ဒုလ္လဘရဟန်းသစ်များအတွက်အထွေထွေသြဝါဒကထာ

Author By - မဟာစည်ဆရာတော်ဘုရားကြီး

ရဟန်းကောင်းတို့ လိုက်နာကျင့်သုံးရမည့် ဝိနည်းအသွယ်သွယ်များ

ဒုလ္လဘရဟန်းသစ်များအတွက်အထွေထွေသြဝါဒကထာ

Published Date - 1974

Author By - မဟာစည်ဆရာတော်ဘုရားကြီး

34 စာမျက်နှာ


(ဃ) သင့်လွယ်သော ပါစိတ်အာပတ်များ

 

၁။    လိမ်ပြောလျှင် ပါစိတ်အာပတ်သင့်၏။

၂။     ဆဲရေးလျှင် ပါစိတ်အာပတ်သင့်၏။

၃။    ရဟန်းအချင်းချင်းကွဲပြားအောင် ကုန်းတိုက်လျှင် ပါစိတ်အာပတ်သင့်၏။

၄။    တစ်မိုးတစ်ရံတည်းသော ကျောင်း၊ အိမ်၌ လူ၊ သာမဏေတို့နှင့်အတူ သုံးညဉ့်ထက် အလွန်အိပ်လျှင် ပါစိတ်အာပတ်သင့်၏။

၅။    တစ်မိုးတစ်ရံတည်းသော ကျောင်း၊ အိမ်၌ မာတုဂါမနှင့်အတူ ညအချိန်အိပ်နေလျှင် တစ်ညဉ့်ပင်ဖြစ်သော်လည်း ပါစိတ် အာပတ်သင့်၏။

၆။    သိနားလည်သော ယောကျာ်းအဖော်မရှိဘဲ မာတုဂါမအား ၆-ပုဒ်ထက်အလွန် တရားဟောလျှင် ပါစိတ်အာပတ်သင့်၏။

၇။    မိမိရထားသော တရားထူးကို လူ၊ သာမဏေတို့အားပြောလျှင် ပါစိတ်အာပတ်သင့်၏။

၈။    အခြားရဟန်း၏ သံဃာဒိသိသ်အာပတ်ကို လူ၊ သာမဏေအားပြောလျှင် ပါစိတ်အာပတ်သင့်၏။

၉။    မြေကြီးကို တူးဆွလျှင် ပါစိတ်အာပတ်သင့်၏။

၁၀။    သစ်ပင်ကို ချိုးဖဲ့ဖျက်ဆီးလျှင် ပါစိတ်အာပတ်သင့်၏။

၁၁။    သိက္ခာပုဒ်ဖြင့် အမေးခံရသောအခါ တလွဲကိုပြောလျှင်၊ မဖြေဘဲနေလျှင် ပါစိတ်အာပတ်သင့်၏။

၁၂။    သမ္မုတိရ သံဃာ့ဝန်ဆောင်ရဟန်းကို ကဲ့ရဲ့လျှင် ပါစိတ်အာပတ်သင့်၏။

၁၃။    သံဃိကနေရာများကို မသိမ်းဆည်းမပန်ကြားဘဲ တခြားသို့သွားလျှင် ပါစိတ်အာပတ်သင့်၏။

၁၄။     ပိုးရှိသောရေကို သောက်သုံးလျှင်၊ သွန်ပစ်လျှင် ပါစိတ်အာပတ်သင့်၏။

၁၅။    ဂိုဏ်း ဘောဇဉ်ကိုစားလျှင်၊ နောက်မှပင့်သော ဘောဇဉ်ကိုစားလျှင် ပါစိတ်အာပတ်သင့်၏။

၁၆။    ဆွမ်းစားစဉ် တန်ပြီဟုဆိုပြီးဖြစ်ပါလျက် အတိရိက်ဝိနည်းကံမြုပဘဲ ထပ်၍စားလျှင် ပါစိတ်အာပတ် သင့်၏။

၁၇။    မွန်းလွဲသောအခါ ခဲဖွယ်ဘောဇဉ်ကိုစားလျှင် ပါစိတ်အာပတ်သင့်၏။

၁၈။    ယခင်နေ့က အကပ်ခံထားသော ခဲဖွယ်ဘောဇဉ်ကိုစားလျှင် ပါစိတ်အာပတ်သင့်၏။

၁၉။    ထောပတ်ဆွမ်းစသည်တို့ကို မနာမဖျားဘဲတောင်းစားလျှင် ပါစိတ်အာပတ်သင့်၏။

၂၀။    အကပ်မခံဘဲ စားသောက်လျှင် ပါစိတ်အာပတ်သင့်၏။