲ၍ တရားကိုဟောအပ်၏။ ပစ္စည်း ၄-ပါး လှူလတံ့ဟူ၍ ငဲ့သည်ဖြစ်၍ တရားကို မဟောအပ်။ မိမိကိုယ်ကိုလည်းကောင်း သူတပါးကိုလည်းကောင်း မချီးမြှောက်, မကဲ့ရဲ့ သည်ဖြစ်၍ တရားကိုဟောအပ်၏” ဟူ၍ ဓမ္မကထိကဂုဏ်အင်္ဂါတို့ကို မြတ်စွာဘုရား ဟောကြားတော်မူ၏။

၁၃၀၉-ခုနှစ် ဝါခေါင်လဆုတ် ၂-ရက်နေ့တွင် စစ်ကိုင်းသမိဒ္ဓေါဒယချောင် ဓမ္မာရုံ၌ သက်တော် ၄၃-နှစ် သိက္ခာဝါ ၂၃-ဝါ ရှိတော်မူသော မဟာစည်ဆရာတော်၏ ကြည်ညိုဖွယ် ဓမ္မကထိကဂုဏ်တို့ကို ဖော်ပြထားသည်မှာ “တရားပွဲကျင်းပသောအခါ သူဌေးကြီးဆာဦးသွင်သည် ဆရာတော်ကိုဖူး၍ အကောင်းဆုံးဖြစ်မည့်နေရာမှာ သူ့ ရည်ရွယ်ချက်နှင့်သူ နေလေသည်။ မဟာစည်ဆရာတော် ကားပေါ်ကဆင်းကတည်းက ဆရာတော်ကို အကဲခတ်လေသည်။ တရားနာရင်းလည်း ဆရာတော်၏ကိုယ်အမူအရာ နှုတ်အမူအရာတို့ကို အကဲခတ် လေသည်။ ချို့ယွင်းချက်ဟူ၍ တစ်စုံတစ်ရာမျှမတွေ့ရ သည့်အပြင် အလွန်အားရဖွယ်ကျေနပ်ဖွယ် ကောင်းသော ကိုယ်အင်္ဂါအမူအရာတို့ကိုသာ တွေ့ရသည်။ တရားပလ္လင်၌ထိုင်သည်မှစ၍ ကိုယ်လက်လှုပ်ရှား ပြုမူခြင်းမရှိဘဲ ငြိမ်သက်စွာဟောနေသည်။ ဘယ်ကိုမျှမကြည့်ဘဲ တည်ငြိမ်သောဣန္ဒြေဖြင့် ဟောနေသည်။ ပရိယာယ်မပါ ဝဉ္စနာမဖက် သက်သက်ရိုးသားမှုကို ဖော်ပြနေသည့်အသံမျိုး ပြောဆိုနေပုံမျိုးဖြင့် သိမ်ဖျင်းသေးနုတ်သော စကားလုံးဟူ၍မပါဘဲ တရားသားသက်သက်ကိုသာ နက်နဲစွာဟောနေသည်။ ထိုစဉ်အခါက မာလုကျပုတ္တသုတ်တရားတော်ကို ဟောနေခြင်းဖြစ်ရာ ဟောသည့်တရားတော်နှင့် ဆရာတော်၏အနေအထားမှာ ညီညွတ်နေကြောင်း တွေ့ရလေသည်” ဟူ၍ ဖြစ်ပါသည်။

ဓမ္မကထိကအရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ လုံ့လဝီရိယရှိပုံ၊ အရာရာ၌ စေ့စပ်သေချာပုံများကို ပူဇော်အပ်သော ညောင်ကန်အေးဆရာတော်၏ ကိုယ်တွေ့ များကို ဤနေရာ၌ ဖော်ပြလိုပါသည်။

အချိန်မှာ ၁၃၃၂-ခု တပေါင်းလပြည့်ကျော် ၉-ရက်နေ့ နံနက် ၄-နာရီအချိန် ဖြစ်သည်။ နေရာကား မော်လမြိုင်မြို့ တောင်ဝိုင်းကလေးတိုက်ကျောင်းရှိ မဟာစည်ကျောင်းတော်ပေါ်မှာ ဖြစ်သည်။ ဆရာတော်ဘုရားကြီးနှင့် စာရေးသူ (ညောင်ကန်အေးဆရာတော်)တို့သည် ဗုဒ္ဓရုပ်ပွားတော်ရှေ့ ခင်းထားသော နေရာဝယ် ကိုယ်ဝတ်သင်္ကန်းကို လက်ကတော့ရစ်သိုင်းကာ ဘုရားရှိခိုးကြပါသည်။ ဘုရားရှိခိုးပြီးနောက် သတိပဋ္ဌာန် ဝိပဿနာတရားကို အားထုတ်ကြပါသည်။

ဆရာတော်ဘုရားကြီးသည် သထုံ မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး လွန်တော်မူသည့် ၁၆-ကြိမ်မြောက်အထိမ်းအမှတ်ပွဲသို့ တရားဟောကြွတော်မူမည် ဖြစ်သောကြောင့် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ကြရပါသည်။ မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာခဲ၊ ဆေးပစ္စည်းစသည်များကို သပိတ်ထဲထည့်ရသည်၊ သပိတ်ဖုံးပေါ် ခင်းနှီး တထည် ခေါက်တင်၍ သပိတ်အိတ်ဘေးသိုင်းကြိုးကို သပိတ်ဖုံးပေါ်၌ဖိလျက် ချည်ရ သည်။ ဆရာတော်ဘုရားကြီး၏ ခုတင်အိပ်ယာခြင်ထောင်တို့ကိုလည်း သေသေသပ်သပ် သိမ်းဆည်းရသည်။ မျက်မှန်ကျန်မနေရစ်ရန် အဆင်သင့်ထားရသည်။

နှစ်ထပ်သင်္ကန်းကြီးယူဦးမည်လားမသိ၍ စာရေးသူက လျှောက်ထားရာ “ယူရမည်၊ အခေါက်မညီသေးလျှင် ညီအောင်ခေါက်ပြီး လွယ်အိတ်ထဲထည့်ရမည်” ဟု ဆရာတော်ဘုရားကြီးက မိန့်တော်မူပါသည်။ “မညီသေးပါဘုရား”ဟု စာရေးသူက လျှောက်ကာ နှစ်ထပ်သင်္ကန်းကို ခေါက်ရန်ယူလိုက်စဉ် “တပါးတည်း ခေါက်ရင် ညီခဲတယ်၊ တပါးတည်း ညီအောင်ခေါက်ရင်လည်း ကြာတတ်တယ်၊ ဒီယူခဲ့”ဟု ဆရာတော်ဘုရားကြီးက မိန့်တော်မူသည်။

ထို့ကြောင့် နှစ်ထပ်သင်္ကန်းကြီးကို တစ်ဖက်စီဆွဲကာ ဆရာတပည့်နှစ်ပါး ခေါက်ကြသည်။ ပြီးသော် လွယ်အိတ်တွင်ထည့်ရန် စာရေးသူက နှစ်ထပ်သင်္ကန်းခေါက် ကို ကိုင်သည်။ ဆရာတော်ဘုရားကြီးက လွယ်အိတ်ဝကို ဖွင့်ပေးတော်မူသည်။ လွယ်အိတ်တွင်းသို့ နှစ်ထပ်သင်္ကန်းကြီး ရောက်သွားပါပြီ။ သင်္ကန်းလွယ်အိတ်ကို ဆရာတော်ဘုရားကြီးနှင့်အတူ လိုက်သွားမည့် ပစ္ဆာသမဏ ဦးပဉ္စင်းကလေးအား စာရေးသူက လက်လှမ်းစဉ် “မပေးလိုက်နဲ့ဦး၊ သထုံရောက်လျှင် တရားဟောဖို့ သလ္လေခသုတ် ဆောင်ပုဒ်စာရွက်ထည့်ရဦးမယ်”ဟု မိန့်တော်မူကာ ဆောင်ပုဒ်စာရွက်ကို ယူလာတော်မူသည်။ စာရေးသူက လွယ်အိတ်ထဲထည့်ဖို့ရာ ဆရာတော်ဘုရားကြီး လက်ထဲမှ ဆောင်ပုဒ်စာရွက်ကို လှမ်းယူလိုက်ရာ စာရေးသူအား စာရွက်ကိုမပေးဘဲ ကိုယ်တော်တိုင် လွယ်အိတ်ငယ်ထဲသို့ သေချာစွာထည့်တော်မူသည်။ “သြော် သေချာ လှပါဘိ”ဟု စာရေးသူက တွေးမိသည်။

ထို့နောက် ဆရာတော်ဘုရားကြီးက ခေါက်ထားသောသင်္ကန်းတစ်စုံမှ သင်းပိုင် ခေါက်ကို ဖြေတော်မူပြီး ခါးမှာ ဝတ်ထားသော သင်းပိုင်နှင့် လဲလှယ်ဝတ်တော်မူသည်။ လဲလိုက်သောသင်းပိုင်ကို ခေါက်ရန် စာရေးသူက ကောက်ယူလိုက်ရာ ဆရာတော် ဘုရားကြီးက “မခေါက်နဲ့ ထပ်ဝတ်မယ်လို့”ဟု မိန့်တော်မူကာ အပြင်ကထပ်၍ ဝတ် တော်မူသည်။ ထပ်သောအခါ အတွင်းသင်းပိုင်ကို အထက်ဆွဲ၍ အပြင်သင်းပိုင်ကို အောက်အနည်းငယ် လျှောကာ ဝတ်တော်မူသည်၊ နောက် ကိုယ်ဝတ် ဧကသီသင်္ကန်းကို ဝတ်ရုံတော်မူသည်။

“အပြင်သင်းပိုင်က တို၊ အတွင်းသင်းပိုင်က ရှည်နေရင် ကြည့်မကောင်းဘူး၊ အရောင်အသွေးတူရင် တော်သေးရဲ့၊ မတူရင် ပိုဆိုးတယ်၊ ကြည်ညိုဖွယ်မဖြစ်ဘူး၊ သင်းပိုင်နှစ်ထပ်ရယ်၊ အပေါ်ရုံဧကသီရယ်၊ နှစ်ထပ်သင်္ကန်းကြီးရယ် ပေါင်း လေးထည် ဆိုတော့ တိစီဝရိတ်တော့မဟုတ်ဘူး၊ စတုစီဝရိတ်ဖြစ်နေပြီ”ဟု ဆရာတော်ဘုရားကြီးက ပြုံးပြုံးကြီး မိန့်တော်မူပါသည်။ နောက် “ဒီလို သင်္ကန်းလေးထည်သာ ယူသွားတော့ ခရီးဆောင်ဝန်ပေါ့တယ်၊ ရေချိုးရင်လဲ ရေလဲသင်းပိုင်အပို ပါပြီးဖြစ်တယ်။ အေးလို့ ခြုံချင်ရင်လဲ နှစ်ထပ်သင်္ကန်းကြီးကို ခြုံရင်ပြီးတာဘဲ”ဟု ဆက်လက်မိန့်တော်မူပါသည်။ နောက် ခါးပန်းကြိုးကို ပတ်တော်မူ၍ ခါးပိုက်ဆောင်နာရီကို ခါးပန်းကြိုး၌ ညှပ်တော်မူ၏။ သို့ရှိစဉ် မော်လမြိုင်မြို့ သတိပဋ္ဌာန် ပြန့်ပွားရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းတင်ကလည်း ကားနှင့်ရောက်လာတော့သည်။ အချိန်ကား နံနက်ငါးနာရီတိတိ ဖြစ်၏။ ဆရာတော်ဘုရားကြီး ကြွသွားတော်မူသည့်အချိန်ကို သိရန်နာရီကို ကြည့်ရင်း ဆရာတော်ဘုရားကြီး၏ လုံ့လဝီရိယရှိပုံ၊ အရာရာ၌စေ့စပ်သေချာပုံများကို အောက်မေ့ ဆင်ခြင်မိပါတော့ သတည်း” ဟူ၍ဖြစ်ပါသည်။


ဥဇုကဂုဏ်, သုဟုဇုကဂုဏ်တို့နှင့် ပြည့်စုံတော်မူခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

သက်တော်-၆၀၊ ဝါတော် ၄၀-ခန့်ရှိပြီဖြစ်၍ အရွယ်တော်အားဖြင့်လည်းကောင်း, သာသနာရေး ဆောင်ရွက်ချက်များအရလည်းကောင်း, ဆဋ္ဌသင်္ဂီတိပုစ္ဆက, အဂ္ဂမဟာ ပဏ္ဍိတအစရှိသောဘွဲ့ထူးဂုဏ်ထူးများ အရလည်းကောင်း, သာသနာတွင် နေ, လအလား ထင်ရှားတော်မူလှသော ကျေးဇူးရှင်ဆရာတော်ကြီးသည် မိမိကိုယ်တော်တိုင် ကမ္မဋ္ဌာန်းတရားအပေါ်၌ ယုံမှားမှု, ဝိစိကိစ္ဆာဖြစ်နေခဲ့၍ တရားမတိုးတက်ဘဲ ရှိခဲ့သည်များကို အရိယာဝါသတရားတော်ကြီး(၁၃၂၄-ခုနှစ်)တွင် ဖွင့်ဟဝန်ခံတော်မူခဲ့သည်မှာ...

“ညွှန်ကြားတဲ့အတိုင်း တကယ်အားထုတ်ကြည့်ရင် ကိုယ်တိုင်တွေ့မယ်ဆိုတာကိုတော့ ဘုန်းကြီးတို့က ရဲရဲကြီး တာဝန်ခံပါတယ်။ ဒါပေမဲ့ အားမထုတ်ရသေးလို့ မယုံတဲ့သူကိုတော့ အပြစ်မတင်ပါဘူး၊ ဘာကြောင့်တုံး ဆိုတော့ သူကမှ ကိုယ်တိုင် မတွေ့သေးဘဲဟာကိုး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘုန်းကြီးတို့ကိုယ်တိုင်လဲ အစက မယုံခဲ့ပါဘူး။ ဘုန်းကြီး ရဟန်းရှစ်ဝါတုန်းက မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးထံ သတိပဋ္ဌာန် ကမ္မဋ္ဌာန်းတရား အားထုတ်ခဲ့ပါတယ်။

အဲဒီတုန်းက ဘုန်းကြီး စဉ်းစားဝေဘန်ကြည့်ခဲ့ပါတယ်။ သွားလျှင် သွားတယ်လို့ မှတ်ရမယ် ဆိုပါကော။ ရပ်လျှင်လဲ ရပ်တယ်၊ ထိုင်လျှင်လဲ ထိုင်တယ်၊ အိပ်လျှင်လဲ အိပ်တယ်လို့ မှတ်ရမယ် ဆိုပါကော။ ကွေးလျှင်လဲ ကွေးတယ်၊ ဆန့်လျှင်လဲ ဆန့်တယ်၊ စားလျှင်လဲ စားတယ်လို့ မှတ်ရမယ် ဆိုပါကော။ ရုပ်တရား နာမ်တရားဆိုတဲ့ သဘာဝ ဓမ္မအမည်လဲ မပါဘူး။ အနိစ္စ ဒုက္ခ အနတ္တ ဆိုတာတွေလဲ မပါဘူး။ တော်တော်ဆန်း တာပဲလို့ ဝေဘန်ပြီးတော့ မယုံကြည်ဘဲ ရှိနေခဲ့ပါတယ်။ မယုံတာက ယုံမှားမှု ဝိစိကိစ္ဆာနီဝရဏပဲ၊ သူက ဝိပဿနာဉာဏ်ပညာ မဖြစ်နိုင်အောင် မဂ်ဖိုလ်ကိုမရောက် နိုင်အောင် တားမြစ်တတ်ပါတယ်၊ အဲဒါကို ပယ်ရှားနိုင်ဘို့ရာ အလွန်အရေးကြီးပါတယ်။

ဘုန်းကြီးမှာတော့ အဲဒီတုန်းက ယုံမှားမှုကို အကောင်းထင်နေလို့ လျှောက်ပြီး တွေးတောနေခဲ့ပါတယ်။ သွားတယ် ကွေးတယ် ဆန့်တယ် ဒီလိုမှတ်နေရတာတွေက ပညတ်တွေပဲ၊ အထည်ဒြဗ် ပညတ်တွေကို ရှုနေတာပဲ၊ ပရမတ်ကို မရောက်သေးပါဘူး။ ဒါတွေကိုမှတ်ဖို့ ဆရာတော်ကြီးက အခြေခံအနေနဲ့ ပေးထားတာဖြစ်မှာပဲ။ နောက်ကျ တော့မှ ရုပ်တွေနာမ်တွေ အသေးစိတ်ခွဲပြဦးမှာနဲ့တူတယ် စသည်ဖြင့် မျှော်တွေးစဉ်းစား နေခဲ့ပါတယ်။ ကောင်းကောင်းလဲ အားမထုတ်ခဲ့ပါဘူး။ ဒါကြောင့် ရက် ၂၀-ကျော် တစ်လလောက်ကြာပေမယ့်လို့ ဘာမှထူးထူးခြားခြားမဖြစ်ခဲ့ဘူး။

နောက်ကျမှ အားထုတ်ရင်းအားထုတ်ရင်းနဲ့ အလိုလို သဘောပေါက်လာတယ်။ ‘အင်း သွားတယ် ကွေးတယ် ဆန့်တယ် စသည်ဖြင့် ကိုယ်အမူအရာ စိတ်အမူအရာတွေကို ဖြစ်တိုင်းဖြစ်တိုင်း လိုက်မှတ်နေတာဟာ အစအခြေခံတင်မဟုတ်ဘူး၊ အစလဲ ဟုတ်တယ်၊ အလယ်လဲ ဟုတ်တယ်၊ အဆုံးအထိလဲ ဟုတ်တယ်၊ သိစရာတွေ အားလုံး ကုန်နေပြီ၊ ဘာမျှမကျန်တော့ဘူး။ ဒါကြောင့် မြတ်စွာဘုရားက ဒီသတိပဋ္ဌာန်ကို “ဧကာယနော မဂ္ဂေါ” တခုတည်းသောလမ်း တကြောင်းတည်းသောလမ်းလို့ ဟောထားပေတာပဲ’လို့ သဘောပေါက်လာပါတယ်” ဟူ၍ ဖြစ်လေသည်။

မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်များကို ဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ ဒကာဒကာမများက ပြန်လည် ပြောကြားခဲ့ကြသည်များ

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဘဝဖြစ်တော်စဉ်တလျှာက် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်များကို ဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ ဒကာဒကာမများက ပြန်လည် ပြောကြားခဲ့ကြသည်များကို မှတ်တမ်းတင်၍ ဆရာတော်ဘုရားကြီးကို ပူဇော်အပ်ပါ၏။

ဆဋ္ဌသံဂါယနာအတွက် ကမ္ဘောဒီးယားသို့ရောက်စဉ် သာသနာပိုင်ဆရာတော် ကြီးနှင့် ညောင်ရမ်းဆရာတော်ကြီးတို့ အခက်ကြုံလျက်ရှိကြသည်။ ဆရာတော်ကြီး ၂ - ပါး ပါဠိဘာသာဖြင့် စကားပြောကြသော်လည်း တစ်ပါးကိုတစ်ပါး နားမလည်ဘဲ ရှိနေ ကြသည်။ ဤအခိုက်တွင် မဟာစည်ဆရာတော်ပြန်ရောက်လာသဖြင့် နိုင်ငံခြားပါဠိသံ ဖြင့် မဟာစည်ဆရာတော်က လျှောက်ထားပေးမှ သာသနာပိုင်ဆရာတော်ကြီး နားလည် တော့သည်။ ထိုအခါ “မဟာစည်ဆရာတော်ပါပေလို့ တော်တော့တယ်” ဟု ညောင်ရမ်း ဆရာတော်ကြီးက မှတ်ချက်ချလေသည်။ မဟာစည်ဆရာတော်သည် သာသနာ့ရိပ်သာ ၌ နိုင်ငံခြားသားဘုန်းတော်ကြီးများနှင့် မကြာမကြာတွေ့နေရ၍ နိုင်ငံခြားပါဠိ အသံ ထွက်ကို လေ့ကျင့်မိပြီး ဖြစ်နေသည်။ သူတို့ပြောသည်ကိုလည်း နားလည်၍ မိမိက လည်း သူတို့နားလည်အောင်ပြောတတ်သည်။ ထို့ကြောင့် ဤအရေးတွင် မဟာစည် ဆရာတော်က အလွယ်တကူ ဝင်ရောက်ပြောဆိုပေးနိုင်ခြင်း ဖြစ်လေသည်။

၁၉၅၆-ခုနှစ်၊ ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲပြုလုပ်တဲ့အချိန်က ပခုက္ကူအလယ်တိုက် ဆရာတော်ဘုရားကြီးများ, အရှေ့တိုက်ဆရာတော်ကြီး အရှင်ဇဝနပါ ကြွရောက် လာစဉ်က ရန်ကုန်မှာနေတဲ့ အလယ်တိုက်ကျောင်းဒကာကြီး ဘိုကလေးဆန်စက်သူဌေး ဦးစောဦးအိမ်မှာ ဆွမ်းကပ်လို့ ဆရာတော်ဘုရားကြီးများ ဝိနည်းသိက္ခာပုဒ်နဲ့ပတ်သက် ပြီး ကိုယ်ကျင့်တရားအကြောင်းတွေနဲ့ ပရိယတ်ပဋိပတ်အကြောင်းတွေ ရောက်သွား တော့ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးအကြောင်း ရောက်သွားကြပါတယ်။ ဆရာတော် ဦးနန္ဒဝံသ, ဆရာတော် ဦးဇဝနနဲ့ ဦးပညာဆရာတော်ဘုရားကြီးများကပါ “မဟာစည်ဆရာတော်ကတော့ အဖက်ဖက်က အင်မတန်ချီးကျူးစရာ ကောင်းပါပေ တယ်။ အလွန်လဲ အပြစ်ကင်းစင်ပေတယ်၊ အပြစ်ကင်းအောင် ပြောတတ်ဆိုတတ် နေတတ်ပေတယ်”လို့ အထူးချီးကျူးကာကို ကြားသိရလို့ အလွန်ပဲဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း ဦးပွင့်ကောင်းက ပြောကြားခဲ့ပါသည်။

“မဟာစည်ဆရာတော်ကြီးနဲ့ပတ်သက်ပြီး ချမ်းမြေ့ဆရာတော် မိန့်ဖူးတာကတော့ အနေအထိုင် သိပ်သည်း ကျစ်လစ်တဲ့အကြောင်း၊ ဘယ်အချိန်ကြည့်ကြည့် မူမပြောင်းတဲ့ အကြောင်း၊ အချိန်ပြည့် အလုပ်လုပ်တဲ့အကြောင်း ပြောတယ်ဘုရား။ အချိန်ပြည့် အလုပ်လုပ်တယ်ဆိုတဲ့နေရာမှာ နေ့ခင်းပိုင်း တံခါးပိတ်ထားပေမယ့်လို့ အတွင်းမှာ လက်နှိပ်စက်ရိုက်နေတာပဲဘုရား။

မြို့ထဲမှာ တရားပွဲရှိလို့ ‘၇-နာရီမှာ လာပင့်ပါ့မယ်ဘုရား’လို့ လျှောက်ထားရင် မထိုးခင်ကတည်းက သင်္ကန်းကို ကြိုတင်ပြီးရုံထားလေ့ရှိတယ်။ သင်္ကန်းရုံဆိုတဲ့နေရာမှာ လည်း အသစ်ကိုလဲပြီး ရုံတာ မဟုတ်ဘူး။ ဝတ်ထားဆဲ သင်္ကန်းဟောင်းကိုပဲရုံပြီး ထိုင်စောင့်နေတာ။ ၇-နာရီခွဲလောက်မှ ဒကာတွေ ရောက်လာတယ်။ တော်တော်လေး နောက်ကြတယ်ဘုရား။ နည်းနည်းကျော်ရင်တောင် ကျော်မယ်။ ‘ဒီက ၇-နာရီထဲက သင်္ကန်းရုံစောင့်နေတာ’လို့ ဒါပဲ ပြောတယ်။ ဒါ တပည့်တော်ကိုယ်တိုင် ကြုံခဲ့တာ။

ဆရာတော်ကြီးကို တပည့်တော် သတိထားမိတာက မနက်အရုဏ်တက်ရင် စံကျောင်းပေါ်ကနကြွေကလာပြီး ချထားတဲ့ခုံလေးပေါ်မှာ ထိုင်တယ်။ နောက်ပြီး ရေစက် ချပေးတယ်။ အလှူရှင် ရှိရှိ၊ မရှိရှိ ရေစက်ချပေးတာပဲ။ ဆွမ်းစားကျောင်းက ဝေယျဝစ္စ လုပ်တဲ့သူ လေးငါးယောက်လောက် ဝိုင်းကန်တော့ပြီး ရေစက်ချလိုက်တာပဲ။ ဒါပုံမှန်ပဲ။ နေ့ဆွမ်းကြတော့လည်း နေ့ဆွမ်းကပ်တဲ့ ဒကာဒကာမတွေက ဆရာတော်ကြီးကို ကပ်တယ်။ ဘယ်က လာကပ်တာလဲ၊ ဘာလဲ၊ စတဲ့အကြောင်းအရာလေး အနည်းငယ် မေးပြီး တစ်ခါတည်း ရေစက်ချပေးလိုက်တာပဲ။ ရေစက်ချပေးပြီး အမှတ်လေးနဲ့ ဘုဉ်း ပေးတယ်။ ဆွမ်းဘုဉ်းပေးပြီးရင် စံကျောင်းပေါ် ပြန်တက်သွားတာပဲ။ ဘယ်သူနဲ့မှ စကားပြောမနေဘူး။ အလှူရှင်နဲ့လည်း စကားပြောမနေဘူး။

ဆရာတော်ကြီးရဲ့ အရပ်ဒေသက သံဃာတွေ၊ ဒကာတွေ လာလို့ရှိရင်လည်း ဘာကိစ္စလာသလဲ၊ ဘာလဲ စသဖြင့်အကျိုးအကြောင်းလေး မေးတယ်။ ပြီးရင် ‘ဒီရိပ်သာ ထဲမှာ သိတဲ့ဘုန်းကြီး ရှိသေးလား’ လို့ မေးတယ်။ ‘ရှိပါတယ်ဘုရား’လို့ လျှောက်ရင် ‘ကဲ ကဲ သူ့သွားနှုတ်ဆက်လိုက်ကြဦး’လို့ မိန့်တယ်။ ‘မရှိပါဘုရား’လို့ လျှောက်ရင် ‘ရောက်တဲ့အခါ ရိပ်သာထဲ လျှောက်ကြည့်ရင် ကြည့်လိုက်ကြဦး’လို့ မိန့်တယ်။ ဒီလို မိန့်ပြီး ပြန်လွှတ်လိုက်တာပဲ။ ပြန်သွားရင် တံခါးပိတ်ပြီး သူ့အလုပ်သူ လုပ်တာပဲ” ဟူ၍ ဆရာတော်အရှင်ဇဝန (ချမ်းမြေ့ရိပ်သာ)က ပြောကြားလေသည်။

“တစ်နှစ်မှာ ဆရာတော်ကြီးနှစ်ပါးဆုံပြီး တရားဟောဖို့ ကြုံပါတယ်။ မင်းကွန်း ဆရာတော်ကြီးက အရင်ရောက်နှင့်ပါတယ်။ ညနေကျရင် မဟာစည်ဆရာတော်ကြီး ရိပ်သာကို ရောက်ပါမယ်။ မင်းကွန်းတိပိဋကဆရာတော်ကြီးက ဘုန်းကြီးစီစဉ်ထားတဲ့ တရားဟောပလ္လင်ကြီးကိုကြည့်ပြီး ပလ္လင်တော်အမြင့်ကို သေသေချာချာတိုင်းတယ်။ ဘုန်းကြီးကိုခေါ်ပြီး မိန့်ပါတယ်။ အရှင်ဘုရားတဲ့၊ ပလ္လင်က လက်နှစ်သစ်လောက် မြင့်နေတယ်၊ ညနေကျရင် မဟာစည်ဆရာတော်ကြီး ဒီပလ္လင်မှာ တရားဟောမှာ။ မဟာစည်ဆရာတော်ကြီးက သီလကို အလွန်အလေးထားတာ။ ပလ္လင်အောက်ခြေကို ဖြတ်လို့ရရင် လက်နှစ်သစ်လောက် ဖြတ်ပါလို့ မိန့်တယ်။ မင်းကွန်းဆရာတော်ကြီးက မဟာစည်ဆရာတော်ကြီးကို အလွန်လေးစားပါတယ်။ ဘုန်းကြီးကလည်း လက်သမား တွေကို ဖြတ်ခိုင်းလိုက်ရတယ်” ဟု ကြို့ပင်ကောက် ဗောဓိသာသနာ့ရိပ်သာ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်သောနက ပြောကြားတော်မူပါတယ်။

မဟာစည်ဆရာတော်ကို တပည့်တော် မအံ့သြဘဲ မနေနိုင်တဲ့ အချက်တစ်ချက် ရှိတယ်၊ ပြောရဦးမယ်ဟု ဆရာတော်ဦးဇောတိက စကားစလာပါသည်။ “တပည့်တော်တို့ သင်္ဂါယနာတင်ရန်အတွက် စာပေကျမ်းဂန်များ စိစစ်တုန်းအချိန်ကပေါ့၊ တပည့်တော် မဟာစည်ဆရာတော်နဲ့ ရင်းရင်းနှီးနှီးကြီးမဟုတ်ပါဘူး။ သက်ဆိုင်ရာမှ တာဝန်ပေးချက် အရ မဟာစည်ဆရာတော်တို့ စာပေစိစစ်တဲ့နေရာမှာ ဘယ်စာအုပ်ယူခဲ့စမ်းပါ၊ ဘယ် စာမျက်နှာကို ဖတ်ပြစမ်းပါ၊ စသည်ဖြင့်စေခိုင်းတဲ့နေရာမှာ တာဝန်ဆောင်ရွက်ရုံမျှသာ ပါပဲ။ တရားလည်း အားမထုတ်ဖူးပါဘူး။

မဟာစည်ဆရာတော်ဘုရားကြီးဟာ သူဆုံးဖြတ်ချက်ချပြီးရင် ဘယ်သူမှ ချောက်ချားလို့မရဘူး၊ ကျမ်းဂန်ကလည်း တတ်သိနှံ့စပ်၊ ကိုယ်တိုင်ရှုမှတ်မှုကလည်း ထိထိရောက်ရောက်ရှိတော့ အားထားလောက်တဲ့ ပုဂ္ဂိုလ်ထူးပါပဲ။

အဲဒီအခါတုန်းက မင်းကိုးကွယ်တဲ့ ဆရာတော်ဖြစ်သည့်အလျောက် သမ္မတတို့၊ ဝန်ကြီးချုပ်တို့၊ ဝန်ကြီးတို့၊ အတွင်းဝန်တို့၊ မင်းကတော်အမျိုးမျိုးတို့ စသည်စသည် တကယ့် တိုင်းပြည်အထွတ်အထိပ်ပုဂ္ဂိုလ်ကြီးတွေ မကြာမကြာလာကြတာ တွေ့ရပါ တယ်။ ထိုပုဂ္ဂိုလ်ကြီးတွေ လာတဲ့အခါတိုင်းလိုလို တပည့်တော် မသိမသာ သတိထား အကဲခတ်ကြည့်မိတယ်။ မဟာစည်ဆရာတော်ဟာ အလွန်တည်ငြိမ်တာပဲ။ အနည်းငယ် မျှ အားရရွှင်လန်းတဲ့ မျက်နှာထားဖြင့် အယ်လဲဝမ်းသာဧည့်ခံတာ မတွေ့ရဘူး။ ကြည်နူး ဝမ်းသာစွာနှင့် ဧည့်ခံဖို့မဆိုထားနှင့်၊ အပိုစကားများတောင် လုံးဝမပြောဘူး။ မေးလျှောက်တာလောက်သော ပြောတယ်။ ပြန်တော့မလားဟု နှုတ်ဆက်စကားလေး တောင်မှ ပြောတာမတွေ့ရဘူး။ ဒါယကာ ဒါယိကာမများက တပည့်တော်များ ပြန်ခွင့် ပြုတော်မူပါဦးဘုရားဟု လျှောက်ထားမှ အင်းအင်း၊ ကောင်းပါပြီ။ ကောင်းပါပြီဟုဆိုပြီး သူလုပ်စရာရှိတဲ့အလုပ်သာ ဆက်လက်လုပ်ကိုင်နေတတ်ပါတယ်။ မဟာစည်ဆရာတော် ဟာ ကုလဒူသန အနေသန လာဘ်လာဘမျိုး ကင်းတော်မူတာမှ အံ့သြလောက်အောင် ပင် ကင်းတော်မူပါတယ်” ဟူ၍ ဆရာတော်ဦးဇောတိက ပြောကြားကြောင်း ဆရာတော် အရှင်ထေရဝံသထံမှ သိရှိကြည်ညိုခွင့်ရပါသည်။

မန္တလေးမြို့ မြတောင်ကျောင်းတိုက် ရွှေဝါဝင်းကျောင်းတိုက် ဆရာတော် အရှင် သာသနာဘိဝံသသည် “မဟာစည်ဆရာတော်နဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် သမာဓိနဲ့ ပတ်သက်လို့ကတော့ တော်တော် လေးစားထိုက်ပါတယ်။ ပုဒ်တစ်ပုဒ်ကိုတွေ့လို့ ပြင်မယ် ဆိုရင် သူထင်တဲ့အတိုင်း ဘယ်တော့မှ မပြင်ဘူး။ ဘုန်းကြီးတို့က ငယ်သေးပေမယ့် တိုင်ပင်တယ်။ ဒါက သဒ္ဒနီတိနဲ့ ညီတယ်၊ ဒါက မောဂ္ဂလာန်နဲ့ ညီပါတယ်ဆိုရင် လက်ခံ တယ်။ ဒါဆို နေရာကျပြီတဲ့။ ဒီလို မိန့်ပါတယ်။ သမာဓိအရှိန်အဝါက အလွန် အားကောင်းတယ်။ ဘယ်သူ့အပေါ်မှ အပြစ်ပြောလေ့မရှိဘူး။ အကောင်းဘက်က အမြဲ မြင်တတ်တယ်။ ရိပ်သာဘုန်းကြီးဖြစ်နေပေမဲ့ ဦးပဉ္စင်းတို့ တရားအားထုတ်ကြဦးလို့ တစ်ခွန်းမပြောဖူးဘူး။ မကျေနပ်တာတွေ့ရင်တော့ ခေါ်ပြီး ဆွေးနွေးတတ်တယ်။ တကယ်ဆိုရင် အဖွဲ့မှာ ဆရာတော်က ခေါင်းဆောင်ဥက္ကဋ္ဌပဲ၊ သူလုပ်ရင် အကုန်ရတာ ပဲ။ ဘုန်းကြီးတို့က အဲဒီတုန်းက လူငယ်တွေပဲ။ ခေါ်ပြီး မေးနေစရာတောင် မလိုပါဘူး။ ကရုဏာ အလွန်အားကြီးတယ်။ လူငယ်တွေအပေါ်လည်း အလွန်ငဲ့ပါတယ်” ဟူ၍ ပြောကြားတော်မူခဲ့လေသည်။

မဟာစည်ဆရာတော်ဘုရားကြီးအား ပဲနွယ်ကုန်းဆရာတော်က ပူဇော်သည်မှာ “တစ်ခါတုန်းက ဆရာတော်ကြီး ဧရာဝတီတိုင်းခရီးက ပြနကြွ်ကလာတဲ့အခါမှာ သင်္ဘော တွေက ရန်ကုန်ကို ညအချိန်မတော်ကြီး တစ်နာရီလောက် ဆိပ်ကမ်းမှာ ကပ်ပါတယ်။ ညတစ်နာရီကျော်လောက် ကျောင်းကိုရောက်တဲ့အခါကျတော့ ဒီနေ့တော့ ဆရာတော် ကြီး ခရီးပန်းလာတယ်။ မနက်လေးနာရီ ဘုရားဝတ်တက်၊ တရားထိုင်ဖို့ မကြွတော့ဘူး လို့ ထင်ရတာ။ ဒါပေမဲ့ လေးနာရီထိုးတော့ ဘုရားဝတ်တက်၊ တရားထိုင်ပါတယ်။ လွန်တော်မူသည်အထိ ကုသိုလ်ဝတ် ပျက်မသွားခဲ့ပါဘူး။ ဆိုဆုံးမရာတွင် နူးညံ့သိမ်မွေ့ လှသည့် စကားအသုံးအနှုန်းတို့ဖြင့် ဆုံးမသည့် သူတော်ကောင်းတို့ထုံးကို များစွာ ကြည်ညိုခဲ့ရပါသည်” ဟူ၍ ဖြစ်လေသည်။

ဒေါက်တာဦးသန်းနောင် (ယခု အရှင်သုနန္ဒ-မလေးရှား)က ပြန်လည်ပြောကြားရာတွင် “ဆရာတော်ဘုရားကြီးကို ဖူးမြော်တိုင်း တစ်ကြိမ်တစ်ခါမှ ကျွန်တော်၏ကိုယ်ရေး ကိုယ်တာ မိသားစုစီးပွားရေး စသည်တို့ကိုလည်းကောင်း၊ တိုင်းရေးပြည်ရေး မင်းရေး စိုးရေး စသည်တို့ကိုလည်းကောင်း၊ မေးမြန်းခြင်း အာလာပသလ္လာပစကားတို့ဖြင့် ဧည့်ခံ ပြောဆိုလောကွတ်လုပ်ခြင်း မရှိပါ။ ကျွန်တော်ရောက်လျှင် ဆရာတော်ဘုရားကြီးသည် ကျမ်းပြုနေရာမှ တစ်ချက်လှမ်းကြည့်ပြီး “ဦးသန်းနောင်လား” ဟုလျှောက်ထားရန် စကားဖွင့်ပါသည်။ ကျွန်တော် လျှောက်ထားစရာရှိသည်ကိုလျှောက်လျှင် ကျမ်းပြုရင်းက လိုအပ်သည်ကိုသာ ဖြည်းညင်းတိကျစွာ ဖြေပါသည်။ ယင်းနောက် “အင်း ကောင်းပြီ ကောင်းပြီ”ဟု မိန့်ဆို၍ ပြန်ခိုင်းခြင်းဖြစ်ရာ ကျွန်တော်ဦးချ၍ ပြန်ခဲ့ရပါသည်။

ဆရာတော်ဘုရားကြီးသည် အပြင်းအထန် အားထုတ်ဆဲယောဂီတစ်ဦးကဲ့သို့ နေ့စဉ်သွားလာလှုပ်ရှားရာ ဆွမ်းဘုဉ်းပေးရာ စသည်တို့၌ အလွန်သိမ်မွေ့ညင်သာစွာ ပြောဆိုပြုမူသည်မှာ အမှတ်သတိအမြဲရှိနေသည်ဟု ဆုံးဖြတ်နိုင်ပါသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့မှသော်လည်းကောင်း၊ ဝေယျာဝစ္စ ဝန်ဆောင်သံဃာ ယောဂီများကသော်လည်းကောင်း မနှစ်သက်မလိုလားဖွယ်ရာကိစ္စများ လာရောက် လျှောက်ထားသည်ကိုပင် စိတ်ဆိုးမာန်ဆိုး မည်သည့်အခါမျှမပြော။ ‘ဒါဆိုတော်တော် အဆင်မပြေတာပဲ’ဟူ၍သာ မှတ်ချက်ပေးပါသည်။ ဆရာတော်ဘုရားကြီး၏ မျက်နှာ တော်သည် စိတ်ဆိုးခြင်း၊ မာန်တက်ခြင်း၊ မြူးတူးရယ်မောနေခြင်း အလျှင်းမရှိ၊ အစဉ်သဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိပါသည်။ ဆရာတော်ဘုရားကြီးထံမှောက်သို့ ရောက်တိုင်း တစ်ကြိမ်တစ်ခါမျှ အလဟဿ အနားယူအပန်းဖြေနေသည့် အပြုအမူမျိုး မတွေ့ရဖူးပါ။ ဘုရားဝတ်ပြု၊ တရားထိုင်၊ စင်္ကြံလျှောက် သို့မဟုတ် စာကြည့်စားပွဲတွင် ထိုင်၍ ကျမ်းပြုနေသည်ကိုသာ မြင်ရပါသည်။

ဆရာတော်ဘုရားကြီးသည် ဗျာဓိတရားနှိပ်စက်၍ နာမကျန်းဖြစ်သည့်အခါတိုင်း မည်မျှ ဝေဒနာပြင်းထန်သည်ဖြစ်စေ၊ ညည်းညူ တွန့်လိမ် ဣန္ဒြေ ကိုယ်နှုတ်အမူအရာ ဖောက်ပြန်သည်မရှိ။ ဆရာဝန် သမားတော်ခေါ်ပေးဖို့ တစ်စုံတစ်ယောက်အား အကြောင်းကြားရန် စေခိုင်းပြောဆိုသည်ဟူ၍ တစ်ခါတစ်ရံမျှ မရှိခဲ့။ အနီးကပ်ပြုစု စောင့်ရှောက်သူများက အကဲခတ်၍ စီစဉ်ခေါ်ယူ ပြုစုကုသခဲ့ကြရသည်သာ ရှိပါသည်” ဟူ၍ မှတ်တမ်းတင် ကြည်ညိုခွင့်ရရှိပါသည်။

ကျေးဇူးရှင်ဆရာတော်ဘုရားကြီး၏ ကြည်ညိုဖွယ်ဂုဏ်ရည်များကို ဦးပွင့်ကောင်း က ပြန်လည်ပြောကြားရာတွင် “အကြောင်းအားလျော်စွာ ကိစ္စအမျိုးမျိုး၌ တွေ့ဆုံသမျှ သော တပည့်ရဟန်း, လူ, ဒါယကာ, ဒါယိကာမများအား ချီးကျူးဖွယ်ရာ ချီးမြှောက် ဖွယ်ရာ အချက်အလက်များကိုသာ ရှာဖွေ၍ ဝမ်းသာစရာ အားတက်စရာသာလျှင် မိန့်ကြားလေ့ရှိပါသည်။ အရိယာပညာရှိ သူတော်ကောင်းပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။ ပရိယတ်ပဋိပတ် စွယ်စုံကျွမ်းကျင်သောပညာရှိသူတော်ကောင်းကြီး ဖြစ်ပါသည်။ အလွန် စေတနာသဒ္ဓါတရား ကောင်းသည်။ ဝီရိယကောင်းသည်၊ အလွန်ကြိုးစားသည်၊ အလွန်ထက်မြက်ပါပေသည်။ သာသနာတွင် မရှိမဖြစ်သောပုဂ္ဂိုလ် ဖြစ်သည်။ နေရာ တကျ ဆောင်ရွက်တတ်ပေသည်။ သဒ္ဓါတရား အလွန်ကောင်းပြီး ကိစ္စတိုင်းတွင် ထက်ထက်မြက်မြက်နှင့် အောင်မြင်အောင်ဆောင်ရွက်တတ်သောပုဂ္ဂိုလ် ဖြစ်ပါပေ သည်။ ဗဟုသုတနှင့်ပြည့်စုံသော လူတော်လူကောင်းတစ်ယောက်ပါပဲဟု နည်းမျိုးစုံ ချီးမွမ်း ချီးကျူးဂုဏ်ပြုသောစကားများကိုသာ မိန့်ကြားလေ့ရှိပါသည်။

ကဲ့ရဲ့ဖွယ်ရာရှိပြီး အားမရဖွယ်ရာကိစ္စများ အပြစ်ပြောစရာကိစ္စများ တွေ့ရှိနေသော ပုဂ္ဂိုလ်များအတွက်မူ ဒီပုဂ္ဂိုလ်ကတော့ဖြင့် တယ်နေရာမကျလှဘူး၊ မတော်လှဘူး။ ဘယ်ပုဂ္ဂိုလ်ကဖြင့် ဘယ်နေရာမှာ သင့်တော်သလိုရှိပေမယ့် မည်သည့်ကိစ္စ မည်သည့် အမျိုးအစားကျတော့ နေရာမကျလှဘူး။ ပညာရှိသူတော်ကောင်းတို့အနေနှင့် ချီးကျူး မယ် မဟုတ်ပါဘူးဟုသာ အတိုချုပ် ပြောလေ့ရှိပါသည်။ အလွန်အကျူး ပြစ်တင်ရှုတ်ချ လေ့မရှိပါ။ ပြစ်တင်ဝေဖန်စရာရှိလျှင် အကျယ်ချဲ့ပြီးတော့ မိန့်ကြားလေ့မရှိပါ။

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးနှင့်တွေ့လျှင် ရေတွေ့သော ကြာပမာ လန်းရွှင်ကြည်သာပြီး စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်သွားသည်ဟုသာ အများက ပြောဆိုလေ့ရှိကြပါသည်။ မည်သို့သော အကြောင်းအရာကိစ္စများ၌မဆို ကဲ့ရဲ့ပြစ်တင် ဖွယ်ရာ စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ရလျှင်လည်း အလွန်အပြစ်ပြောခဲ၍ ‘ဒီလိုတော့ ဖြစ်တတ်တာပါပဲ’ ဆိုသော အမျက်ဖြေစကားကိုသာ ဖြေ၍ပြောလေ့ရှိသည်။

အကယ်၍ ပြောဆိုမိန့်ကြားမှသာဖြစ်မည်ဟု ဆိုသောအခါများတွင်လည်း ဒီလိုတော့ဖြင့် မလုပ်သင့်ပါဘူး၊ မပြောသင့်လှပါဘူး၊ ဒီလိုလုပ်ခြင်း, ပြောခြင်းအားဖြင့် အကျိုးသာယုတ်ဖို့ရှိတယ်လို့ ပြောလေ့ရှိပါတယ်။ တစ်ခါတစ်လေ တပည့် ရဟန်းသံဃာ များထဲမှ မသင့်တော်တာ ဝိနည်းနှင့်ဆန့်ကျင်တာ တွေ့ခဲ့လျှင်လည်း တပည့်တော်တို့ အသိုင်းအဝိုင်းမှာတော့ အရှင်ဘုရားတို့ နေလို့မတော်ဘူးဟုသာ အေးအေးချမ်းချမ်း မိန့်ကြားလေ့ရှိပါသည်။ အကယ်၍ အရှင်ဘုရားတို့ ယခုလို ကိုယ့်သဘောကျ လုပ်ချင်တယ်ဆိုရင် တခြားကြွပြီးတော့ ကိုယ်လုပ်ချင်သလို ကိုယ်ဆောင်ရွက်ချင်သလို လုပ်ပါဟု မိန့်ကြားလေ့ရှိပါသည်” ဟူ၍ ဖြစ်ပါသည်။

ဦးပွင့်ကောင်း၏ဇနီးဖြစ်သူ ဒေါ်ခင်နွဲ့ရီကမူ “သားတွေကို ရှင်ပြုတဲ့ရက်မှာ မဟာစည်ဆရာတော်ဘုရား၊ ဝေဘူဆရာတော်ဘုရားနဲ့ တောင်မြို့မဟာဂန္ဓာရုံဆရာ ဘုရားတို့ ၃-ရက်စီ ညတရားပွဲများကို ကျင်းပတယ်။ မြောင်းမြဆရာတော်ကြီးက ကျွန်မတို့မိသားစုအား အဲဒီရက်ကို ယောဂီဝတ်နဲ့ ၉-ပါးသီလဆောက်တည်ခိုင်းတယ်။

မဟာစည်ဆရာတော်ဘုရားကြီးက ဒကာကြီးအနေနဲ့ စိတ်အေးချမ်းသွားပြီ မဟုတ်လားတဲ့။ သာသနာပြုတယ်ဆိုတာ အင်မတန် ကံကောင်းလို့ပြုရတာတဲ့။ သာသနာပြုတယ်ဆိုတာ ဘုန်းလည်းရှိမှ၊ ကံလည်းရှိမှ၊ ဉာဏ်လည်းရှိမှ၊ တော်ရုံတန်ရုံ ကံနဲ့ သာသနာပြုခွင့်မရဘူးတဲ့။ စိတ်စေတနာ သဒ္ဓါတရား ကောင်းကောင်းနဲ့လုပ်ရင် အကျိုးပေးခြင်းလည်း မတူဘူးတဲ့။ အဲဒီလို လိုရင်းလောက်ပဲ ပြောသွားတယ်။

ဆရာဒကာ ဆက်ဆံရေးမှာဆိုရင်လည်း အဆင့်အတန်း မခွဲခြားဘူး။ အချို့ နိုင်ငံတော်အကြီးအကဲ လူကြီးပိုင်းတွေ ဆရာတော်ကြီးကျောင်းပေါ်တက်ပြီး ကန်တော့ တယ်။ ဆရာတော်ကြီးက ဟေ့ဒကာလေး ဘာလဲလို့ မမေးဘူး။ ဒီအတိုင်း ထိုင်နေရတယ်။ အမြင်မတော်တာနဲ့ အဖွဲ့က ဦးလှကြိုင်ရယ်၊ ဦးပွင့်ကောင်းရယ်၊ တက်သွား တယ်။ ဒီတော့လည်း ဆရာတော်ကြီးက သတိမထားဘူး။ သူ့ကိစ္စသူလုပ်နေတာပဲ။ ဆရာတော်ဘုရား ဒါဟာ ဘယ်သူဆိုတော့ ဆရာတော်ကြီးက ‘ဟင် ဘုန်းကြီးကတော့ ဘယ်သူမှမသိဘူးတဲ့။ အဖွဲ့ကလူတွေလောက်ပဲ မှတ်မိတယ်တဲ့။ လျှောက်စရာရှိလဲ လျှောက်သွားတဲ့’။ အဲဒီလို ဘယ်သူဘယ်ဝါ ကြီးတယ်၊ ငယ်တယ်မခွဲခြားဘူးလေ။ ဘာမျှ ဖက်လဲတကင်း လောကွတ်ဆိုတာ မထားဘူး။ ဆရာတော်ဘုရားကြီးက အင်မတန် တည်ငြိမ်လေးနက်တဲ့ သိက္ခာနဲ့ပဲ နေပါတယ်” ဟူ၍ ဖြစ်ပါသည်။

ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး၏ ရုပ်တုတော်နှင့် စပ်လျင်း၍ ဝက်လက်မစိုးရိမ်ဆရာတော် ဦးတိဿက “ဘုန်းကြီးအမြင်တွင် ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိတုန်း ဆရာတော်ဘုရားကြီး၏ ရုပ်တုတော်ပြုလုပ်ထားသင့်သည်၊ သက်တော်ထင်ရှားမရှိသည့်နောက်မှ ဓာတ်ပုံကိုကြည့်၍ ထုလုပ်ရလျှင် တူသင့် သလောက် တူမည်မဟုတ်၊ ဤကိစ္စကို ဆရာတော်ဘုရားကြီးအား လျှောက်ထားပြီး စောစောက ပြုလုပ်ထားမှဖြစ်မည်ဟု မြင်လာသည်။

သို့ဖြစ်၍ ‘ဆရာတော်ဘုရား- ဆရာတော်ဘုရားကြီး၏ပုံတူ ရုပ်တုတော် ရှိသင့် သည်ဟု ထင်ပါသည်ဘုရား။ ဆရာတော်ဘုရားထံမှ ခွင့်ပြုချက်ရလျှင် ပြုလုပ်လိုပါ သည်။ ဓာတ်ပုံကိုကြည့်၍ထုလုပ်လို့ တူသင့်သလောက် တူမည်မဟုတ်ပါ။ တပည့်တော် များ ဆရာတော်ဘုရားထံမှ ခွင့်ပြုချက် ရသည်နှင့်တပြိုင်နက် ရုပ်တုတော်ဖြစ်မြောက် ရေးကို အားထုတ်ကြမည် ဖြစ်ပါသည်ဘုရား’ ဤအဓိပ္ပာယ်အတိုင်းပင် ဝက်လက်မှ နေ၍ စာဖြင့်လှမ်းပြီး လျှောက်ထားလိုက်ပါသည်။

မကြာမီမှာပင် ဆရာတော်ဘုရားကြီးထံမှ စာပြန်လာ၏။ စာမှာ ‘ဓာတ်ပုံတွေ ရှိနေပြီဖြစ်လို့ ရုပ်တုလုပ်နေရန်လိုမည်မဟုတ်ပါ။ ဓာတ်ပုံရှိနေရင် ပြီးနေတာပဲ’တဲ့။ လိုရင်းအဓိပ္ပာယ်မှာ ဤသို့ပင် ပြန်စာရေးလိုက်ပါသည်။ ဤပြန်စာအရ အတင်းထိုး လျှောက်ထားရန် မသင့်သဖြင့် နောက်ထပ် မလျှောက်ထားတော့ပဲ အသာနေခဲ့ပါသည်။ သို့သော် ဤပေးစာ ပြန်စာနှင့် ပတ်သက်၍ နာယကအဖွဲ့ဝင် ဆရာတော်အချို့နှင့် တွေ့သည့်အခါ လျှောက်ထားခဲ့သည်။ နာယကအဖွဲ့အစည်းအဝေးသို့ တင်ပြလျှောက် ထားခြင်း မဟုတ်ပါ။ နာယကအဖွဲ့ဝင်ဆရာတော်များ စည်းဝေးချိန် ရောက်လာ၍ စည်းဝေးလာကြသည့်အခါ ဤကိစ္စကို သိပြီးဖြစ်နေသော ဆရာတော်တစ်ပါးက္ထ’ဆရာတော်ဘုရားကြီး၏ ရုပ်တုတော်ဖြစ်မြောက်ရေးကို တပည့်တော်တို့ နာယက အဖွဲ့က ဆုံးဖြတ်ပြီး ဆောင်ရွက်မှဖြစ်မည်၊ ဝက်လက်ဆရာတော်တစ်ပါးတည်းအနေနဲ့ လျှောက်ထားရာ၌ ဆရာတော်ဘုရားကြီးက ခွင့်မပြုဘဲ ဖြစ်နေပါသည်။ ဆရာတော် ဘုရားကြီး ရုပ်တုတော်ပြုလုပ်ကြဖို့ သင့်ပြီဖြစ်ကြောင်း အဆိုကို တပည့်တော်က တင်သွင်းသည်’ ဟု အဆိုကိုတင်သွင်းရာ ထိုအဆိုကို နာယကအဖွဲ့ ဆရာတော်တို့က သဘောတူဆုံးဖြတ်လိုက်ကြသည်။ ဤဆုံးဖြတ်ချက်ကို ဝက်လက်ဆရာတော်က ဆရာတော်ဘုရားကြီးထံ လျှောက်ထားရန် တာဝန်ပေးလိုက်ကြတော့သည်။

တာဝန်ရှိလာသည့်အလျောက် ဆရာတော်ကြီးသီတင်းသုံးရာ စံကျောင်း အပေါ်ထပ်သို့တက်ရောက်ချဉ်းကပ်ပြီးလျှင် ‘ဆရာတော်ဘုရား တပည့်တော်က မည်သို့မျှ လှုံ့ဆော်ခြင်းမပြုဘဲ နာယကဆရာတော်များအဖွဲ့က ဆရာတော်ဘုရားကြီး၏ ရုပ်တုတော်ရှိသင့်ကြောင်းကို ဆုံးဖြတ်ကြပါသည်ဘုရား’ ဤသို့ လျှောက်ထားခဲ့ရသည်။ မိမိကလျှောက်ထားသည်ကို ခွင့်မပြုခြင်းကြောင့် နာယကဆရာတော်များအား လှုံ့ဆော်ပြီး ဆရာတော်ဘုရားကြီး ဆန္ဒမရှိသည်ကို အတင်းမရ အရ တိုက်ယူသည်ဟု ထင်မည်စိုးသဖြင့် မိမိလှုံ့ဆော်သည်မဟုတ်ကြောင်းကို ထည့်သွင်း လျှောက်ထားလိုက် ခြင်းဖြစ်၏။ သည်တော့မှ ဆရာတော်ဘုရားကြီးက ‘ရုပ်တုလုပ်ရင် ဘာနဲ့လုပ်ကြမှာလဲ’ တဲ့။ ‘ကွန်ကရစ်နဲ့လုပ်ရင် ကောင်းမယ်ထင်ပါတယ်ဘုရား’လို့ လျှောက်ထားရာ ‘ကြေးနဲ့လုပ်ရင် အန္တရာယ်များတယ်မ ကောင်းဘူး’ဟု အမိန့်ရှိပါသည်။

နာယကအဖွဲ့မှ သင့်တော်မည်ထင်၍ ဆုံးဖြတ်သည့်အခါ၌ ဆရာတော်ဘုရားကြီးသည် မိမိ၏အလိုဆန္ဒကို ရုတ်သိမ်းတော်မူလျက် နာယကဆရာတော်တို့၏ အလိုဆန္ဒအတိုင်း ငြင်းပယ်ခြင်းမပြုပဲ ခွင့်ပြုတော်မူခဲ့ပါသည်” ဟူ၍ ဖြစ်လေသည်။

၁၃၃၉-ခုနှစ် တပေါင်းလပြည့်နေ့ ဆိပ်ခွန်မဟာစည်သာသနာ့ရိပ်သာ ရုပ်တု တော် ပုံတော်အခမ်းအနားဖွင့်ပွဲ၌ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးက “မူလပထမ ဘုန်းကြီးတို့ရဲ့ ရုပ်တုတော်တည်ဆောက်ဘို့ဆိုပြီးတော့ အလိုရှိတဲ့ ပုဂ္ဂိုလ်တွေက ဘုန်းကြီးထံကို လျှောက်ထားတောင်းပန်ကြပါတယ်၊ ဓာတ်ပုံလောက်ရှိရင် တော်လောက် ပါပြီ၊ ရုပ်တုတော်မလိုပါဘူးနဲ့တူပါတယ်လို့ ဘုန်းကြီးငြင်းဆိုထားခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ နောက်သားသမီး တစ်ဆက်နှစ်ဆက်လောက် ကြာလို့ရှိရင် ပေါ့ပေါ့ဆဆ ဖြစ်ချင်ဖြစ်သွားမှာပါလို့။ နောက်တော့ ထင်ရှားတဲ့ဆရာတော်ကြီးဖြစ်လို့ ရုပ်တုတော် ရှိသင့်ပါတယ်၊ နောင်လာနောက်သားတွေ အသိအမှတ်ပြုဘို့လိုပါတယ် ဆိုပြီးတော့ နာယကဆရာတော်တွေအများက သဘောတူဆုံးဖြတ်ထားတာ ဆိုပြီး လျှောက်ထားတော့ ဘုန်းကြီးကလဲ ငြင်းလို့မဖြစ်တာနဲ့ ခွင့်ပြုရပါတယ်။

အခု ဘုန်းကြီးတို့ ရုပ်တုတော်ကတော့ ကိုးကွယ်ဘို့မဟုတ်ပါဘူး၊ အသိအမှတ် ပြုဖို့လောက်ပါပဲ၊ အထိမ်းအမှတ်အနေနဲ့ တည်ထားတာကတော့ အကျိုးရှိသင့် သလောက် ရှိပါလိမ့်မယ်” ဟူ၍ဖြစ်ပါသည်။

၁၉၅၂-ခုနှစ်၊ ဖေဖော်ဝါရီလတွင် လာရောက်အားထုတ်သော ဗြိတိသျှ ဒုတိယရေတပ်ဗိုလ်ချုပ် (E. H. Shattock) ၏အမြင်ကို တင်ပြပါမည်။ “ပထမပတ် ကုန်ဆုံးခါနီး တစ်နေ့တွင် မဟာစည်ဆရာတော် ဆေးရုံမှဆင်းလာ၍ ကျွန်တော်သည် တရားအားထုတ်ရာ၌ တွေ့ရသည့် အတွေ့အကြုံတို့ကို ဆရာတော်ကြီးနှင့် တွေ့ဆုံ လျှောက်ထားခွင့်ရပါတော့သည်။ ဆရာတော်ကြီးအား ကြည့်ရသည်မှာ သိပ်နေကောင်းပုံ မပေါ်သေး၊ နွမ်းနယ်၍လည်းနေသည်။ သို့သော် ပြောစမှတ်ပြုရလောက်အောင် စိတ်ဓာတ်ကြံ့ခိုင် တည်ငြိမ်သည့်အပြင် ဉာဏ်ပညာအမြော်အမြင်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်မြတ်တစ်ပါးဖြစ်ကြောင်းကိုမူ ရုတ်ခြည်းသဘောပေါက်လိုက် ပါသည်။

ဆရာတော်ကြီးသည် အရပ်မြင့်မား၍ ကိုယ်ကာယ တောင့်တင်းသန်မာပြီးလျှင် မျက်နှာပုံသဏ္ဌာန်မှာ ထူးခြားပေါ်လွင်လှသည့်အပြင် စိတ်အားထက်သန်သည့်အသွင် ကို ဆောင်လျက်ရှိသည်။ ကြည့်ပုံရှုပုံကတော့ တမူထူးခြားစွာ စူးရှထက်မြက်၍ တွေဝေမှုကင်းသည်။ ကြင်နာမှုနှင့် တစ်ဖက်သားအား စာနာသဘောပေါက်မှုတို့ အတိုင်းမသိ ကိန်းအောင်း တည်ရှိနေသည်ဟူ၍လည်း စိတ်ထဲတွင် ခံစားလာမိပါသည်။ ဤကဲ့သို့သောပုဂ္ဂိုလ်မျိုးသည် အမှန်တရားကို ကျဉ်းကျဉ်းမြောင်းမြောင်း ဆုပ်ကိုင်ထားရှိ မည်ကား မဟုတ်ပေ။ ဆရာတော်ကြီး၏ မျက်နှာတော်သည် ယုံကြည်ချက်၊ အင်အား၊ အေးငြိမ်းမှုတို့နှင့်လည်း လွှမ်းခြုံလျက်ရှိပေသည်။ ဆရာတော်ကြီး၏ သက်တော်မည်မျှ ရှိမည်ကို ကျွန်တော်မသိပေ၊ မျက်နှာတော်ပေါ်တွင် အသားအရေများ တွန့်ရှုံ့နေခြင်း ကင်းလေသည်။ ကျွန်တော့်အတွက်မူ ဆရာတော်၏စာနာမှုနှင့် အေးငြိမ်းတည်ငြိမ်မှု တို့ကို မပျက်ပြယ်စတမ်း စွဲမှတ်နေမည်ဖြစ်သည်။ ဆရာတော်၏ သြဇာတိက္ကမသည် ကျွန်တော့်အား လွှမ်းခြုံသွားရာ၌ အဖွဲ့အစည်းတစ်ခု၏ အကြီးအကဲဟူသည့် အရှိန် အဝါက မဟုတ်ဘဲ ပုဂ္ဂိုလ်အရသာ ဖြစ်ပါသည်” ဟူသတည်း။

မိမိကိုယ်ကိုနှိမ့်ချ၍ မာနကင်းစင်တော်မူသော ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ကြီး

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

“ကထာဝတ္ထု အနုဋီကာလာ နျာသသုတ္တမှယူ၍ပြဆိုသည့် နိဂ္ဂဟဌာန၂၂-ပါးကို အလွယ်တကူ သိနားလည်နေစေလိုသော ပြင်းပြစွာဖြစ်ပေါ်ခဲ့သည့် ထိုစိတ်ဆန္ဒ၏ တိုက်တွန်းချက်အရ သင့်လျော်သော ကျမ်းတခုပြုစုရန် ကြံမိသောအခါ မိမိကိုယ်တိုင် ပြုစုခြင်းထက် အရှင်သီလာနန္ဒာဘိဝံသအားပြုစုရန် တောင်းပန်တိုက်တွန်းခြင်းက ပိုမို၍ပြည့်စုံခိုင်လုံသောအားဖြင့် အထူးပင်ကျေးဇူးများလိမ့်မည်ဟု မြော်မြင်မိ သောကြောင့် ထိုအရှင်အား ရေးသားပြုစုရန် တောင်းပန်တိုက်တွန်းခဲ့ပါသည်။

ထိုတိုက်တွန်းချက်အရအားဖြင့် အရှင်သီလာနန္ဒာဘိဝံသသည် ဝမ်းမြောက်ဝမ်းသာ စိတ်ဆန္ဒထက်သန်စွာဖြင့် သက်ဆိုင်ရာကျမ်းများမှ ဖော်ပြသင့်သောအချက် အလက်ဟူသမျှကို လိုလေသေးမရှိအောင် အပြည့်အစုံ ဖော်ပြ၍ ဤဝါကျာဝယဝ,ဝဏ္ဏနာ ကျမ်းကို ပြုစုခဲ့ပေသည်” ဟု ကျမ်းဦး၌ချီးမြှင့်တော်မူခဲ့သော အမှာစကား၌ မိမိကိုယ်ကို နှိမ့်ချ၍ မာနကင်းစင်တော်မူသော မဟာစည်ဆရာတော်ဘုရားကြီး၏ဂုဏ်ကို သိမြင်နိုင်ပါသည်။ အကြောင်းကား ထိုစဉ်အချိန်က အရှင်သီလာနန္ဒာဘိဝံသသည် သက်တော် ၄၀-ကျော်မျှရှိ၍ မဟာစည် ဆရာတော်ဘုရားကြီးအောက် ၂၃-နှစ်ခန့်ငယ်ပေသည်။

ဆရာတော်ဘုရားကြီး မန္တလေးသို့ရောက်ရှိစဉ် အရှင်သီလာနန္ဒာဘိဝံသ သီတင်းသုံးရာကျောင်းတိုက်သို့ ကြွတော်မူရန်စီစဉ်ခိုက် ဒကာဦးစိန်ဝင်း (ဝင်းလိုက်ရုပ်ရှင်)က ထိုအရှင်အား သွားရောက်ပင့်ပေးပါမည့် အကြောင်း လျှောက်ထားလာလေသည်။ ထိုအခါတွင် “စာပေနှင့်ပတ်သက်ပြီးသိလို၍ မေးမြန်းမည့်သူကသာ ဖြေကြား ပေးမည့်ပုဂ္ဂိုလ်ထံ သွားရပေမည်” ဟုမိန့်ကြားပြီး ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင်ပင် ကြွသွားတော်မူခဲ့လေသည်။

ကြီးမားသောဉာဏ်စွမ်း ထက်သန်သော လုံ့လဝီရိယတို့ဖြင့် သာသနာ့တာဝန် များကို ဆောင်ရွက်တော်မူခဲ့သော ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ကြီး

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ကြည်ညိုဖွယ်ဂုဏ်များကို ဝက်လက်မစိုးရိမ်ဆရာတော် ဦးတိဿက ဖော်ပြထားသည်မှာ “ဆရာတော်ဘုရားကြီးမှာ ဉာဏ်တော်အင်အားသာ ကြီးမားထက်မြက်တော်မူ သည်မဟုတ်၊ ဝီရိယအင်အားမှာလည်း သူမတူအောင်ကြီးမားလှလေသည်။ သာသနာ့ရိပ်သာတွင် သီတင်းသုံး နေတော်မူရာ၌ အအားမပေးဘဲ ရေးစရာရှိသောကျမ်းဂန်များကို အချိန်ရသမျှရေးသားပြုစုတော်မူသည်။ သာသနာရေးကိစ္စဖြင့် တခြားတပါးသို့ကြွရောက်ရာ၌လည်း ပြင်ဆင်စရာရှိသော စာမူများကို ယူဆောင်တော်မူ လျက် ရထားပေါ်မှာဖြစ်စေ၊ သင်္ဘောပေါ်မှာဖြစ်စေ၊ ရောက်ရာဌာန၌ဖြစ်စေ၊ အနီးသို့ဆည်းကပ်ရောက်လာ သူများ ကင်းရှင်းတိုင်း ကျမ်းဂန်များကို ကြည့်ရှုခြင်း၊ ပြင်ဆင်ခြင်းတို့ဖြင့် အချိန်ကိုအသုံးပြုတော်မူလေ့ရှိသည်။

ကြီးမားသောဉာဏ်စွမ်း ထက်သန်သော လုံ့လဝီရိယတို့ဖြင့် သာသနာ့တာဝန် များကို ဆောင်ရွက်တော်မူခဲ့သော ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ကြီး။ (၇)

ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးသည် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာရှိ “မဟာစည် မဟာသတိပဋ္ဌာန် မန်အောင် ကမ္မဋ္ဌာန်းတိုက်” သို့ ၁၃၁၈-ခုနှစ် တန်ခူးလဆန်း ၄-ရက်နေ့က ကြွရောက်တော်မူခဲ့ပါသည်။ နမ့်ခမ်းမြို့မှ တောင်ပေါ် မန်အောင်ကမ္မဋ္ဌာန်းတိုက်သို့ ဝေါတော်ဖြင့်ပင့်ဆောင် ရာတွင် ဆရာတော်ဘုရားကြီးက ခွင့်မပြုသောကြောင့် တောင်ပေါ်မြေနီလမ်းအတိုင်း ဂျစ်ကားဖြင့် ခက်ခဲ စွာပင့်ဆောင်ကြလေသည်။ ဆရာတော်ဘုရားကြီးသည် ပဋိပတ္တိသာသနာနုဂ္ဂဟအသင်း အမှုဆောင်လူကြီး များ၊ ယောဂီသူတော်စင်များနှင့် တရားနာပရိသတ်များကို သြဝါဒပေးတော်မူ၍ သတိပဋ္ဌာန်တရား ဟောကြားတော်မူခဲ့လေသည်။ ဆရာတော်ဘုရားကြီးသည် ကြွရောက်ရန်ခဲယဉ်းလှသော ဤဌာနသို့ လွန်တော်မမူမီ တစ်နှစ်အတွင်း ဒုတိယအကြိမ် ကြွရောက်တော်မူခဲ့လေသည်။ ဤဌာနတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ရုပ်တုတော်နှင့် အရိုးဓာတ်တော်စေတီကို ရိုသေလေးမြတ်စွာ ပူဇော်ထားရှိ လေသည်။

ကြီးမားသောဉာဏ်စွမ်း ထက်သန်သော လုံ့လဝီရိယတို့ဖြင့် သာသနာ့တာဝန် များကို ဆောင်ရွက်တော်မူခဲ့သော ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ကြီး။ (၆)

တစ်ချိန်တွင် သုံးခွမြို့နယ် ရွာတစ်ရွာသို့ ရိပ်သာဖွင့်ပေးရန် ကြွတော်မူရာ၌ လမ်းကလည်း လယ်ကြား အဆင်းအတက်များသည့်လမ်း၊ ဆောင်းကုန်နွေကူးရာသီ ဖုန်က အလိပ်လိုက်အလုံးလိုက် တက်သည့်လမ်း၊ စီးရသည့်ကားက ခေါင်းခန်း၌ ဘေးမှ အကာမပါ၊ ဆရာတော်ဘုရားကြီး ဘေးကိုထွက်မကျရအောင် ဘေးကနေ ကြိုးကြီးနဲ့ ချည်ပြီး ကာထားပေးရသည်၊ နောက်ကစီးသည့်ရဟန်းကလည်း ဆရာတော်ကြီး၏ပခုံး ကို နောက်ကနေဖက်ကိုင်ပြီး ထိန်းပေးထားရသည်။ မြေကြီးပေါ် အေးစေရန် သဲခင်း၊ ရေဖြန်းထားသည့် ယာယီထန်းရွက်တဲထဲတွင် သီတင်းသုံးလျက် ရိပ်သာအသစ်ဖွင့်ပေးကာ သာသနာပြုတော်မူလေသည်။ ဆရာတော်ဘုရားကြီးသည် ထိုခရီးစဉ်ကို မငြီးငြူပဲ “ဟိုကပုဂ္ဂိုလ်တွေက သဒ္ဓါတရားကောင်းလိုက်ကြတာ တရားအားထုတ်သူတွေ အများကြီး” ဟုပင် ဝမ်းမြောက်စကား မိန့်ကြားတော်မူလေသည်။

ကြီးမားသောဉာဏ်စွမ်း ထက်သန်သော လုံ့လဝီရိယတို့ဖြင့် သာသနာ့တာဝန် များကို ဆောင်ရွက်တော်မူခဲ့သော ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ကြီး။ (၅)

၁၃၄၃-ခုနှစ်၊ ကဆုန်လလောက်တွင် ကယားပြည်နယ် ရှမ်းပြည်နယ်နှင့် အထက်မြန်မာပြည်တစ်ခွင်မှ တရားဟောတရားပြ ပင့်ထားကြသဖြင့် ၂-လကြာမျှကြွရန် ခရီးစဉ်ရေးဆွဲကြရလေသည်။ နိုင်ငံခြား သာသနာပြုခရီးစဉ်လည်းရှိနေ၍ ကယားပြည်နယ်ခရီးစဉ်ကို ကိုယ်စားတစ်ပါးလွှတ်ရန် လျှောက်ထားရာ သက်တော်(၇၇)နှစ်ရှိပြီဖြစ်သည့် ဆရာတော်ဘုရားကြီးက “ဘုရားလက်ထက်က အယူဝါဒမတူဘဲ တိတ္ထိတွေ သာရှိနေတဲ့နေရာကို မြတ်စွာဘုရားကြွတာပဲ၊ ကိုယ်ညံ့ရင် သူတို့ဝါဒအတိုင်း ဟောတာ ထဲ ပါသွားမှာပေါ့လေ၊ ကိုယ်ကတော်ရင်တော့ ကိုယ့်ဝါဒအတိုင်း ကိုယ်ဟောတဲ့အထဲ သူတို့ပါလာမှာပေါ့၊ ခရီးစဉ်အတိုင်းကြွရင် ကောင်းပါတယ်”ဟု မိန့်တော်မူပြီး အစီအစဉ်ကို မဖျက်ရပါ။

ကြီးမားသောဉာဏ်စွမ်း ထက်သန်သော လုံ့လဝီရိယတို့ဖြင့် သာသနာ့တာဝန် များကို ဆောင်ရွက်တော်မူခဲ့သော ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ကြီး။ (၄)

၁၃၃၅-ခုနှစ် သီတင်းကျွတ်လဆုတ် ၅-ရက်နေ့မှစတင်၍ သာသနာပြုခရီးကြွ တော်မူစဉ် အထက်အညာဒေသ၌ မိုးအလွန်များပြီး စိုစွတ်ထိုင်းမိုင်းလျက်ရှိသည်။ ရာသီဥတု မည်မျှပင်ကြမ်းတမ်းသည်ဖြစ်စေ အကြောင်းအားလျော်စွာဖြစ်ပေါ်လာသော သာသနာရေးကိစ္စဖြစ်သည့်အလျောက် ဆရာတော်ဘုရားကြီးသည် နောက်တွန့်ဆုတ်တော်မမူဘဲ ကြွရောက်တော်မူသည်။ ဆိပ်ခွန်၌သာသနာပြုစဉ် ဆရာတော်ဘုရားကြီးသည် ပြင်းထန်သောအဖျားဝေဒနာကို ခံစားရ၍ ဆေးကုသသောဆရာဝန်များက ဆရာတော်ဘုရားကြီးအား တရားမဟောဘဲ အနားယူပါရန် လျှောက်ထားကြ၏။

ဆရာတော်ဘုရားကြီးသည်ကား သာသနာရေးနှင့်စပ်လျင်းလာပြီဆိုလျှင် ကျရာတာဝန်ကို ဇွဲလုံ့လဖြင့် မပြီးမနေ ဆောင်ရွက်တော်မူတတ်သော ပင်ကိုယ်သဘောကြောင့် မည်မျှပင်ခက်ခဲစေကာမူ ဆက်လက်၍ ဆောင်ရွက်တော်မူပါသည်။ နတ်တော် လဆန်း ၂-ရက်နေ့အထိ ရက်ပေါင်း ၄၀-ကျော်အတွင်း ဆိပ်ခွန်၊ စစ်ကိုင်း၊ ရွာသစ်ကြီး၊ မန္တလေး၊ တောင်ငူ၊ ကျွဲပွဲ၊ ဖြူး၊ ပဲနွယ်ကုန်း၊ ညောင်လေးပင်၊ ပကြွန်တန်ဆာ၊ ဒိုက်ဦး စသောမြို့များ၌ သတိပဋ္ဌာန်ဝိပဿနာတရားတော်များကို နှစ်ည၊ သုံးညစီ ခရီးစဉ် တလျှောက်လုံး ဟောကြားတော်မူခဲ့လေသည်၊ ဆရာတော်ဘုရားကြီး၏ သာသနာတော် ခရီးတလျှောက်တွင် တစ်ထောက်သောခရီးပေတည်း” ဟူ၍ဖြစ်ပါသည်။

၁၃၃၇-ခုနှစ်၊ တပေါင်းလဆုတ် ၁-ရက်နေ့တွင် ဆရာတော်ဘုရားကြီးသည် မန္တလေးမြို့မှ လေယာဉ်ဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ တရားဒေသနာဖြန့်ချိရန် ကြွတော်မူလေသည်။ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးသည် မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဟိုပင်၊ မော်လူး၊ ဘောလယ်ရွာတို့၌ သတိပဋ္ဌာန် ဝိပဿနာတရား တော်များကို ၉-ပွဲဟောကြားတော်မူခဲ့လေသည်။ တစ်မြို့မှတစ်မြို့ရောက်ရန် မီးရထား ဖြင့်တတန်၊ ဂျစ်ကားဖြင့်တတန်၊ မီးရထားသံလမ်းပြေးကားဖြင့်တတန်၊ ပင်ပန်းသည်ကို အမှုမထားပဲ သည်းခံ၍ ကြွတော်မူခဲ့လေသည်။ လဆုတ် ၉-ရက်နေ့ ညနေ ၅-နာရီတွင် မန္တလေးမြို့ စိန်ပန်း ရတနာပုံသာသနာ့ရိပ်သာသို့ ကျန်းမာစွာ ပြန်လည်ရောက်ရှိတော်မူပါသည်။ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး ကချင်ပြည်နယ်တွင် ပင်ပန်းလာသမျှ မန္တလေး၌ တစ်ညမျှ အေးချမ်းစွာ အနားယူရန် စီစဉ်ထားသော်လည်း မီးရထား တစ်ညနောက်ကျ၍ မန္တလေးတွင် နာရီပိုင်းမျှသာနားတော်မူကာ ကြိုတင်စီစဉ် ထားသည့်အတိုင်း ညောင်လေးပင်မြို့သို့ကြွရောက်ရန် ည ၈-နာရီတွင် ဘူတာသို့ဆင်း၍ ခရီး ဆက်တော်မူ လေသည်။ ညောင်လေးပင်တွင် ၂-ည၊ ပြွန်တန်ဆာတွင် ၂-ည၊ ဒိုက်ဦးတွင် ၂-ည တရားဟောကြားတော်မူပြီး တန်ခူးလဆန်း ၁-ရက်နေ့တွင် ရန်ကုန်သာသနာ့ ရိပ်သာသို့ ပြန်လည်ရောက်ရှိတော်မူပါသည်။