ကျောင်းဆောင်ဆောက်ရန်၊ မင်းကွန်းဇေတ၀န်ဆရာတော်

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဤသို့ ပဋိပတ္တိအမွေပေးအပ်တော်မူခဲ့သော “မူလမင်းကွန်းဇေတဝန်ဆရာတော် ဘုရားကြီး၏ ကျေးဇူးဂုဏ်ကား အလွန်တရာကြီးမားလှပါပေ၏” ဟူ၍ ဖော်ညွှန်းပြသ နေသော မဟာစည်ကျောင်းတော်ကို မူလမင်းကွန်းဇေတဝန်ရိပ်သာအတွင်း မိမိ အားထုတ်ခဲ့သော ကျောင်းနေရာ၌ ဆောက်လုပ်စေ၍ ၁၃၃၁-ခုနှစ် တပို့တွဲလဆန်း ၈ - ရက်နေ့တွင် မော်ကွန်းတင်လှူဒါန်းခဲ့လေသည်။

စစ်ကိုင်းတောင်ရိုး အောင်မြေဘုံစံချောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီး အရှင်ဉာနုတ္တရ

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

တောင်ပုလုဆရာတော်ဘုရားကြီးအား ဖြေကြားလျှောက်ထားခြင်း

မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၃၄-ခုနှစ် တန်ဆောင်မုန်းလဆုတ် ၃-ရက်နေ့ နံနက် ၁၀-နာရီ ၃၅-မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားသော စစ်ကိုင်းတောင်ရိုး အောင်မြေဘုံစံချောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီး အရှင်ဉာနုတ္တရ(၁၂၆၂-၁၃၃၄)၏ ပဋိပတ္တိဂုဏ်၊ ပဋိဝေဓဂုဏ်များကို ဈာပန အခမ်း အနား၌ ပရိသတ် ၁၀ဝ၀-ကျော်တို့အား ဖွင့်ဟထုတ်ဖော်၍ ဟောကြားတော်မူခဲ့ ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပဋိပတ္တိသာသနာတွင် မှတ်တမ်းတင်တော်မူခဲ့လေသည်။

“ဆရာတော်ကြီး အရှင်ဉာနုတ္တရဟာ လွန်ခဲ့တဲ့ ၂၅-နှစ်၊ ၂၆-နှစ်ခန့်က ဆိပ်ခွန် ရွာ မဟာစည်သာသနာ့ရိပ်သာမှာ အားထုတ်သွားပါတယ်။ အဲဒီသွားထုတ်သွားပြီး ကတည်းက သတိပဋ္ဌာန်ဝိပဿနာတရားကို အင်မတန် အလေးအနက် ဟောပြော တိုက်တွန်းပြီးတော့ နေပါတယ်။ ဒီဆရာတော်ကိုယ်တိုင်လည်းပဲ ဒီတရားကို လေးလေး စားစား အားထုတ်ပါတယ်။ ဟိုတုန်းကလည်း လေးလေးစားစား အားထုတ်တယ်။ နောင်လည်းပဲ လေးလေးစားစား အားထုတ်တယ်။ အင်မတန်ကို အားရစရာကောင်းပါ တယ်။

ဘယ်လောက်ထိအောင် လေးလေးစားစားအားထုတ်သလဲဆိုလို့ရှိရင် ဒီတရားနဲ့ စပ်ပြီးတော့ မယုံကြည်တဲ့ပုဂ္ဂိုလ်ရှိရင် သူက သက်သေသာဓကအဖြစ်နဲ့ သူကိုယ်တိုင်ပဲ ရှုမှတ်ပြီးတော့ သူရောက်ထားတဲ့တရားရောက်အောင် လက်တွေ့ပြမယ်ဆိုတဲ့ အဲဒီ ရဲရင့်တဲ့စိတ် ရှိပါတယ်။ နိုင်ငံခြားက ပဋိပတ်နဲ့စပ်ပြီးတော့ မေးမြန်းကြတဲ့အခါကာလ တွေမှာ သူက ဒီအတိုင်းပဲ ရဲရဲတင်းတင်းဝန်ခံပြီးတော့ ဟောပြောပါတယ်။ သီဟိုဠ်က ဆရာတော်တွေ စုံစမ်းမေးမြန်းတဲ့ အခါကာလကြတော့ သူက ဒီလိုပဲပြောပါတယ်။ သူ ရှုမှတ်ပြီးပြမယ်။ အရှင်ဘုရားတို့ လက်တွေ့မြင်ချင် တွေ့ချင်လို့ရှိရင် ရှုမှတ်ပြမယ် ဆိုပြီးတော့ သမာဓိဖြစ်နေပုံ၊ သမာဓိရောက်နေတဲ့ အခါကာလကြတော့ ရုပ်နာမ်သင်္ခါရတွေ ချုပ်ငြိမ်းတဲ့သဘောတရားဆိုတာ ရောက်ပြီးတော့နေပါတယ်။ အဲဒီလို ရောက်ပြီးတော့ နေပုံတွေကို လက်တွေ့ပြနိုင်လောက်အောင် သူ့မှာ လေ့လာထားတဲ့ ပရိစယ (အလေ့ အကျင့်) လည်းရှိပါတယ်။ ဝေသာရဇ္ဇပတ္တော ဆိုတဲ့အတိုင်း ရဲရင့်ခြင်းသို့လည်း ရောက်ပြီးတော့နေပါတယ်။

ဒီဆရာတော်က ဘုန်းကြီးတို့ရဲ့ သတိပဋ္ဌာန် ဘာဝနာလုပ်ငန်းမှာ ကျင့်ဖော် ကျင့်ဖက် သဗြဟ္မစာရီ၊ သီတင်းသုံးဖော် ဆရာတော်ကြီးတစ်ပါးပဲ။ အဲဒီဆရာတော်ကြီး လွန်တော်မူသွားတော့ ပဋိပတ်ဘက်ကနေပြီး အနည်းငယ်တော့ ယုတ်လျော့သွားလိမ့် မယ်လို့ ဘုန်းကြီးတို့ ဒီလိုစဉ်းစားမိပါတယ်။

အခု ဒီဆရာတော်မှာတော့ တရားလည်းအားထုတ်ပြီးတော့ထားတဲ့အတွက် ဘဝအသစ်ဖြစ်မယ်ဆိုလည်းပဲ များများတော့ဖြစ်စရာမရှိဘူးလို့ ဘုန်းကြီးတို့က ယုံကြည်ပါတယ်။ တရားထူးတွေပြည့်စုံနေပြီဆိုတာ သူ့ဟာသူလည်းပဲ ယုံကြည်မှုရှိပါတယ်။ ဘုန်းကြီးတို့ကလည်း ယုံကြည်ပါတယ်။ ရောဂါဝေဒနာဖြစ်ပြီး အခုနောက်ဆုံးအချိန် ကျတော့လည်း တရားနှလုံးသွင်းနေပါတယ်။ ဒီဝေဒနာတွေကို နိုင်နင်းအောင် ရှုနိုင်လို့ပဲ သည်းခံနိုင်တဲ့ ခံနိုင်ရည်သတ္တိရှိပြီးတော့ နေတာပဲဆိုတာ ဘုန်းကြီးတို့က ဒီလိုဆုံးဖြတ် ပါတယ်။ အဲဒီတရားတွေ နှလုံးသွင်းရင်းနဲ့ မရဏာသန္နအချိန်မှာ တရားတွေတိုးတက် တတ်ပါတယ်။ အရဟတ္တဖိုလ်ထိသော်လည်း ရောက်ပြီးသွားနိုင်ပါတယ်။ ဒီဆရာတော် လည်းပဲ ဘယ်ထိအောင်ရောက်သွားတယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။ တရားထူးတွေ တိုးတက်သွားလို့ ကိလေသာတွေကင်းတဲ့ အဆင့်အတန်းများ ရောက်သွားမယ်ဆိုရင် ဖြင့် ဘဝအသစ်ဖြစ်ဖို့ မရှိတော့ဘူးလို့ဆိုရမှာပဲ” ဟူ၍ အရှင်ဉာနုတ္တရဆရာတော်ကြီး ၏ ပဋိပတ္တိဂုဏ်၊ ပဋိဝေဓဂုဏ်များကို ဦးစွာပထမ ထုတ်ဖော်ပြောကြားပြီးမှ ဘာရ သုတ္တန် တရားတော်ကြီးကို ဟောကြား၍ ရေစက်ချတော်မူခဲ့လေသည်။